ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်ကဆရာလေးတွေအတွက် စားသောက်ကုန်နဲ့ အလှူငွေတွေလှူဒါန်းပေးခဲ့တဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီချောလေး ဆောင်းယွန်းစံကတော့ မနေ့က စက်တင်ဘာလ (၂၉)ရက်နေ့က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူပြုလုပ်ခဲ့တဲ့ အလှူလေးတစ်ခုကို မျှဝေဖော်ပြလာခဲ့ပါတယ်။

အလှူလေးကို ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ကြစေဖို့ ရည်ရွယ်ပြီး ဆောင်းယွန်းစံက မျှဝေထားခဲ့တာပါ။

အလှူလေးကတော့ ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ကုန်းတလပေါင်း စံပြကျေးရွာ၊ချမ်းမြေ့ဂုဏ်ရည် သီလရှင်စာသင်တိုက်တွင် သီတင်းသုံးတော်မူနေကြသော သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ဆရာလေးများအား

ဆွမ်းဆန်တော်၊ဆီ၊ပဲ၊ကြက်သွန်၊အာလူး၊ငါးပိ၊ငါးခြောက်၊ဆပ်ပြာ၊ဟင်းခတ်မှုန့်၊ငံပြာရည်၊ဟင်းသီးဟင်းရွက်၊အသီးအနှံများနှင့် အလှူငွေတို့ကို လှူဒါန်းခဲ့ကြတဲ့ အလှူလေးပဲဖြစ်ပါတယ်။

ဆောင်းယွန်းစံကတော့ ပရိသတ်တွေ ဒီအလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ မျှဝေထားခဲ့တာဖြစ်ပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးတွေကလည်း အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Saung Yoon San – ဆောင်းယွန်းစံ

(ZAWGYI)





