ကျပ်ငွေတန်ဖိုးကျဆင်းမှုမထိန်းနိုင်တော့ဘဲ ၇ ရက်အတွင်း ရွှေစျေး ကျပ် လေးသိန်းနီးပါးတက်လာကာ ကျပ်၂၂ သိန်းကျော်အထိရောက်လာ

ကျပ်ငွေတန်ဖိုးကျဆင်းမှုမထိန်းနိုင်တော့ဘဲ ၇ ရက်အတွင်း ရွှေစျေး ကျပ် လေးသိန်းနီးပါးတက်လာကာ ကျပ်၂၂ သိန်းကျော်အထိရောက်လာ၊ ဒေါ်လာစျေးလည်း ကျပ် ၃၀၀၀ နီးပါးရောက်ရှိ

စက်တင်ဘာ ၂၈

ကျပ်ငွေတန်ဖိုးကျဆင်းမှုမထိန်းနိုင်တော့ဘဲ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်စျေးနှုန်းများသည် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော် ကျပ် ၃၀၀၀ နီးပါးအထိ စျေးရှိခဲ့ကာ ပြည်တွင်း ရွှေစျေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်လာခဲ့ပါတယ်။

လက်ရှိ ပြင်ပနိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်တွင် ဒေါ်လာလဲလှယ်စျေးနှုန်းများမှာ နေရာတစ်ခုနှင့်တစ်ခု စျေးနှုန်း မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ မှ ၃၀၀၀ နီးပါးရောက်လုနီး စျေးဖွင့်ရောင်းနေကြကာ စျေးကွက်ပျက်လာပြီး ကျပ်ငွေတန်ဖိုးလွန်စွာကျဆင်းလာနေကြောင်း သိရပါတယ်။

ဒေါ်လာစျေးမြင့်တက်လာမှုနှင့်အတူ ယနေ့စက်တင်ဘာ၂၈ ရက် ပြည်တွင်းရွှေစျေးပိတ်ချိန်မှာလည်း အခေါက်ရွှေတစ်ကျပ်သားကို နှစ်ဆယ့် နှစ်သိန်း တစ်သောင်း သုံးထောင် (၂၂၁၃၀၀၀)ကျပ် ဖြင့် စံချိန်တင်စျေးနှုန်းများ နေ့စဉ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။

ပြည်တွင်းရွှေစျေးမှာ ၇ ရက်တာအတွင်း သုံးသိန်း ခြောက်သောင်း ရှစ်ထောင်ကျပ် တက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် ရွှေစျေးပိတ်ချိန်တွင် တစ်ဆယ့်ရှစ်သိန်း လေးသောင်း ငါးထောင် ကျပ်သာရှိခဲ့ခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေဖြင့် ယခုစက်တင်ဘာလအတွင်း ကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၁၇၅၅ကျပ်ဖြင့် ဒေါ်လာ ၆၃ သန်းထုတ်ရောင်းပေးထားသော်လည်း စျေးကွက်အတွင်း ဒေါ်လာစျေးနှုန်းမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မှုမရှိဘဲဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုထားပါတယ်။

လက်ရှိမြန်မာနိုင်ငံသည် အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ စက်တင်ဘာလအစီရင်ခံစာတွင် အာဆီယံမှာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနိုင်ငံဖြစ်လာကြောင်း သိရပါတယ်။

Myanmaplatform

(ZAWGYI)

ကျပ်ငွေတန်ဖိုးကျဆင်းမှုမထိန်းနိုင်တော့ဘဲ ၇ ရက်အတွင်း ရွှေဈေး ကျပ် လေးသိန်းနီးပါးတက်လာကာ ကျပ်၂၂ သိန်းကျော်အထိရောက်လာ၊ ဒေါ်လာဈေးလည်း ကျပ် ၃၀၀၀ နီးပါးရောက်ရှိ
စက်တင်ဘာ ၂၈
ကျပ်ငွေတန်ဖိုးကျဆင်းမှုမထိန်းနိုင်တော့ဘဲ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်ဈေးနှုန်းများသည် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ ကျော် ကျပ် ၃၀၀၀ နီးပါးအထိ ဈေးရှိခဲ့ကာ ပြည်တွင်း ရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၂ သိန်းကျော်လာခဲ့ပါတယ်။

လက်ရှိ ပြင်ပနိုင်ငံခြားငွေလဲလှယ်သည့်ဈေးကွက်တွင် ဒေါ်လာလဲလှယ်ဈေးနှုန်းများမှာ နေရာတစ်ခုနှင့်တစ်ခု ဈေးနှုန်း မတူတော့ဘဲ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ မှ ၃၀၀၀ နီးပါးရောက်လုနီး ဈေးဖွင့်ရောင်းနေကြကာ ဈေးကွက်ပျက်လာပြီး ကျပ်ငွေတန်ဖိုးလွန်စွာကျဆင်းလာနေကြောင်း သိရပါတယ်။

ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ယနေ့စက်တင်ဘာ၂၈ ရက် ပြည်တွင်းရွှေဈေးပိတ်ချိန်မှာလည်း အခေါက်ရွှေတစ်ကျပ်သားကို နှစ်ဆယ့် နှစ်သိန်း တစ်သောင်း သုံးထောင် (၂၂၁၃၀၀၀)ကျပ် ဖြင့် စံချိန်တင်ဈေးနှုန်းများ နေ့စဉ်ဖြစ်ပေါ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှသိရပါတယ်။

ပြည်တွင်းရွှေဈေးမှာ ၇ ရက်တာအတွင်း သုံးသိန်း ခြောက်သောင်း ရှစ်ထောင်ကျပ် တက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက် ရွှေဈေးပိတ်ချိန်တွင် တစ်ဆယ့်ရှစ်သိန်း လေးသောင်း ငါးထောင် ကျပ်သာရှိခဲ့ခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်အနေဖြင့် ယခုစက်တင်ဘာလအတွင်း ကန်ဒေါ်လာ တစ်ဒေါ်လာကို ကျပ် ၁၇၅၅ကျပ်ဖြင့် ဒေါ်လာ ၆၃ သန်းထုတ်ရောင်းပေးထားသော်လည်း ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်းမြင့်တက်လာခြင်းကို ထိန်းချုပ်နိုင်မှုမရှိဘဲဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုထားပါတယ်။


Myanmaplatform