အရင်အချိန်ကအမှတ်တရပုံရိပ်လေးတွေနဲ့ချောရတနာရဲ့မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း)

ချောရတနာကတော့ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့တောင် လေးစားအားကျနေကြတာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ ပြန်လည်တည်ငြိမ်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသွားစေအောင်လည်း ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၂၉) ရက်နေ့ကတော့ သူမရဲ့ မွေးနေ့လေး ဖြစ်ရာ ချစ်ရတဲ့ ပရိသတ်တွေ နဲ့ အနုပညာမောင်နှမတွေက ဆုမွန်ကောင်းတောင်းပေးလာကြပါတယ် ။

အခုလည်း မိတ်ကပ် ညီညီမောင်က အရင်တစ်ချိန်က အမှတ်တရအဖြစ်ဆုံး ပုံရိပ်လေးတွေနဲ့ အတူ ” Happy birthday ချော စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်ရွှင်ပါစေ ဘဝအမှတ်တရ များစွာနဲ့ ကျမချစ်သော ” ဆိုတဲ့

စာလေးနဲ့ အတူ မွေးနေ့ ဆုမွန်ကောင်းတောင်းပေးလာပါတယ် ။

ပရိသတ်ကြီးအတွက် ချောနဲ့ သုသုရဲ့ အရင်က ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone

Photo – Nyi Nyi Maung

(ZAWGYI)








Credit– Cele Zone

Photo – Nyi Nyi Maung