၀င်ငွေရဲ့တစ်ဝက်ကိုပဲအသုံးပြုပြီး သင့်ရဲ့တစ်လတာကိုဖြတ်ကျော်နိုင်ဖို့နည်းလမ်း (၃)သွယ်

၀င်ငွေရဲ့တစ်ဝက်ကိုပဲအသုံးပြုပြီး သင့်ရဲ့တစ်လတာကိုဖြတ်ကျော်နိုင်ဖို့နည်းလမ်း (၃)သွယ်

သင်ရရှိနေတဲ့ လစာငွေ ရဲ့တစ်ဝက်နဲ့ပဲ တစ်လတာဆိုတဲ့အချိန်ကိုကျော်ဖြတ်ဖို့ဖြစ်နိုင်ပါ့မလား။ ကိုယ် ဝယ်နေကျ ပစ္စည်းတစ်ချို့ကိုမဝယ်ပဲချိုးခြံချွေတာနိုင် တဲ့ စိတ်အင်အားရှိမယ်(သို့မဟုတ်)အဲဒီလို
စိတ်ဓါတ်မျိုးရှိလာဖို့လေ့ကျင့်နိုင်မယ်ဆိုရင်ဒါဟာဖြစ် နိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ရိုးသားဖို့လိုပါ
လိမ့်မယ်။ ပထမဆုံးအဆင့် အနေနဲ့ သင့်ရဲ့သုံးနေကျ အသုံးစရိတ် ကိုအရင်လျှော့ချရပါလိမ့်မယ်။

ဘာလို့ကိုယ့် အသုံးစရိတ် ကိုလျှော့ချသင့်တာလဲ။လက်ရှိကမ္ဘာ့စီးပွားရေးအခြေနေအရ ကိုယ့်အသုံးစရိတ်ကိုလျှော့ချသုံးစွဲတာဟာပါးနပ်လိမ္မာရာရောက်ပါတယ်။တကယ်လို့ကိုယ့်အသုံစရိတ်ရဲ့တစ်ဝက်အထိမလျှော့ချနိုင်ဘူးဆိုရင်တောင် အနီးစပ်ဆုံးလျှော့ချနိုင်ဖို့ကြိုးစားရပါမယ်။ ကျွန်တော် တို့ဆီမှာ မခန့်မှန်းနိုင်တဲ့အခြေအနေတွေကိုလည်း ကြုံတွေ့ ရနိုင်ပါတယ် ဥပမာအနေနဲ့ဖျားနာတာ၊ကိုယ်မဖြစ်မနေသုံးရမယ့် အသုံးအဆောင်ပစ္စည်း တွေပျက်စီးသွားတာအပြင်တခြားကိစ္စအမြောက်အမြားကိုတွေ့ကြုံရနိုင်ပါတယ်။ ဒီလိုပြသနာတွေကိုကြုံ တွေ့လာရပြီဆိုရင် ကိုယ် မသုံးပဲစုထားခဲ့တဲ့ ငွေတွေက ပြန်ပြီးအသုံးဝင်လာနိုင်ပါတယ်။ ဒီလိုစုဆောင်းတာကို အိမ်ထောင်ရှိတဲ့လူတွေရော မရှိတဲ့လူတွေပါလိုက်နာကျင့်သုံးနိုင်ပါတယ်။တကယ်လို့ သင်ကအိမ်ထောင်ရှိတယ်ဆိုရင် သင်တို့နှစ်ယောက်ထဲကတစ်ယောက်ရဲ့ဝင်ငွေ ကိုအိမ် အသုံးစရိတ်အနေနဲ့သုံးစွဲပြီးနောက်တစ်ယောက် ရဲ့ဝင်ငွေကိုစုဆောင်းထားနိုင်ပါတယ်။

ကဲ…ကိုယ့်အသုံစရိတ်ကိုရဲရဲကြီးလျှော့ချနိုင်မယ့်လူဘယ်သူတွေရှိမလဲ။ အချက် ၃ ချက်ကိုပြောပြပါမယ်။

နံပါတ်( ၁) ပထမရက် ၃၀ အတွင်းကိုယ့်ရဲ့ငွေသုံးစွဲမှုကိုလေ့လာပါ

အသုံးစရိတ် လျှော့ချဖို့ အတွက်ပထမဆုံး ရက် ၃၀ ကိုစာမေးပွဲကာလအနေနဲ့သတ်မှတ်လိုက်ပါ။ အဲဒီရက် ၃၀ အတွင်းမှာ သင့်ရဲ့စားသောက်မှုနဲ့ နေထိုင်မှုပုံစံတွေကိုလေ့လာဆန်းစစ်ပါ။ အဲဒီထဲကမှ သင့်ရဲ့ဝင်ငွေတစ်ဝက်နဲ့လောက်အောင်နေထိုင်မယ့်ရည် မှန်းချက်ကိုထိခိုက်စေတဲ့ အမူအကျင့်တွေကို
ပြောင်းလဲပစ်ရမှာဖြစ်ပါတယ်။ တစ်ပါတ်ကြာတိုင်းသင့်ရဲ့ ငွေသုံးစွဲမှု ကိုအမြဲလေ့လာဆန်းစစ်ရပါမယ်။ ကိုယ်ဝယ်လိုက်တဲ့ပစ္စည်းတွေကိုလည်း အရေးကြီးသည်ဖြစ်စေ မကြီးသည်ဖြစ်စေ စာရင်းသေချာပြုစု
ထားရပါမယ်။ အဲဒီထဲစာရင်းထဲကမှ မလိုအပ်ဘူးလို့သင်ထင်တဲ့အရာတွေအတွက်ငွေသုံးစွဲမှုကိုရပ်တန့်လိုက်ရမှာဖြစ်ပါတယ်။ ကျန်တဲ့အပါတ်တွေမှာလည်း အဲဒီလိုအရေးမကြီးတဲ့ ပစ္စည်း ဝယ်ယူမှုကိုလျှော့ချသွားရမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့စနစ်ကျတဲ့ငွေသုံးစွဲမှုပုံစံတစ်ခုကိုသင်ရရှိမှာဖြစ်ပါတယ်။

နံပါတ် (၂)ကိုယ့်ကိုယ်ကို ဆက်လက်ထိန်းချုပ်ပါ

ပထမဆုံးရက် ၃၀ ပြီးသွားရင်တော့ လိုအပ်တဲ့အရာတွေကိုပဲဝယ်ဖို့ ကိုယ့်ကိုယ်စိန်ခေါ်ပါ။ ဒီလိုနဲ့ပဲ ကိုယ့်ရဲ့စိတ်ဓါတ်ကြံ့ခိုင်မှုကိုလေ့ကျင့်ပြီးသွားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လကုန်တိုင်း ပျော်ပွဲရွှင်ပွဲတွေမှာပါဝင်တာ ဒါမှမဟုတ် ရှော့ပင်းထွက်တတ်တဲ့အကျင့်ရှိပါသလား။ အဲဒီအမူအကျင့်တွေကသင့်ကိုကောင်းကျိုးပေးပါသလားသေချာစဉ်းစားပါ။ သင်အောင်မြင် တဲ့တစ်နေ့ကျရင်သင့်ရဲ့ဘဏ်အကောင့်မှာငွေတွေပြည့်ဝနေစေချင်တယ်ဆိုရင်ပေါ့။

နံပါတ် (၃ )ဘဏ် မှာငွေပုံမှန်စုဆောင်းသွားပါ

သင့်ရဲ့ငွေသုံးစွဲမှု အကျင့်ဆိုးတွေကိုထိန်းချုပ်နိုင်ပြီဆိုရင် နောက်ဆုံးလုပ်ဆောင်ရမယ့်အရာတစ်ခုပဲ
ကျန်ပါတော့တယ်။ ဘဏ်အကောင့် ဖွင့်ပါ။ အပတ်စဉ် သို့မဟုတ် လစဉ်ငွေစုပါ။ အဲဒီလိုစုဆောင်းတာဟာသင့်ရဲ့တစ်လတာ အသုံးစရိတ် အတွက် အနှောင့်အယှက်ဖြစ်မှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သင့်မှာမလိုအပ်တာတွေကိုမဝယ်ဖို့ အလေ့အကျင့်ရှိပြီးဖြစ်တဲ့အတွက် အဲဒီကထွက်လာတဲ့အပို ဝင်ငွေတွေဟာသင့်ဘဏ်စာရင်းထဲအလိုအလျှောက် ဝင်ရောက်သွားတော့မှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးအနေနဲ့အကြံပြုချင်တာကတော့ ငွေအများကြီး သုံးရမယ့်ကိစ္စမျိုးဆိုရင်သေချာစဉ်းစားသင့်ပါတယ်။ ဥပမာ အိမ်တွင်း အလှဆင်တာ၊ ကားအကောင်းစားဝယ်ချင်တာ အစရှိတဲ့ကိစ္စမျိုးဆိုရင် သေချာစဉ်းစားသင့်ပါတယ်။ အိမ်အလှဆင်မယ့်ကိစ္စမျိုးအတွက်ကြီးမားတဲ့ငွေပမာဏကိုသင်တကယ်အကုန်အကျခံနိုင်လားဆိုတာကိုစဉ်းစားသင့်ပါတယ်။ ကား ဝယ်မယ်ဆိုရင်လည်း အဲဒီ ကား အတွက်ကုန်ကျမယ့်ဆီစရိတ်၊ထိန်းသိမ်းခ၊အာမခံကြေးအစရှိတာတွေကိုပါစဉ်းစားဖို့လိုပါတယ်။ ကိုယ့်ရဲ့မိသားစု ကိုလည်းမိမိရဲ့ ဝင်ငွေ တစ်ဝက်ကိုသာသုံးစွဲပြီး ငွေစုဆောင်းမယ့် အစီအစဉ် ကိုသေချာရှင်းပြဖို့လည်းလိုအပ်ပါလိမ့်မယ်။

Crd-Original Post