အသက်(၂၀)ကျော်အရွယ်က ပထမဆုံးအကယ်ဒမီရယူခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တလက်လက်တောက်ပနေတဲ့ အလှတရားများ…

အသက်(၂၀)ကျော်အရွယ်က ပထမဆုံးအကယ်ဒမီရယူခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တလက်လက်တောက်ပနေတဲ့ အလှတရားများ…

လက်ရှိမှာအသက်(၄၀)ကျော်အရွယ်ရှိနေပြီဖြစ်တဲ့ဝါရင့်သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့အသက်(၂၀)ကျော်ဝန်းကျင်အရွယ်ကပုံရိပ်တွေဟာလူမှုကွန်ယက်မှာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အနုပညာရှင်အဖြစ်နဲ့နှစ်ပေါင်းများစွာလုပ်ကိုင်လာခဲ့ပြီးလက်ရှိမှာလည်းအမှန်တရားတစ်ခုအတွက်ရဲရဲရင့်ရင့်နဲ့ရင်ဆိုင်ရင်းအကျဉ်းကျခံနေရတာမို့သူမရဲ့ပရိသတ်တွေကသူမအတွက်အရမ်းကိုဂုဏ်ယူနေခဲ့ပါတယ်။

အကယ်ဒမီနှစ်ဆုထိထူးထူးချွန်ချွန်ဆွတ်ခူးနိုင်ခဲ့တဲ့မင်းသမီးဟာ သရုပ်ဆောင်ကောင်းရုံတင်မကဘဲရပ်တည်ချက်ပြတ်သားတဲ့အာဂမင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။

အသက်အရွယ်ရလာလေပိုလှလာလေဖြစ်တဲ့သူမရဲ့နုပျိုမှုကတော့ အံ့မခန်းပါပဲ။အသက်(၄၀)ကျော်အရွယ်ဟာအသက်(၂၀)ကျော်အရွယ်နဲ့ထူးမခြားနားလှနေဖို့ဆိုတာအတော်လေးမလွယ်ပါဘူး။

ငယ်ရွယ်စဉ်မှာGymကစားခဲ့ပေမယ့်လက်ရှိအသက်အရွယ်မှာတော့သူမကယောဂလေ့ကျင့်ခန်းကိုစနစ်တကျလေ့ကျင့်ရင်းကျန်းမာကောင်းမွန်တဲ့ခန္ဓာကိုယ်ရနိုင်ဖို့ကြိုးစားနေခဲ့ပါတယ်။

အကျဉ်းကျခံနေစဉ်မှာလည်းဘုရားတရားလုပ်ပြီးအေးအေးဆေးဆေးနေထိုင်နေကြောင်းကနဦးသတင်းတွေအရသိရပါတယ်။

သူမရဲ့ပရိသတ်တွေကလည်းသူမနဲ့ခင်ပွန်းဖြစ်သူပြေတီးဦးတို့နှစ်ယောက်လုံးအမြန်ဆုံးလွတ်မြောက်စေဖို့ဆုတောင်းစကားတွေပြောခဲ့ကြပါတယ်။

ပရိသတ်တွေချစ်တဲ့မင်းသမီးအဖြစ်နဲ့ရပ်တည်လာခဲ့ပြီးလက်ရှိအချိန်ထိလည်းသူမရဲ့ရပ်တည်ချက်ကိုလုံးဝမပြောင်းလဲဘဲသိက္ခာရှိရှိအကျဉ်းကျခံနေတဲ့အာဂအမျိုးသမီးမို့ပရိသတ်တွေကပိုပြီးအချစ်တိုးတဲ့အကြောင်းမှတ်ချက်တွေပေးခဲ့ကြပါတယ်။

သူမရဲ့ပထမဆုံးအကယ်ဒမီဆုကို(၂၀၀၄)ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး ကြိုးစားမှုရဲ့ရလာဒ်အတွက်ပီတိဖြစ်နေတဲ့အူဝဲရဲ့ပုံရိပ်တွေကိုပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)

အသက္(၂၀)ေက်ာ္အ႐ြယ္က ပထမဆုံးအကယ္ဒမီရယူခဲ့တဲ့ အိျႏၵာေက်ာ္ဇင္ရဲ႕ တလက္လက္ေတာက္ပေနတဲ့ အလွတရားမ်ား…

လက္ရွိမွာအသက္(၄၀)ေက်ာ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ဝါရင့္သ႐ုပ္ေဆာင္အိျႏၵာေက်ာ္ဇင္ရဲ႕အသက္(၂၀)ေက်ာ္ဝန္းက်င္အ႐ြယ္ကပုံရိပ္ေတြဟာလူမႈကြန္ယက္မွာျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

အႏုပညာရွင္အျဖစ္နဲ႔ႏွစ္ေပါင္းမ်ားစြာလုပ္ကိုင္လာခဲ့ၿပီးလက္ရွိမွာလည္းအမွန္တရားတစ္ခုအတြက္ရဲရဲရင့္ရင့္နဲ႔ရင္ဆိုင္ရင္းအက်ဥ္းက်ခံေနရတာမို႔သူမရဲ႕ပရိသတ္ေတြကသူမအတြက္အရမ္းကိုဂုဏ္ယူေနခဲ့ပါတယ္။

အကယ္ဒမီႏွစ္ဆုထိထူးထူးခြၽန္ခြၽန္ဆြတ္ခူးႏိုင္ခဲ့တဲ့မင္းသမီးဟာ သ႐ုပ္ေဆာင္ေကာင္း႐ုံတင္မကဘဲရပ္တည္ခ်က္ျပတ္သားတဲ့အာဂမင္းသမီးတစ္ေယာက္လည္းျဖစ္ပါတယ္။

အသက္အ႐ြယ္ရလာေလပိုလွလာေလျဖစ္တဲ့သူမရဲ႕ႏုပ်ိဳမႈကေတာ့ အံ့မခန္းပါပဲ။အသက္(၄၀)ေက်ာ္အ႐ြယ္ဟာအသက္(၂၀)ေက်ာ္အ႐ြယ္နဲ႔ထူးမျခားနားလွေနဖို႔ဆိုတာအေတာ္ေလးမလြယ္ပါဘူး။

ငယ္႐ြယ္စဥ္မွာGymကစားခဲ့ေပမယ့္လက္ရွိအသက္အ႐ြယ္မွာေတာ့သူမကေယာဂေလ့က်င့္ခန္းကိုစနစ္တက်ေလ့က်င့္ရင္းက်န္းမာေကာင္းမြန္တဲ့ခႏၶာကိုယ္ရႏိုင္ဖို႔ႀကိဳးစားေနခဲ့ပါတယ္။

အက်ဥ္းက်ခံေနစဥ္မွာလည္းဘုရားတရားလုပ္ၿပီးေအးေအးေဆးေဆးေနထိုင္ေနေၾကာင္းကနဦးသတင္းေတြအရသိရပါတယ္။

သူမရဲ႕ပရိသတ္ေတြကလည္းသူမနဲ႔ခင္ပြန္းျဖစ္သူေျပတီးဦးတို႔ႏွစ္ေယာက္လုံးအျမန္ဆုံးလြတ္ေျမာက္ေစဖို႔ဆုေတာင္းစကားေတြေျပာခဲ့ၾကပါတယ္။

ပရိသတ္ေတြခ်စ္တဲ့မင္းသမီးအျဖစ္နဲ႔ရပ္တည္လာခဲ့ၿပီးလက္ရွိအခ်ိန္ထိလည္းသူမရဲ႕ရပ္တည္ခ်က္ကိုလုံးဝမေျပာင္းလဲဘဲသိကၡာရွိရွိအက်ဥ္းက်ခံေနတဲ့အာဂအမ်ိဳးသမီးမို႔ပရိသတ္ေတြကပိုၿပီးအခ်စ္တိုးတဲ့အေၾကာင္းမွတ္ခ်က္ေတြေပးခဲ့ၾကပါတယ္။

သူမရဲ႕ပထမဆုံးအကယ္ဒမီဆုကို(၂၀၀၄)ခုႏွစ္မွာဆြတ္ခူးႏိုင္ခဲ့ၿပီး ႀကိဳးစားမႈရဲ႕ရလာဒ္အတြက္ပီတိျဖစ္ေနတဲ့အူဝဲရဲ႕ပုံရိပ္ေတြကိုပရိသတ္ႀကီးအတြက္တင္ဆက္ေပးလိုက္ပါတယ္။

Crd-Original Post