ကိုယ်အင်္ဂါ မသန်စွန်းဖြစ်နေတဲ့ ပြည်သူနှစ်ဦးအတွက် အလိုရှိရာ ခရီးကို သွားနိုင်ဖို့ လိုအပ်တာတွေ ကူညီ ဖြည့်ဆည်း ပေးမယ့် ခိုင်နှင်းဝေ

ကိုယ်အင်္ဂါ မသန်စွန်းဖြစ်နေတဲ့ ပြည်သူနှစ်ဦးအတွက် အလိုရှိရာ ခရီးကို သွားနိုင်ဖို့ လိုအပ်တာတွေ ကူညီ ဖြည့်ဆည်း ပေးမယ့် ခိုင်နှင်းဝေ

ပရဟိတအလုပ်တွေနဲ့ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို များစွာရရှိထားတဲ့ ခိုင်နှင်းဝေကတော့ လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။

လတ်တလောအခြေအနေတွေ အမျိုးမျိုးကြောင့် စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် စားသောက်ကုန်တွေ ပေးဝေလှူဒါန်းနေတဲ့အပြင် အလှူငွေတွေလည်း တတ်နိုင်သလောက်လှူဒါန်းနေတာ တွေ့ရပါတယ်။

ဒါ့အပြင် ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့ ကာလတစ်လျှောက်မှာလည်း အောက်ဆီဂျင်အိုးတွေ အပြင် အခြား လိုအပ်တာတွေလည်း လှူဒါန်းခဲ့ပါသေးတယ် ။

အခုလည်း (၇) ရက်သားသမီးတွေနဲ့ စုပေါင်းကာ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူ နှစ်ယောက်အတွက် လိုအပ်တာများကို ဖြည့်ဆည်း ကူညီပေးမယ်လို့ သိရပါတယ် ။

ဒီလို ခိုင်နှင်းဝေရဲ့ ကူညီပေးမှုကြောင့် စိတ်ရှိတိုင်း လိုရာ ခရီးကို သွားနိုင်တော့မှာမို့ ပျော်ရွှင်နေကြမှာ အမှန်ပါပဲ ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” “ခိုင်နှင်းဝေ ” ပရဟိတ အသင်းမှ ခုနှစ်ရက် သားသမီး အလှူရှင်များ ကောင်းမှု အဖြစ် ဆက်လက် လှုဒါန်းပေးသွားမဲ့ ခြေတု အလှုလေးတွေပါရှင်..

ကိုယ် အင်္ဂ ါ အစိတ်အပိုင်းများကို ကူညီဖြည့်ဆည်းလှူဒါန်းရသော ကုသိုလ် အကျိုးတို့အား ခုနှစ်ရက် သားသမီးများ အားလုံး သာဓုခေါ်ဆိုနိုင်ပြီး ကုသိုလ်များ ထပ်တူထပ်မျှ ရရှိနိုင်ကြပါစေရှင်……” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)

ကိုယ္အဂၤါ မသန္စြန္းျဖစ္ေနတဲ့ ျပည္သူႏွစ္ဦးအတြက္ အလိုရွိရာ ခရီးကို သြားႏိုင္ဖို႔ လိုအပ္တာေတြ ကူညီ ျဖည့္ဆည္း ေပးမယ့္ ခိုင္ႏွင္းေဝ

ပရဟိတအလုပ္ေတြနဲ႔ ပရိသတ္ေတြရဲ႕ ေလးစားခ်စ္ခင္မႈေတြကို မ်ားစြာရရွိထားတဲ့ ခိုင္ႏွင္းေဝကေတာ့ လႉဒါန္းမႈေတြကိုလည္း ဆက္တိုက္ျပဳလုပ္ေနသူပဲ ျဖစ္ပါတယ္။

လတ္တေလာအေျခအေနေတြ အမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းေနတဲ့အျပင္ အလႉေငြေတြလည္း တတ္ႏိုင္သေလာက္လႉဒါန္းေနတာ ေတြ႕ရပါတယ္။

ဒါ့အျပင္ ကိုဗစ္ေရာဂါေတြ ျဖစ္ပြားေနတဲ့ ကာလတစ္ေလွ်ာက္မွာလည္း ေအာက္ဆီဂ်င္အိုးေတြ အျပင္ အျခား လိုအပ္တာေတြလည္း လႉဒါန္းခဲ့ပါေသးတယ္ ။

အခုလည္း (၇) ရက္သားသမီးေတြနဲ႔ စုေပါင္းကာ ကိုယ္လက္ အဂၤါ မသန္စြမ္းသူ ႏွစ္ေယာက္အတြက္ လိုအပ္တာမ်ားကို ျဖည့္ဆည္း ကူညီေပးမယ္လို႔ သိရပါတယ္ ။

ဒီလို ခိုင္ႏွင္းေဝရဲ႕ ကူညီေပးမႈေၾကာင့္ စိတ္ရွိတိုင္း လိုရာ ခရီးကို သြားႏိုင္ေတာ့မွာမို႔ ေပ်ာ္႐ႊင္ေနၾကမွာ အမွန္ပါပဲ ။

အလႉနဲ႔ ပတ္သက္ၿပီးလည္း ” “ခိုင္ႏွင္းေဝ ” ပရဟိတ အသင္းမွ ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ား ေကာင္းမႈ အျဖစ္ ဆက္လက္ လႈဒါန္းေပးသြားမဲ့ ေျခတု အလႈေလးေတြပါရွင္..

ကိုယ္ အဂၤ ါ အစိတ္အပိုင္းမ်ားကို ကူညီျဖည့္ဆည္းလႉဒါန္းရေသာ ကုသိုလ္ အက်ိဳးတို႔အား ခုႏွစ္ရက္ သားသမီးမ်ား အားလုံး သာဓုေခၚဆိုႏိုင္ၿပီး ကုသိုလ္မ်ား ထပ္တူထပ္မွ် ရရွိႏိုင္ၾကပါေစရွင္……” ေရးသားထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Khine Hnin Wai