တန်ဖိုးရှိလွန်းတဲ့ လူငယ်လေးတွေ ဒီ့ထက်ပိုပြီး အသက် မ ဆုံးရှုံးဖို့ ပြည်သူတွေ လုပ်ပေးနိုင်တဲ့ အရာတစ်ခုကို ထောက်ပြလိုက်တဲ့ ဟန်နာယူရီ

မနေ့က ဖြစ်ပွားခဲ့တဲ့ လူငယ်လေး (၅) ဦး တိုက်ပေါ်ကနေ ခုန်ချသွားသော ဖြစ်ရပ်ကြောင့် ပြည်သူတွေ အားလုံး ယူကြုံးမရ ဝမ်းနည်းခံ စား နေ ကြရ တာ ဖြစ်ပါတယ်။ လူငယ်လေးတွေဟာ သူတို့ရဲ့အနာဂတ်တွေကို စွန့်လွှတ်အနစ်နာခံပြီး လွတ်မြောက်ရာလမ်း ကို ရွေးချယ် သွား ခဲ့ကြတာ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကမော်ဒယ်

ဟန်နာယူရီရဲ့လူမှုကွန်ယက်တွင် တန်ဖိုးရှိလွန်းတဲ့ လူငယ်လေးတွေ ဒီ့ထက်ပိုပြီး အသက်မဆုံးရှုံးဖို့ ပြည်သူတွေ လုပ်ပေးနိုင်တဲ့ အရာတစ်ခုကို ထောက်ပြရေးသားလာတာ ဖြစ်ပါတယ်။

ဒါကတော့ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တွေကို ဆောင်ရွက်နေသူတိုင်းကို အလှူငွေထည့်ဝင်ပြီး တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ခံစားမိတိုင်းနဲ့ ယူကြုံးမရဖြစ်တဲ့အချိန်တိုင်း လှူပေးကြဖို့ ရေးသား ထား တ ဖြစ် ပါတယ်။

လူသိမခံနိုင်တဲ့ ပုဂ္ဂိုလ်များကလည်း နောက်ကွယ်ကလည်း လှူဒါန်းပေးကြဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။အားလုံးဝိုင်းတွန်းပါမှ ဒီငရဲကနေ လွတ်မြောက်မယ့်ထွက်ပေါက်တံခါးကြီး ပွင့်လာမှာ ဖြစ်ပါတယ်။

အခုချိန်ဟာ ဘယ်သူတွေ က တိုင်းပြည် အ တွက် အ ရာ အား လုံးစတေးပြီးလုပ်ပေးနေတာကို သိသင့်နေပြီဖြစ်ကြောင်းကိုလည်း ရေးသားထားပါတယ်။တန်ဖိုးရှိတဲ့ လူငယ်လေးတွေရဲ့ အသက်တွေ စတေးမခံနိုင်တော့တဲ့အတွက် ကိုယ်မလုပ်နိုင်တဲ့ အရာတွေကိုလုပ်ကိုင်ပေးနေသူတိုင်းကို အားဖြည့်လှူဒါန်းပေးကြဖို့ တောင်းဆိုထားပါတယ်။

ဟန်နာယူရီကိုယ်တိုင်လည်း အပိုမသုံးဘဲ ရသလောက်စုဆောင်းပြီး လှူဒါန်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဘေးကင်းရာရောက်နေတဲ့ ပြည်ပရောက်မြန်မာတွေလည်း တတ်နိုင်သလောက် ဝိုင်းကူပေးကြဖို့ လိုအပ်ပါတယ်။

အရေးတော်ပုံကြီး အမြန်ဆုံး အောင်မြင်ဖို့အတွက် ပြည်သူအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝိုင်းကူညီပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Hanna Yuri’s Facebook Page

(ZAWGYI)

တန္ဖိုးရွိလြန္းတဲ့ လူငယ္ေလးေတြ ဒီ့ထက္ပိုၿပီး အသက္ မ ဆုံးရႈံးဖို႔ ျပည္သူေတြ လုပ္ေပးႏိုင္တဲ့ အရာတစ္ခုကို ေထာက္ျပလိုက္တဲ့ ဟန္နာယူရီ

မေန႔က ျဖစ္ပြားခဲ့တဲ့ လူငယ္ေလး (၅) ဦး တိုက္ေပၚကေန ခုန္ခ်သြားေသာ ျဖစ္ရပ္ေၾကာင့္ ျပည္သူေတြ အားလုံး ယူႀကဳံးမရ ဝမ္းနည္းခံ စား ေန ၾကရ တာ ျဖစ္ပါတယ္။ လူငယ္ေလးေတြဟာ သူတို႔ရဲ႕အနာဂတ္ေတြကို စြန႔္လႊတ္အနစ္နာခံၿပီး လြတ္ေျမာက္ရာလမ္း ကို ေ႐ြးခ်ယ္ သြား ခဲ့ၾကတာ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းေလာက္ကေမာ္ဒယ္

ဟန္နာယူရီရဲ႕လူမႈကြန္ယက္တြင္ တန္ဖိုးရွိလြန္းတဲ့ လူငယ္ေလးေတြ ဒီ့ထက္ပိုၿပီး အသက္မဆုံးရႈံးဖို႔ ျပည္သူေတြ လုပ္ေပးႏိုင္တဲ့ အရာတစ္ခုကို ေထာက္ျပေရးသားလာတာ ျဖစ္ပါတယ္။

ဒါကေတာ့ ကိုယ္မလုပ္ႏိုင္တဲ့ အလုပ္ေတြကို ေဆာင္႐ြက္ေနသူတိုင္းကို အလႉေငြထည့္ဝင္ၿပီး တတ္ႏိုင္တဲ့ဘက္ကေန ကူညီေပးၾကဖို႔ ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ ကိုယ့္ကိုကိုယ္ အသုံးမက်ဘူးလို႔ ခံစားမိတိုင္းနဲ႔ ယူႀကဳံးမရျဖစ္တဲ့အခ်ိန္တိုင္း လႉေပးၾကဖို႔ ေရးသား ထား တ ျဖစ္ ပါတယ္။

လူသိမခံႏိုင္တဲ့ ပုဂၢိဳလ္မ်ားကလည္း ေနာက္ကြယ္ကလည္း လႉဒါန္းေပးၾကဖို႔ တိုက္တြန္းထားတာ ျဖစ္ပါတယ္။အားလုံးဝိုင္းတြန္းပါမွ ဒီငရဲကေန လြတ္ေျမာက္မယ့္ထြက္ေပါက္တံခါးႀကီး ပြင့္လာမွာ ျဖစ္ပါတယ္။

အခုခ်ိန္ဟာ ဘယ္သူေတြ က တိုင္းျပည္ အ တြက္ အ ရာ အား လုံးစေတးၿပီးလုပ္ေပးေနတာကို သိသင့္ေနၿပီျဖစ္ေၾကာင္းကိုလည္း ေရးသားထားပါတယ္။တန္ဖိုးရွိတဲ့ လူငယ္ေလးေတြရဲ႕ အသက္ေတြ စေတးမခံႏိုင္ေတာ့တဲ့အတြက္ ကိုယ္မလုပ္ႏိုင္တဲ့ အရာေတြကိုလုပ္ကိုင္ေပးေနသူတိုင္းကို အားျဖည့္လႉဒါန္းေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။

ဟန္နာယူရီကိုယ္တိုင္လည္း အပိုမသုံးဘဲ ရသေလာက္စုေဆာင္းၿပီး လႉဒါန္းဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။ ေဘးကင္းရာေရာက္ေနတဲ့ ျပည္ပေရာက္ျမန္မာေတြလည္း တတ္ႏိုင္သေလာက္ ဝိုင္းကူေပးၾကဖို႔ လိုအပ္ပါတယ္။

အေရးေတာ္ပုံႀကီး အျမန္ဆုံး ေအာင္ျမင္ဖို႔အတြက္ ျပည္သူအခ်င္းခ်င္း စည္းလုံးညီၫြတ္စြာျဖင့္ ဝိုင္းဝိုင္းကူညီေပးၾကဖို႔ ေျပာၾကားရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Hanna Yuri’s Facebook Page