နာမည်ဆိုးနှင့် ကျော်ကြားသူ နန်းမတော်မယ်နု ရာဇဝင်

နာမည်ဆိုးနှင့် ကျော်ကြားသူ နန်းမတော်မယ်နု ရာဇဝင်

“နန်းမတော် မယ်နု ဟုဆိုလိုက်သည်နှင့် တိုင်းပြည် “ခိုက်” သောမြေးအဖွား (၃) ဆက်

(ပထမအင်္ဂလိပ်-မြန်မာ စစ်ရှုံးသူ မယ်နု ၊သူ့သမီး ဆင်ဖြူမရှင် ‘နန်းတွင်း အာဏာလုပွဲအတွက် မင်းတုန်းမင်း ၏ သားတော်(40)ကျော်ကို သတ် ကာ သီပေါမင်း ကို သူ့ သမီး စုဖုရားလတ်နှင့်လက်ထပ်ပေးသူ၊ မြေးမတော် စုဖုရား လတ် သီပေါမင်းကိုကျော် ၍ အမိန့် မနာခံသော) ဟု နာမည်ဆိုးနှင့် ကျော်ကြားသူ အဖြစ်သိကြသလို အင်းဝရှိ မယ်နုအုဋ်ကျောင်းကိုလည်း မြင်ယောင်မိကြမည်ဖြစ် ပါသည်။

ဟုတ်ပါသည် မယ်နု သည် မဟာအောင်မြေဘုံစံ မယ်နု အုဋ်ကျောင်းကြီး၏ ဒကာမဖြစ်သလို သူမ ဘဝ၏ အံ့ဖွယ ်အတိတ်ကံ အကျိုးပေး၊ ပင်ကိုယ် စိတ်ထက်မြက် ကြွပ်ဆတ်မှု ၊အတ္တကြီးပြီး အကြောက်တရား ကင်းမှု၊ ဆင်ခြင်တုံတရား နည်းပြီး တဇွတ်ထိုးနိုင်မှု

တို့က သူမ ကို အထွဋ် အထိပ်သို့ ရောက်ရှိစေခဲ့သည်။

နန်းမတော်မယ်နု သည် ဖလံခုံရွာ ဇာတိထောင်မှူး သီဟကျော်စွာဘွဲ့ခံ ဦးလှုပ်နှင့်ဒေါ်ငယ ်တို့မှ 18.June.1783 အင်းဝမြို့၌ မွေးဖွားသည်။ မွေးချင်းနှစ်ယောက်ရှိပြီးကျန် တစ်ယောက်မှာ မောင်အိုဖြစ်သည်။

မယ်နုသည် ရွှေလင်ဗန်းနှင့် အချင်းဆေးသော တော်ဝင်မျိုးရိုး မဟုတ် သာမာန် အရပ်သူတစ်ဦးသာ ဖြစ်သော်လည်း သူမ ဘဝတွင် ထူးဆန်းမှုကြီးကြီး မားမား (2) ကြိမ်ကြုံ တွေ့ခဲ့သည်။မယ်နုငယ်စဉ် က အိမ်မှာလူကြီး မိဘ များနှင့် တရွာမှ တရွာသို့သွားလာရာ လမ်းဇရပ် တစ်ခု၌ အိပ်ကြ သည်။

မယ်နု က ထမင်းချက်တာဝန် ယူ၍ ချက်ပြုတ်ရာ မနက် မိုးလင်းသော အခါ မယ်နု ထမင်းချက် ခဲ့သောနေရာ ၌ မှိုပွင့်ကြီး တစ်ပွင့် ပေါက်လာရာ လူကြီးများ က အံ့ဘွယ် နိမိတ်ကောင်းဟု မှတ်ယူကြ သည်။

မယ်နု အသက် ၁၂နှစ် သမီးအရွယ် မြစ်ဆိပ်၌ ရေချိုးချိန် တွင် သူမ၏ အနီရောင်ရေလဲ လုံချည်ကို စွန်ရဲ တစ်ကောင်မှ ချီယူ သွားပြီး အမရပူရ နန်းတော်အတွင်းရှိ မိဖုရားများ စံပယ်ရာ တောင်နန်းဆောင် အမိုး ၌ချထားခဲ့သည်။ ဘိုးတော်ဘုရား က လုံချည် ပိုင်ရှင်ကို ရှာဖွေစစ်ဆေးဖော်ထုတ်ကာ မယ်နု ကို တောင်နန်း အပျိုတော် အဖြစ် ခန့်ထားလိုက် ရာမှ အရှုပ်တော်ပုံ ဖန်တီးမည့် အဓိကဇာတ်ကောင် ကို ခေါ်မိသည့် အမှားကြီးတစ်ခု ဘိုးတော်ဘုရား ပြုလုပ်မိသွားသည်။

ကုန်းဘောင် မင်းဆက်တွင် နန်းသက် အရှည်ဆုံး ဘိုးတော်ဘုရား သည် (37) နှစ်ကြာ နန်းစံပြီး ဘကြီးတော ်စစ်ကိုင်းမင်း ကို အိမ်ရှေ့အရာ အပ်နှင်းပြီး ညီတော် သာယာဝတီ မင်းသား ကို ဒုတိယနှင့် ဘကြီးတော ်၏ သားတော် စကြာမင်းသားလေး ကို တတိယ နန်းလျာထားသည်။

ဘကြီးတော် မှာ အိမ်ရှေ့မင်း ရာထူးသာ ရှိသေးပြီး မိဖုရား ခေါင်ကြီး မှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ ဆင်ဖြူမယ် သည် စကြာမင်းသားလေး ကိုမွေးပြီး ၁ ပတ် အကြာ 1812 အောက်တိုဘာလတွင် ကွယ်လွန်လေသည်။ မယ်နုသည် စက်စက်ယိုအောင် လှသူဟု မဆိုနိုင်သည့်တိုင် ပကတိရုပ်ရည်ကား တည်ကြည်သည်။

အပြောချို ၍ ကိုယ်နေဟန်အချိုးကျကာ သွယ်လျကျော့ရှင်းပြီး သူမ၏ နန်းမူရာမှာ နန်းတွင်းသူများ အတုယူရသည ်အထိ မဟာဆန်သည်။ ယောကျာ်းတကာ တို့ နှစ်သက်ခံရပြီး ထိုအထဲတွင်အိမ်ရှေ့ မင်း ဘကြီးတော် လည်းပါဝင်သည်။

အမရပူရ နန်းတွင်း၌ အိမ်ရှေ့မင်းအား မယ်နုထက် မဟာဆီ မဟာသွေး အချင်းချင်း အိမ်ထောင် ပြုစေ လိုဤ “လူမှာ အမျိုး ကြက်မှာ အရိုး” ဟု ဘကြီးတော်ကို သတိပေးသည်။ မယ်နု ကလည်း “လူမှာ အချစ် ကြက်မှာ အမြစ်” ဟုချေပကာ ဘကြီးတော်ကို ရအောင် သိမ်းသွင်းခဲ့သည်။

ဘိုးတော်ဘုရား လွန်သော် ဘကြီးတော်သည် 1819 ဇွန်လ (5) ရက်တွင် နန်းတက်ကာ (1823) မြို့တော် ကို အမရပူရ မှ အင်းဝသို့ရွှေ့သည်။ဘကြီးတော်သည် ခပ်အေးအေးနေတတ်သလို မယ်နုကို အလွန ်ချစ်သဖြင့် အဂ္ဂမဟေသီ တောင်ညာစံ မိဘုရားခေါင်မြောက်လေသည်။

မယ်နုသည်ပင်ကိုယ် ထက်မြက်သူပီပီ နန်းတွင်း တစ်ခုလုံး အရေးသာမက တိုင်းရေးပြည်ရေးကို စိတ်တိုင်းကျ ချယ်လှယ်တော့သည်။နန်းတွင်းမ ှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာပြီး ဓားထက်၍သာ ကြောက်ရသည် မည်သူကမှ မယ်န ုကို မကြည်ဖြူကြချေ။

ယခင် ဘုရင်နှင့် မိဘုရား ရာဇပလ္လင်ပေါ် အတူမထိုင်သော်လည်း မယ်နု သည် ထို အစဉ်အလာ ကို ဖျက်ကာ အတူထိုင်သဖြင့် တရုတ်သံမှူးများ အံ့အားသင့်ကြသည်။ 1819 တွင် မယ်န ုသည် သူ့မောင်အရင်း ဖြစ်တဲ့ မောင်အို ကို စလင်းမြို့ကို စားစေပြီး နန်းတော်တွင်း သူမ ၏ အာဏာစက် ကို ခိုင်မာအောင် တည်ထောင်သည်။

ထို့အပြင်မောင်အိုအား သတိုးဓမ္မရာဇာ ဘွဲ့ ချီးမြင့် လိုက်သလို ဘကြီးတော် ကလည်း သူ့ယောက်ဖ အားမြှောက်စားသည့် အနေဖြင့် ထိပ်တန်း မင်းညီ မင်းသား စာရင်းသွင်းကာ၊ လွှတ်တော်တက်ခွင့် ပေး သည့်အပြင် ရွှေထီး ရှစ်ချက်မိုး ခစားခွင့်ပေးသဖြင့်မောင်အို သည် နားထင် သွေးရောက်သွားလေသည်။

ရှေးခေတ်က မင်းသားများ ၏ အဆင့်အတန်း ကို ထီးဆောင်း အရေအတွက် အနည်း အများဖြင့် ခွဲခြားလေ့ ရှိသည်။ ညီတော် သာယာဝတီမ င်းပင် ထီးဆယ်ချက ်သာ မိုးခွင့် ရှိ၍ယောက်ဖတော် မောင်အို သည် ညီတော်အိမ်ရှေ့မင်းထက် မဆို သလောက်သာ နိမ့်သည့်သဘော သက်ရောက်စေသည်။ နေ့ချင်း ညချင်း မောင်အို တန်ခိုးထွားလာသဖြင့် ကုန်းဘောင် မျိုးဆက် ကို အပြုတ်ဖြုတ်ပြီး သူကိုယ်တိုင် ဘုရင် လုပ်ရန် ကြံလေတော့သည်။

ထို့ကြောင့် နန်းတွင်း အားပြိုင်မှု (3) စု ကွဲပေါ်ပေါက်လာသည်။(1) နိုင်ငံရေး အာဏာပိုင်ဆိုင်သောမောင်အိုနှင့် မယ်နုက တစ်ဖွဲ့(2) သူတို့၏ မဟာပြိုင်ဘက် များတွင်ဘကြီးတော် မင်းပြီးနောက် နန်းညွန့် နန်းလျာ ဆက်ခ ံဖို့ အခွင့် အရေး ရှိသူ သာယာဝတီမင်း သည် ထိပ်ဆုံးဖြစ်သည်။ သူ ကိုယ်တိုင် လက်ရုံးရည်နှင့်ပြည့်စုံ သလို နောက် လိုက် အင်အားကောင်း များစွာ ပိုင်ဆိုင်ထားသည်။

(3) စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေး သည် မွေးဖွားစဉ် က စကြဝတေးမင်း တို့ ဘုန်းကြီးသည့် လက္ခဏာ ရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်ခြင်း ၊လက်ဝါးများတွင ်ခရုပတ်နှင့် မှဲ့ရှင် များ ထူးခြား ထင်ရှားစွာတွေ့ရခြင်း၊ အချင်း စလွယ်သိုင်းခြင်း၊ ခုနစ်ရက် ရလျှင်

မယ်တော် ကွယ်လွန်၍ ဖွားဖက်တော် ခုနစ်ဦးလည်းပေါ်ခြင်း၊ ရုပ်ရည် အင်မတန် ချောမောလှပ၍ နန်းတွင်းသူ နန်းတွင်းသားများ ၊ တိုင်းသူပြည်သားများ က အလွန် ချစ်ခင်နှစ်သက်ကြသည့် လူထု အင်အား ကို ပိုင်ဆိုင်သော ဘကြီးတော် ၏ တစ်ဦးတည်းသော သား ဖြစ်သဖြင့် ဘကြီးတော် က နန်းလွှဲ လိုသည်မှာတွေးကြည့်ယုံဖြင့် သိနိုင်ပါ သည်။

ထို့ကြောင့်မောင်အို သည် စကြာမင်းသားလေး နားထွင်းပြီး အိမ်ရှေ့အရာ အပ်နှင်းခြင်း ကိစ္စကို အချိန်ဆွဲ သည်။ အသက် (20) ကျမ ှနားထွင်းသည့် တိုင် နိုင်ငံရေး အာဏာကို မင်းသားလေး အား လွှဲမပေးခဲ့ချေ။ မယ်နုနှင့်မောင်အို သည် ဘကြီးတော်နှင့် မယ်နု နန်းစံသော (18) နှစ်လုံးလုံး သာယာဝတီမင်း ကို အသိအမှတ်မပြု ချယ်လှယ်ပြီး နောင်တော်နှင့်တွေ့ခွင့် ပိတ်ပင်သည်။

ထိုခေတ်က မယ်နုကြောက်ရသူ တစ်ဦး ရှိသည် ထိုသူမှာ ဆရာတော ်ဦးဗုဓ်ဖြစ်သည်။ သက္ကရာဇ် 1822 ခုနှစ်တွင် ဘကြီးတော်နှင့် နန်းမတော် မယ်နု တို့ကကျောင်းဆောက် လုပ်ရာတွင် ငါးနှစ်ကျော် ကြာမြင့်ခဲ့ပြီး သက္ကရာဇ် 1827 ခုနှစ်တွင် မဟာအောင်မြေဘုံစံ ဟု ကမ္ပည်း ထိုးကာ ညောင်ကန် ဆရာတော် ဦးပို အား လှူဒါန်းခဲ့သည်။

တစ်နှစ်အကြာတွင် ဆရာတော် ဦးပို ပျံလွန် တော်မူပြီးနောက် ဒုတိယညောင်ကန် ဆရာတော် ဦးဗုဓ်အား ထပ်မံ လှူဒါန်းခဲ့သည်။ အုတ်ကျောင်း အကျယ်အဝန်း မှာ အလျား 192 ပေ၊ အနံ 112 ပေ နှင့် အမြင့် 94 ပေရှိပြီး ကျောင်း တည်ဆောက် ရာတွင် ငွေကျပ် သုံးသိန်း ကုန်ကျကြောင်း၊ သက္ကရာဇ် 1838 ပြည့်နှစ်တွင် ငလျင် ဒဏ်ကြောင့် ပြိုကျ ခဲ့ရာ နန်းမတော် မယ်နု ၏ သမီးတော် ဆင်ဖြူမရှင် က သက္ကရာဇ် 1872 ခုနှစ်တွင် ထပ်မံပြုပြင်ခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။

ကျောင်းကြီး ကို အုတ်၊ အင်္ဂတေ တို့ဖြင့် မိဖုရား ခေါင်ကြီး မယ်နု က တည်ဆောက် ခဲ့သောကြောင့် မယ်နု အုတ်ကျောင်း ဟု ထင်ရှားခဲ့သည်။ ပညာရှင်များ ၏ ဗိသုကာ လက်ရာ၊ ပန်းရန် နှင့် ပန်းတမော့ အနုပညာ လက်ရာများ ကျောင်းဆောင်ကြီး အတွင်းရှိ စင်္ကြံ ပတ်လမ်း နှင့် အခန်း ဖွဲ့စည်းပုံများ၊ အဝင်ပေါက် သစ်သား တံခါးများ ကို ‘အသံ’ များ ဖန်တီး တပ်ဆင်ပုံတို့ကြောင့် ခံ့ညား ထည်ဝါလှသော ကျောင်းကြီးဖြစ် သည်။

ဘကြီးတော်နန်းတက် ဘိသိက် မင်္ဂလာသွန်း အခမ်းအနား ဆင်ယင်သော အခါ ၌ မဏိပူရစော်ဘွား မတက်ရောက်ချေ။ မဏိပူရစော်ဘွား ကို သင်ခန်းစာ ပေးရန် လိုက်ဖမ်းရာ အင်္ဂလိပ် ပိုင်နယ်ထ ဲအထိ ဝင်ပြေး သဖြင့် အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ’ငြိ’လာ ရာမှ အင်္ဂလိပ်တို့ (1824)တွင် စစ်ကြေညာသည်။ စစ်သူကြီး မဟာဗန္ဓုလ သည် ရခိုင် တွင် စခန်းချကာ မြဝတီမင်းကြီး ဦးစ က ပန်းဝါ တွင် အင်္ဂလိပ်တို့ကို အနိုင် တိုက်သည်။

မြန်မာ တပ်များ ဘင်္ဂလားနယ် အထိ ရောက်နေ သဖြင့် အင်္ဂလိပ်ဘုရင်ခံ ပင် ကျီးလန့်စာစားနေရသည်။ ဗန္ဓုလ သာ စစ်တကောင်း ထိ တက်တိုက်၍ ဖိအားပေးခဲ့မည် ဆိုလျှင် အင်္ဂလိပ်တို့ ပျာယာခတ်သွားနိုင် သည်။ အင်္ဂလိပ် တို့သည် ထို အခြေနေက ိုရိပ်စားမိသဖြင့် ရန်ကုန် ဖက်မ ှပတ်ဝင်၍ တန်ပြန်တိုက် စစ် ဆင်သော ဗျူဟာကို သုံးကာ စစ်မျက်နှာပြောင်းလိုက်လေသည်။

ထိုအချိန် သာယာဝတီလို အဆင့်မြင့် မင်းသားက ရန်ကုန်သို့ ဆင်း၍ ကာကွယ်ရန ်သူစုဆောင်း ထား သည့် လူသူများနှင့် အင်္ဂလိပ် စစ်သင်္ဘောများကို ခုခံ တိုက်ခိုက် လိုကြောင်း တင်ပြသည်။ ဘကြီးတော် ကလည်း သဘောတူ ကာ အမြန်စေလွှတ်ချင်သော်လည်း ပြိုင်ဘက် စလင်း မင်းသား ကြီး မောင်အိုနှင့် မှူးမတ် များက သာယာဝတီ မင်းသားအား လက်နက် ဆင်၍ လွှတ်လိုက်လျှင် ပုန်ကန် လိမ့် မည်ဟု ကန့်ကွက်ကာ နိုင်ငံ့ အရေးတော်ထက် အာဏာ ရရှိ လိုသော ပုဂ္ဂိုလ်ရေး ကို ဦးစားပေးခဲ့သည်မှာ စိတ်ပျက် စရာဖြစ် လေသည်။

ဘကြီးတော်လည်း အရိပ် ကို ရန်သူထင်၍ နောက်ဆုံး တွင် မဟာဗန္ဒုလ ပြန်လာသည် အထိ စောင့်ပြီးမှ သွားရောက် တိုက်ရန် အမိန့်ချလိုက်လေသည်။ ထို့ကြောင့် ရခိုင်မ ှပြန်လာမည့် ဗန္ဒုလ ကို စောင့်ရင်း ၅လ အထိ ကြာသွား သဖြင့် ထိုအချိန်တွင် အင်္ဂလိပ်တို့ ကလည်း ရွှေတိဂုံ ကုန်းတော် တစ်ဝိုက်ကို အခိုင်အမာ တပ်စွဲ ၍ အသာစီး ရသွားတော့သည်။ သာယာဝတီမင်း ၏ တပ်များသည် ရန်ကုန်သို့ ချီ၍ ကျိုက်ကလို့ တွင် တပ်ချထားသည်။

အင်္ဂလိပ် တို့က သာယာဝတီ ၏ တပ်က ိုဝိုင်းတိုက်သော်လည်း အနိုင် မရခဲ့ချေ။ သာယာဝတီ မင်းသားကြီးက အခြေအနေ ရိပ်စား မိသဖြင့် စောစောစီးစီး စစ်ပြေငြိမ်းရန် တင်ပြသော်လည်း မောင်အို၊ မယ်နု တို့မှ လက်မခံပဲ စစ်ကို သာ ထပ်တိုး တိုက်သည်။ ဗန္ဒုလ ဓနုဖြူ တွင် ကျသွားသဖြင့် အင်္ဂလိပ် တပ်တွေလည်း နေပြည်တော်နှင့် မိုင် ၄၀ သာဝေးသည့် ရန္တပိုရွာ သို့ရောက်မှ စစ်ပြေငြိမ်းရေး စာချူပ်ချုပ်ရတော့၏။

နယ်မြေဆုံး၊ စစ်သူကြီးကျ၊ စစ်လျော်ကြေးငွေ (1) ကုဋေပါပေးရမည်ဖြစ်သဖြင့် ဘကြီးတော် မှာ မထွေးနိုင် မအံနိုင် စိတ်ဓာတ် ကျလာကာ စိတ်ကျရောဂါ ပါ ဝင်လာလေတော့သည်။ ငွေမရှိ သဖြင့် မယ်နု က သူပိုင်ပစ္စည်းများ ထုခွဲ၍ စစ်လျော်ကြေးငွေ ပထအရစ် ကို ပေးလေသည်။ အုပ်ချုပ်ရေးပိုင်း ကို မကိုင်တွယ်နိုင်တော့ပဲ အစစအရာရာ ကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အို တို့ဖြင့်သာ လွှဲအပ ်ထားလေတော့သည်။

သူတို့မောင်နှမ ကို သာယာဝတီ အပြင် ပြည်သူ များက စုန်းမ ဟုစွပ်စွဲ သလို သူတို့ ကလည်း သူခိုးဓားပြ လက်ခံ ဟုသာယာဝတီကို စွပ်စွဲသည်။ မောင်အို သည် မိမိ ရဲ့ ဆူးငြှောင့် ခလုတ်ဖြစ်သော သာယာဝတီ မင်း ကို ရှင်းရန် ဓားပြမှုဖြင့် အမှုဆင်ကာ သာယာဝတီမင်း ၏ အိမ်ကို လူ (200) ဖြင့် ဝိုင်းလေရာ သာယာဝတီ ဘက်မှ လူများ ခုခံရင်း ဧရာဝတီမြစ ်ကို ကူး၍ ရွှေဘိုသို့ထွက်ပြေး ရှောင်တိမ်း သည်။

မယ်နု တို့ကိုပြည်သူများ မနှစ်သက် သဖြင့် အာဏာ သည် သာယာဝတီ ဘက်သို့ အလိုလိုရောက် သွားသည်။လူသူစုဆောင်းကာ 1837 ဖေဖော်ဝါရီ လ တွင်အင်းဝကို ဝိုင်းသည်။ ၂ လ အကြာတွင် အောင်မြင်ပြီး ဘကြီးတော် စစ်ကိုင်းမင်း ကို နန်းချ ကာ မယ်န ုကို အကျယ်ချုပ် မောင်အို တို့လူစု ကို ထောင်ထဲ ပို့လေသည်။ အရာရာသည်နေ့ချင်း ညချင်း ပြောင်းလဲသွားသည်။

မယ်နုတို့ အုပ်စုသည် ပုန်ကန်သည့် အနေဖြင့် အင်္ဂလိပ်တို့ကို စာလွှတ် ဆက်သွယ်၍ အင်္ဂလိပ်တို့ အလိုရှိ သမျှ အကုန်ပေးကာ ဘကြီးတော်အား ပြန်လည် နန်းတင်ပေးရန် အကူညီတောင်းသော်လည်း အင်္ဂလိပ်တို့ က နန်းကျ ဘုရင်အား ဘာ အကြောင်း မှမပြန်တော့ချေ။ သာယာဝတီမင်း သဘောထား ကြီးစွာဖြင့် ကောင်းမွန်စွာ ထားသော်လည်း မောင်အို တို့ နောက်လိုက်များက ပုန်ကန်ကြသောကြောင့် အမရပူရမြို့ အကျဉ်းထောင်၌ သက္ကရာဇ် 1840 ခုနှစ်၊ မေလတွင် ကွပ်မျက်လိုက်သည်။

နောက်ဆုံး သာယာဝတီမင်း သည် 12 May 1840 တွင်မ ယ်နုအား သေဒဏ် ချမည်ကို မင်းမျိုးမင်းနွယ် အဖြစ် အသိအမှတ်ပြုပေးသည့် အနေဖြင့် မဟာဆီ မဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်ချသည်။ ဘုန်းရှင် ကံရှင ်မယ်နု တစ်ယောက် ကံတရား ၏ မျက်နှာသာပေးခြင်းကား ဤနေ့သည်နောက်ဆုံးနေ့ ဖြစ်လေတော့သည်။ မယ်နုလည်း နောက်ဆုံး အနေဖြင့် မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ် အား ဖူးမြှော်ခွင့်ပြုရန် မြို့ဝန်အား ခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ညောင်ကန်ကျောင်း (ယခု မဟာမုနိဘုရားကြီးအရှေ့ဘက်)သို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သည် ။

မယ်နုကျောင်းသို့ရောက်သော အခါ ဆရာတော ်မှာ စာကြည့်နေသည်။ မယ်နု မှ ဆရာတော်အား နောက် ဆုံး ဖူးမြှော်အောင် လာရခြင်းဖြစ်ကြောင်း လျှောက်ထားရာ ဆရာတော် ဦးဗုဒ် မှ ရာဇဝင် တွင်မည့်တရားကို တိုတို တုတ်တုတ် မိန့်တော်မူသည်။“မိနု၊ သူ့ကြွေး ရှိရင် ဆပ်ရလိမ့်မည်” ဟု မိန့်ဆိုလိုက်သည်။

မယ်နုလည်း ဦးချပြီး ပြန်ဆင်း လာရာလှေ ကား အရောက်တွင် “တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော် ဘုရားကို နှစ်ပေါင်းများစွာ ကိုးကွယ် လာတာ ဘယ်အခါမှ ငါ့နာမည် တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ ငါ့ဘက်သို့ လှည့်၍ကြည့်သည် ဟူ၍လည်း မရှိ၊ သည်ကနေ့မှပဲ ငါ့ဘက် လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော် မူတယ်။ ဟောလိုက်တဲ့ တရားကလည်း မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်တဲ့။

တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ” ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက် ဝမ်းသာစွာနှင့်ပင် အာဏာ ပါးကွက်သားတို့၏ ခေါ်ဆောင်ရာသို့ ညိုးငယ်ခြင်း မရှိဘဲ လိုက်ပါ သွား လေတော့သည်။ ဗုဒ္ဓတရားတော်ကို အတိုချုပ် သဘောပေါက်စေ သော သာဓကများ အနက် မယ်နု သည် ပဉ္စဝဂ္ဂီ တို့မှ အငယ်ဆုံး ရှင်အဿဇိ၏ “ယေဓမ္မာ”ဂါထာ ကို သတိရမိသည်။

ဘုရားရှင်၏ တရားဦး နာပြီး ရှင်အဿဇိ ရာဇဂြိုလ်ပြည် ရှင်သာရိပုတ္တရာနှင့်တွေ့၍ ရှင်သာရိပုတ္တရာ မှ သူ့အားမေးသည်မှာ……. ” ငါ့ရှင် ၊ သင် ၏ မျက်စိ တို့သည် ကြည်လင ်ကုန်၏ ၊ အရေ အဆင်းလည်း သန့်ရှင်း စင်ကြယ်ကုန်၏ သင်သည် အဘယ်သူကိုရည်၍ ရဟန်းပြုသနည်း ၊ အဘယ်သူက သင် ၏ ဆရာနည်း၊ အဘယ်သူ၏ တရားကိုနှစ်သက် သနည်း”ရှင်အဿဇိတ က “ငါ့ရှင် ၊ ငါသည် အငယ် သည်သာတည်း ၊ အဘိဓမ္မာ ကို အကျယ်အားဖြင့် သင့် အားဟောကြား အံ့သောငှာ မတတ်နိုင်။

အကျဉ်း အားဖြင့် သော်ကား အနက်ကို ငါဆိုအံ့ ဟုဆိုကာ ယေဓမ္မာဂါထာ ကို ဟောတော်မူ၏။ အဓိပ္ပါယ်ကား……“အကြင် တရားတို့သည် အကြောင်းလျှင် အမှန်ရှိကုန်၏ ။ ထို အကြောင်း ကို မြတ်စွာဘုရားဟော၏ ။ ထို အကြောင်းတရား တို့ ချုပ်ငြိမ်းရာလည်း ရှိ၏ ။ ထို ချုပ်ခြင်း ကိုလည်း မြတ်စွာဘုရားဟော၏ ။ ငါ၏ ဆရာ ရဟန်းကြီးသည် ဤသို့ အယူဝါဒ ရှိ၏ ”မယ်နု သည် ထိုဂ ါထာတော်က ိုချင့်ချိန်ပြီး သာယာဝတီမင်း အသက်ကို ရန်ရှာ ခဲ့၍ သူနှင့် ယှဉ်ပြိုင်ရာ သူ အနိူင်ရသည်။

ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းက လမ်းဟောင်း ကိုသာ ပြန်ရောက်စေသည်။ ဤ အကြောင်းတို့ ချုပ်ငြိမ်း ခြင်းကား ရန်ညိုးရန်စ တို့ကို သင်ပုန်းချေ၍ သူ့ အပေါ်တင်ခဲ့သော အကြွေး မြန်မြန် ဆပ်ကာ ကြွေးမြီ ကင်းရှင်းပြီး ငြိမ်းချမ်းသော ဘဝသစ်ကလေး တစ်ခု ထူထောင်နိုင်ရန် ဖြစ်ကြောင်း ကို နားလည်သွားခဲ့သည်။ သတ္တဝါတိုင်း သူ့ထိုက် သူ့ကံ ဖြစ်သည် ဆိုလျှင် တနည်းအားဖြင့် ငါ့ထိုက် ငါ့ကံဖြစ်သည် မဟုတ်ပါလော။ ဆရာတော် က တရားကား သူမ အတွက်တော့ အဖိုးတန်ဆုံး သေစရိတ်ပေးလိုက်ခြင်းဟု သဘောပေါက်သောကြောင့် မယ်န ုဝမ်းသာသွား ရှာသည် ။

ထိုနေ့ နေ့လည်ပိုင်း တွင် မယ်နု သည် ဘကြီးတော်အား နောက်ဆုံး သွားရောက်ကန်တော့ နှုတ်ဆက ်ခဲ့သည်။ နှစ်ပေါင်းများစွာဘဝ ၊ အသက် ၊ ရာထူး စည်းစိမ် ၊ နိုင်ငံတော် အရာ အားလုံး သူပိုင်ဆိုင်နိုင် သမျှ ကိုပေး၍ ချစ်ခဲ့သော ကြင်ယာတော် ဘကြီးတော် ၏ ခြေတော် အစုံပေါ် မျက်နှာအပ်ကာ မျက်ရည်စက် များစွာ ခြေ ဖမိုးတော်ပေါ် ကျလျက် လက်အုပ်ချီ ကန်တော့ရင်း အရောင် မှိန်မှိန် အဆောင်ရောင်မဲ့ သလွန်ထက်တွင် ထိုင်နေသော နန်းကျဘုရင် လင်တော်မောင်အား……..နန်းမတော်မယ်နု ။ ။

“မောင်တော်ဘုရား နှမတော် ဒီကနေ့ ဘဝ ပြောင်းရတော့မှာဖြစ်လို့ မောင်တော် ဘုရား ကိုနောက်ဆုံး နှုတ်ဆက် ရှိခိုးကန်တော့ခဲ့ပါတယ်ဘုရား။ မောင်တော် မင်းတရား ရဲ့ ဘုန်းရိပ်ကို ခိုလှုံ စံစားခဲ့တဲ့ နှစ်ကာလများ အတွင်း နှမတော် ဘက်က ပြုမိမှား ခဲ့တဲ့ အပြစ် ရှိခဲ့ပါရင် ခွင့်လွှတ် သနားတော ်မူပါဘုရား။”ဘကြီးတော ်သည် သလွန်ပေါ်မှ နန်းမတော်မယ်နု ၏ ဆံ ကေသာ ကို လက်ဖြင့် အသာအယာ ထိထား သည်။

အရှုံးများစွာ ရှုံးပြီးနောက် အချစ်ဆုံးသူ ကိုသေကွဲ ခွဲ ဆုံးရှုံးရမည့် အချိန်တို့ ဆိုက်ရောက် လာပြီဖြစ် သဖြင့် စိတ်သောကမီး တို့ စိတ်နှလုံးကိုလောင်ကျွမ်း ကာ ပတ်ဝန်းကျင် တစ်ခုလုံး မမြင်နိုင်တော့အောင်ဝေ ဝါးသွား စေသည့် မျက်ရည်များ မျက်ဝန်းအိမ ်၌ ပြည့်နေသည်။ ဘကြီးတော် သည် မျက်ဝန်းများ မှိတ်ချလိုက်ရာ နန်းမတော်မယ်နု ၏ ဆံကေသာပေါ် မျက်ရည်များ စီး ကျလေတော့သည်။ ရင်၌ ဆို့နှင့်လွန်းလှသဖြင့် ရှိုက်၍ ငိုချလိုက်သည်။ဘကြီးတော် ။ ။

“နှမတော်ရယ် ၊ နှမတော် မှာ ခွင့်မလွှတ်စရာ ဘာအပြစ်မှမရှိခဲ့ပါဘူးကွယ်”ဘကြီးတော် ၏ ချစ်ခြင်းမေတ္တာ ကား လေးစားစရာ ကောင်းလှ သလို ထို အတွက်နောင်တ တစ်စုံတရာ လည်း မရခဲ့ချေ။နန်းမတော်မယ်နု။ ။

“မောင်တော်ဘုရားရယ် ၊ နှမတော် ရဲ့ နောက်ဆုံး ဝင်သက် ၊ ထွက်သက ်မရပ်သွားမှီ နှမတော်ရဲ့ဘဝ ကို အမြင့်ဆုံးမြှင့်တင်ပေးခဲ့တဲ့ မောင်တော် ဘုရားရဲ့ ကျေးဇူးအထွေထွေ အတွက် မောင်တော် ဘုရားရဲ့ ခြေတော်အစုံ ကို ဦးတိုက်ပြီး ကျေနပ်အောင် ကန်တော့ခွင့်ပြုပါဘုရား” ဟုခြေတော ်အစုံအား မျက်နှာနဖူးဆံပင် တို့ဖြင့် ဦးတိုက်ကန်တော့နေစဉ် အဆောင်တော်တွင်း သမီးတော်ကလေး မယ်သဲ ဝင်လာသည်။ သမီးတော်လေး ၏ စိတ်တွင် မကောင်းမှု တစ်စုံတခု ကို ခံစားမိနေသဖြင့် မယ်တော်၏ ရင်ခွင်တွင်း ပြေး ဝင် ဖက်၍ငိုလေသည်။သမီးတော်လေး ။ ။

“မယ်မယ်ဘုရား၊ သမီးတော် ကလေးက ို ပစ်ထားပြီး ဘယ်ကိုသွားနေတာလဲ ဘုရား သမီးတော်လေး မှာ လွမ်းလို့သေရတော့မယ် ဘုရား”နန်းမတော်မယ်နု။ ။ “မယ်မယ်ဘုရား လည်း သမီးတော်လေးကို လွမ်းနေပါတယ်။ အခုလည်း မယ်မယ် ဘုရားလေ အရေးကြီးတဲ့ကိစ္စ ရှိလို့ ဟိုး….. အဝေးကြီ း ကို ခရီးထွက်ဖို့ ရှိသေးတယ်။ သမီးတော်လေး ခမည်းတော်ဘုရားနဲ့ အတူ လိမ်လိမ် မာမာနေခဲ့နော် ၊ မယ်ဘုရား စကားကို နားထောင်ပါကွယ်။”သားအမိနှစ်ဦး ပါးချင်း အပ်ကာ ငိုရင်း…………သမီးတော်လေး။ ။

”ဟင့်အင်း ဒီ တစ်ခါတော့ သမီးတော်လေး ကို ပစ်ထားပြီး ဘယ်မှမသွားရတော့ဘူး မယ်မယ်ဘုရား နဲ့ လိုက်မှာပဲ ”ခမည်းတော်၊ မယ်တော်၊ သမီးတော်ကလေးတို့ မိသားစုအသိုက်အမြြုံ ပိုကွဲပြီး နောက်တစ်ကြိမ် ပြန်ဆ ုံခွင့် ဟူသော မျှော်လင့်ချက် ကလေးပင်ဆုတ်ကိုင်ထားခွင့် ကင်းမဲ့ သွားသော ကြေကွဲဖွယ်ရာ ချော့သူ မရှိငိုပွဲကြီး ဖြစ်သည်။ မင်းမှုထမ်း ၊ရံရွေတော် တို့ ထိုမြင်ကွင်းကို မကြည့်ရက်သဖြင့် တံခါးအကွယ် တွင် ကြိတ်ငိုကြသည်။ တာဝန်အရ အမရပူရမြို့ဝန် ပင် မျက်ရည်ကျမည ်စိုးသဖြင့် အဝေးသို့ ထွက်သွားကာ မင်းမှုထမ်းတစ်ဦးကို တီးတိုးပြောသည်။

ထို မင်းမှုထမ်းသည် မယ်နုဆီရောက်လာ၍…မင်းမှုထမ်း။ ။ “မိဘုရားကြီး ထွက်ခွာဖို့ အချိန်ကျပါပြီလို့ မြို့ဝန်မင်း ကပြောပါတယ်၊ နေရာက ထပါတော့”နောက်ထပ ်မင်းမှုထမ်း တို့သည် မယ်နုဆီ ဝင်လာပြီး လက်နှစ်ဘက်ကို ဆွဲယူလိုက်ကြသည်။ သမီးတော်ကလေး။ ။ “မသွားရဘူး မယ်မယ် ဘုရား ဘယ်ကိုမှ မသွားရဘူး ၊သွားရင် သမီးတော်လေး လည်း လိုက်မှာပဲ ” ဟု တစာစာအော်ဟစ်နေရာ မယ်နု ၏ နားများ အတွင်း ပဲ့တင်ထပ်ကာ တဖြည်းဖြည်း ဝေးသွားလေတော့သည်။ ကြေးတိုက်မှ လာသော နွားလှည်းပေါ်တက်ကာ နောက်သို့ တစ်ချက်ပင်လှည့် မကြည့်တော့ချေ။

နေလုံးကြီး သည် ဝင်းလက်သော အလင်းရောင်တို့ကို လျှော့ချ၍ အနောက်ဘက်တောင်တန်းပေါ် နိမ့်ဆင်း သွားသည်။ မယ်နု ကို တင်လာသော လှည်းပတောင်းမြည်သံ ကို ကြားသော် အနီးရှိ ဘုန်းကြီးကျောင်းခွေး များ အူကြ သည်မှာ ကံကြမ္မာဆိုး အတွက် မြည်သံများ ဖြစ်နေသည်။ တောင်သမန်အင်းရေပြင် အနီး သို့ရောက်သော် အာဏာ ပကွက်သား တို့သည် နန်းမတော် မယ်နု အား ခဲထည့် ထားသော ရွှေနားကွတ ်ကတ္တီပါ အိတ်နီ တွင် ထည့်၍ ပိတ်ပြီး ရေပြင် သို့ ပြစ်ချလိုက် သည်။

မြှပ် မမြှပ်သေချာအောင် ခဏစောင့်ကြည့်သည် တောင်သမန် အင်းရေပြင်ပေါ်တွင် ရေပွက် ကလေး တစ်ပွက် နှစ်ပွက် ထလာပြီး ရေပြင်မှာ ပြကတိ ပြန်ငြိမ် သွားပြီး လေပြေညင်း ကလေး ရေပြင်ထက်မှ ဖြတ်သန်း တိုက်ခတ်သွားသည်။ နန်းမတော် မယ်နု ၏ နောက်ဆုံးထွက် သက် ရေပွက်ကလေး မဟုတ်ပ ါလော။

ကုန်းဘောင်ခေတ် ၏ မွန်းတည့်ချိန် ဘုန်းဩဇာ အပြည့်နှင့် ရွှေအိမ်နန်းကြငှန်း ထက်တွင် အမျိုးသမီးတို့အတွက် အထွတ်ထိပ်ဖြစ်သော အဂ္ဂမဟေသီ မိဖုရားခေါင်ရာထူးကို ရယူခဲ့သော်လည်း လူ့ဘဝ သည် မည်သည့် အရာမျှကြာရှည် မတည်မြဲဘဲ တစ်ခဏ အချိန်တွင်းသာ ရှိသည်ကို နန်းမတော် မယ်နုက သူမ ၏နောက်ဆုံး ထွက်သက် ရေပွက်ကလေး အချိန်မျှဖြင့် ကျွန်ုပ်တို့အား သင်ခန်းစာ ပေးသွားခဲ့သည် မဟုတ်ပါလော။”

Crd-Original Post