သခင်က အိမ်နီးချင်းတွေအတွက် ၎င်းတို့ပစ္စည်းကိုပြန်လာရွေးယူနိုင်ဖို့ ဆိုင်းဘုတ်တပ်ကြေငြာရတဲ့အထိ အခိုးကျွမ်းတဲ့ ကြောင်လေး

အမေရိကန် Oregon ပြည်နယ်ရှိ Beaverton မြို့မှာ နာမည်ဆိုးနှင့်ကျော်ကြားတဲ့ကြောင်သူခိုးတစ်ကောင်ရှိပြီး သူမရဲ့နာမည်မှာ Esme ဖြစ်ပါတယ်။ Esme ဟာ အိမ်နီးချင်းများရဲ့ကားဂိုဒေါင်များထဲမှ လက်အိတ်နှင့် မျက်နှာဖုံးကဲ့သို့သောသေးငယ်တဲ့ပစ္စည်းတွေကိုခိုးယူတတ်ပြီး

လက်ဆောင်ပစ္စည်းအဖြစ် Kate Felmet အမည်ရှိသူမရဲ့သခင်အတွက် အိမ်သို့ယူဆောင်လာပေးလေ့ရှိပါတယ်။

သခင်ဖြစ်သူ Felmet ဟာ Esme ရဲ့ရည်ရွယ်ချက်ကိုတန်ဖိုးထားပေမဲ့ ခိုးယူနေတာကမကောင်းမှန်းသိတာကြောင့် Felmet ဟာ သူမရဲ့ကြောင်လေး Esme က အိမ်နီးချင်းတွေထံမှပစ္စည်းများလိုက်ခိုးနေတဲ့သူခိုးအဖြစ်ဖော်ထုတ်ပြသရန်ဆုံးဖြတ်လိုက်ပြီး Esme ခိုးလာတဲ့ပစ္စည်းများကို

လမ်းဘေးတစ်နေရာမှာ ကြိုးတန်းဖြင့်ချိတ်ဆွဲကာ ပျောက်ဆုံးနေတဲ့၎င်းတို့ရဲ့ပစ္စည်းများအားပြန်လာယူဖို့အတွက် အိမ်နီးချင်းများကိုလည်းဖိတ်ခေါ်စာပြထားခဲ့ပါတယ်။သခင်ဖြစ်သူ Felmet က သူမအိမ်ရဲ့ မျက်နှာချင်းဆိုင်လမ်းဘေးတစ်နေရာရှိမြက်ခင်းစိမ်းပေါ်မှာ ဆိုင်းဘုတ်ထောင်ကာ ၎င်းပေါ်မှာ “ ကျွန်မကြောင်က သူခိုးပါ ၊

ဒီပစ္စည်းတွေထဲမှ သင့်ပစ္စည်းပါနေခဲ့ရင် ကျေးဇူးပြု၍ ပြန်လာရွေးပေးကြပါ ” ဆိုပြီး Esme လေးရဲ့ပါးစပ်ဖြင့်လက်အိတ်ကိုက်နေတဲ့ ပုံတူဖြင့်လည်း သရုပ်ဖော်ပြထားခဲ့ပါတယ်။

Felmet က ထောင်ထားတဲ့ဆိုင်းဘုတ်ဘေးရှိ ဝါယာကြိုးအ၀တ်လှန်းတန်းပေါ်မှာ Esme ခိုးထားတဲ့ပစ္စည်းများအားလုံးကိုချိတ်ဆွဲထားပေမဲ့ အများအားဖြင့် ၎င်းပစ္စည်းတွေဟာ ရာဘာဥယျာဉ်ခြံလက်အိတ်များသာဖြစ်ပါတယ်။ယခုအချိန်ထိ လူအနည်းစုက ၎င်းတို့ရဲ့ပစ္စည်းများကိုရှာဖွေရန်လာခဲ့ကြပေမဲ့လည်း

အချို့မှာတော့ ပျောက်သွားတဲ့၎င်းတို့ရဲ့ပစ္စည်းများကိုပြန်ရှာမတွေ့သေးပါဘူး။ သခင်ဖြစ်သူ Felmet က သူမရဲ့ကြောင်လေးရဲ့လုပ်ရပ်ကိုလူသိရှင်ကြားထုတ်ဖော်ခဲ့ပေမဲ့လည်း ဗီဒီယိုထဲရှိ Esme လေးကတော့ နောင်တရစရာမရှိပုံရပါတယ်။

Esme ဟာ သူမ ခိုးယူလာတဲ့ပစ္စည်းဖြင့်အိမ်ပြန်လာတဲ့ချိန်တိုင်း Felmet က သူမအားကောင်းကောင်းလုပ်ခဲ့တယ်လို့ပြောမပြမချင်း သူမရဲ့အနားမှာတစ်ဝဲလည်လည်နဲ့ အော်နေတတ်ကြောင်းလည်းပြောကြားခဲ့ပါသေးတယ်။

၎င်းဓာတ်ပုံတွေပျံ့နှံ့သွားခဲ့ပြီးနောက် အင်တာနက်သုံးစွဲသူအချို့က ၎င်းရဲ့အချစ်တော်ကြောင်လေးတွေကြောင့် အလားတူဖြစ်ရပ်မျိုးကို မကြာခဏကြုံတွေ့ဖူးတဲ့အကြောင်းကို အချင်းချင်းမျှဝေပေးခဲ့ကြပါတယ်။

Mia (KB Chimmy One)

(ZAWGYI)

သခင္က အိမ္နီးခ်င္းေတြအတြက္ ၎တို႔ပစၥည္းကိုျပန္လာေ႐ြးယူႏိုင္ဖို႔ ဆိုင္းဘုတ္တပ္ေၾကျငာရတဲ့အထိ အခိုးကြၽမ္းတဲ့ ေၾကာင္ေလး

အေမရိကန္ Oregon ျပည္နယ္ရွိ Beaverton ၿမိဳ႕မွာ နာမည္ဆိုးႏွင့္ေက်ာ္ၾကားတဲ့ေၾကာင္သူခိုးတစ္ေကာင္ရွိၿပီး သူမရဲ႕နာမည္မွာ Esme ျဖစ္ပါတယ္။ Esme ဟာ အိမ္နီးခ်င္းမ်ားရဲ႕ကားဂိုေဒါင္မ်ားထဲမွ လက္အိတ္ႏွင့္ မ်က္ႏွာဖုံးကဲ့သို႔ေသာေသးငယ္တဲ့ပစၥည္းေတြကိုခိုးယူတတ္ၿပီး လက္ေဆာင္ပစၥည္းအျဖစ္ Kate Felmet အမည္ရွိသူမရဲ႕သခင္အတြက္

အိမ္သို႔ယူေဆာင္လာေပးေလ့ရွိပါတယ္။

သခင္ျဖစ္သူ Felmet ဟာ Esme ရဲ႕ရည္႐ြယ္ခ်က္ကိုတန္ဖိုးထားေပမဲ့ ခိုးယူေနတာကမေကာင္းမွန္းသိတာေၾကာင့္ Felmet ဟာ သူမရဲ႕ေၾကာင္ေလး Esme က အိမ္နီးခ်င္းေတြထံမွပစၥည္းမ်ားလိုက္ခိုးေနတဲ့သူခိုးအျဖစ္ေဖာ္ထုတ္ျပသရန္ဆုံးျဖတ္လိုက္ၿပီး Esme ခိုးလာတဲ့ပစၥည္းမ်ားကိုလမ္းေဘးတစ္ေနရာမွာ ႀကိဳးတန္းျဖင့္ခ်ိတ္ဆြဲကာ

ေပ်ာက္ဆုံးေနတဲ့၎တို႔ရဲ႕ပစၥည္းမ်ားအားျပန္လာယူဖို႔အတြက္ အိမ္နီးခ်င္းမ်ားကိုလည္းဖိတ္ေခၚစာျပထားခဲ့ပါတယ္။သခင္ျဖစ္သူ Felmet က သူမအိမ္ရဲ႕ မ်က္ႏွာခ်င္းဆိုင္လမ္းေဘးတစ္ေနရာရွိျမက္ခင္းစိမ္းေပၚမွာ ဆိုင္းဘုတ္ေထာင္ကာ ၎ေပၚမွာ “ ကြၽန္မေၾကာင္က သူခိုးပါ ၊ ဒီပစၥည္းေတြထဲမွ သင့္ပစၥည္းပါေနခဲ့ရင္ ေက်းဇူးျပဳ၍

ျပန္လာေ႐ြးေပးၾကပါ ” ဆိုၿပီး Esme ေလးရဲ႕ပါးစပ္ျဖင့္လက္အိတ္ကိုက္ေနတဲ့ ပုံတူျဖင့္လည္း သ႐ုပ္ေဖာ္ျပထားခဲ့ပါတယ္။Felmet က ေထာင္ထားတဲ့ဆိုင္းဘုတ္ေဘးရွိ ဝါယာႀကိဳးအ၀တ္လွန္းတန္းေပၚမွာ Esme ခိုးထားတဲ့ပစၥည္းမ်ားအားလုံးကိုခ်ိတ္ဆြဲထားေပမဲ့ အမ်ားအားျဖင့္ ၎ပစၥည္းေတြဟာ ရာဘာဥယ်ာဥ္ၿခံလက္အိတ္မ်ားသာျဖစ္ပါတယ္။

ယခုအခ်ိန္ထိ လူအနည္းစုက ၎တို႔ရဲ႕ပစၥည္းမ်ားကိုရွာေဖြရန္လာခဲ့ၾကေပမဲ့လည္း အခ်ိဳ႕မွာေတာ့ ေပ်ာက္သြားတဲ့၎တို႔ရဲ႕ပစၥည္းမ်ားကိုျပန္ရွာမေတြ႕ေသးပါဘူး။ သခင္ျဖစ္သူ Felmet က သူမရဲ႕ေၾကာင္ေလးရဲ႕လုပ္ရပ္ကိုလူသိရွင္ၾကားထုတ္ေဖာ္ခဲ့ေပမဲ့လည္း ဗီဒီယိုထဲရွိ Esme ေလးကေတာ့ ေနာင္တရစရာမရွိပုံရပါတယ္။

Esme ဟာ သူမ ခိုးယူလာတဲ့ပစၥည္းျဖင့္အိမ္ျပန္လာတဲ့ခ်ိန္တိုင္း Felmet က သူမအားေကာင္းေကာင္းလုပ္ခဲ့တယ္လို႔ေျပာမျပမခ်င္း သူမရဲ႕အနားမွာတစ္ဝဲလည္လည္နဲ႔ ေအာ္ေနတတ္ေၾကာင္းလည္းေျပာၾကားခဲ့ပါေသးတယ္။

၎ဓာတ္ပုံေတြပ်ံ႕ႏွံ႔သြားခဲ့ၿပီးေနာက္ အင္တာနက္သုံးစြဲသူအခ်ိဳ႕က ၎ရဲ႕အခ်စ္ေတာ္ေၾကာင္ေလးေတြေၾကာင့္ အလားတူျဖစ္ရပ္မ်ိဳးကို မၾကာခဏႀကဳံေတြ႕ဖူးတဲ့အေၾကာင္းကို အခ်င္းခ်င္းမွ်ေဝေပးခဲ့ၾကပါတယ္။

Mia (KB Chimmy One)

Reference :