ချစ်ရတဲ့ မိခင်ကြီးနဲ့ အတူ မိုးမခရေလည် မိဘမဲ့ပရဟိတကျောင်းတိုက် မှာ အလှူအတန်းများစွာ ပြုလုပ်ခဲ့တဲ့ နေဒွေး

မင်းသားချော နေဒွေးကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်းနဲ့ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းလုပ်ကိုင်နေတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

နေဒွေးက သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးဖြစ်တဲ့ ကျန်းမာရေးဆန်အရောင်းအဝယ်လုပ်ငန်းလေးက လက်ရှိမှာဆို တော်တော်လေးကို အောင်မြင်နေခဲ့ပါပြီ။

ဒါ့အပြင် အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးတဲ့ နေဒွေးက နေ့စဉ်တိုင်းလိုလို လိုအပ်တဲ့နေရာများကို သွားရောက်ကာ သူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့

ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေသူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ ၊ လိုအပ်တဲ့ အစားအသောက်များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း ချစ်ရတဲ့ မေမေနဲ့ အတူ မိုးမခရေလည် မိဘမဲ့ပရဟိတကျောင်းတိုက် မှာ အလှူအတန်းများစွာ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ် ။

ဆန်များနဲ့ အလှူငွေများကို ကိုယ်တိုင် ကပ်လှူခဲ့တဲ့ ပုံရိပ်တွေကိုလည်း ဝေမျှထားပါတယ် ။ နေဒွေးကတော့

အရင်ရက်ပိုင်းတွေကလည်း ခက်ခဲနေတဲ့ အိမ်ထောင်စုတွေဆီကို သွားရောက်ကာ စားသောက်ကုန်များ လှူဒါန်းခဲ့ပါသေးတယ် ။

ပရိသတ်ကြီးအတွက် နေဒွေးရဲ့ အလှူပုံရိပ်တွေကို ဝေမျှပေးရင်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Nay Dway

(ZAWGYI)

ခ်စ္ရတဲ့ မိခင္ႀကီးနဲ႔ အတူ မိုးမခေရလည္ မိဘမဲ့ပရဟိတေက်ာင္းတိုက္ မွာ အလႉအတန္းမ်ားစြာ ျပဳလုပ္ခဲ့တဲ့ ေနေဒြး

မင္းသားေခ်ာ ေနေဒြးကေတာ့ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္းနဲ႔ သူ႔ရဲ႕ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတစ္ခုကိုလည္းလုပ္ကိုင္ေနတာ ပရိသတ္ေတြသိရွိၿပီးသားျဖစ္မွာပါေနာ္။

ေနေဒြးက သူ႔ရဲ႕ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေလးျဖစ္တဲ့ က်န္းမာေရးဆန္အေရာင္းအဝယ္လုပ္ငန္းေလးက လက္ရွိမွာဆို ေတာ္ေတာ္ေလးကို ေအာင္ျမင္ေနခဲ့ပါၿပီ။

ဒါ့အျပင္ အလႉအတန္းနဲ႔ ပတ္သက္လာရင္လည္း လက္မေႏွးတဲ့ ေနေဒြးက ေန႔စဥ္တိုင္းလိုလို လိုအပ္တဲ့ေနရာမ်ားကို သြားေရာက္ကာ သူကိုယ္တိုင္ေရာင္းခ်လ်က္ရွိေနတဲ့ ဆန္မ်ားကို လႉဒါန္းခဲ့သလို မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔

လည္း စုေပါင္းကာ အလႉေငြမ်ား ၊ လိုအပ္တဲ့ အစားအေသာက္မ်ားကို လႉဒါန္းလ်က္ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။

အခုလည္း ခ်စ္ရတဲ့ ေမေမနဲ႔ အတူ မိုးမခေရလည္ မိဘမဲ့ပရဟိတေက်ာင္းတိုက္ မွာ အလႉအတန္းမ်ားစြာ ျပဳလုပ္ခဲ့တာကိုေတြ႕ရပါတယ္ ။ ဆန္မ်ားနဲ႔ အလႉေငြမ်ားကို ကိုယ္တိုင္ ကပ္လႉခဲ့တဲ့ ပုံရိပ္ေတြကိုလည္း ေဝမွ်ထားပါတယ္ ။

ေနေဒြးကေတာ့ အရင္ရက္ပိုင္းေတြကလည္း ခက္ခဲေနတဲ့ အိမ္ေထာင္စုေတြဆီကို သြားေရာက္ကာ စားေသာက္ကုန္မ်ား လႉဒါန္းခဲ့ပါေသးတယ္ ။

ပရိသတ္ႀကီးအတြက္ ေနေဒြးရဲ႕ အလႉပုံရိပ္ေတြကို ေဝမွ်ေပးရင္း ဒီထက္မက လႉႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Nay Dway