နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ်စွဲဆိုထားသော သဘာဝဘေးအန္တရာယ်အမှုကို စွဲချက်တင်မတင် လာမည့်အပတ်တွင် အမိန့်ချသွားမည်

နိုင်ငံတော်သမ္မတဦးဝင်းမြင့်အပေါ်စွဲဆိုထားသော သဘာဝဘေးအန္တရာယ်အမှုကိုစွဲချက်တင်မတင် လာမည့်အပတ်တွင်အမိန့်ချသွားမည်

အောက်တိုဘာလ ၄ ရက်နေ့တွင် စွဲချက်တင်မတင် အမိန့်ချသွားမည်ဖြစ်ကြောင်းရှေ့နေအဖွဲ့ထံမှသိသည်။ “လာမည့်ရုံးချိန်းဖြစ်တဲ့၄ရက်နေ့ရုံးချိန်းမှာသမ္မတဦးဝင်းမြင့်ကိုပုဒ်မ၂၅နှင့်ပတ်သက်ပြီးစွဲချက်တင်မတင်အမိန့်ချသွံားမှာဖြစ်ပါတယ်” ဟု ရှေ့နေအဖွဲ့မှ တရားလွှတ်တော်ရှေ့နေဒေါ်မင်းမင်းစိုးကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဒုဥက္ကဌ(၁)ဖြစ်သည့် ဦးဝင်းမြင့်တို့ကို၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ကိုဗစ်ကာလစည်းကမ်းများကို ဖောက်ဖျက်၍ မဲဆွယ်ယာဉ်တန်းကို ကြိုဆိုခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့်

အဆိုပါ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေပုဒ်မအရအမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။နိုင်ငံခေါင်းဆောင်နှစ်ဦးစလုံးကို ရဲမှူးမြင့်နိုင်မှတရားလိုပြုလုပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“အကြောင်းအရာကော၊ နေရာကော အတူတူပါပဲ။ ဒါပေမဲ့သမ္မတကိုသီးသန့်စွဲတဲ့အမှုအတွက်စွဲချက်တင်မတင်အမိန့်ချမှာဖြစ်သလိုအမေ့ကိုစွဲတဲ့အမှုအတွက်ကတော့အမိန့်မချသေးဘူး။ ကျွန်မတို့ကစွဲချက်တင်သင့်မတင်သင့်ကိုလျှောက်လွှဲချက်နှစ်ဖက်ကြားနာရပါဦးမှာပါ” ဟုရှေ့နေကဆိုသည်။

Myanmar President Win Myint officiates a ceremony for new foreign diplomats at the presidential palace in capital Naypyidaw on September 4, 2018. (Photo by Thet AUNG / AFP)

အကြမ်းဖက်စစ်တပ်သည်အာဏာသိမ်းသည့်ဖေဖော်ဝါရီလ၁ရက်နေ့မှစတင်ပြီးယနေ့အချိန်ထိနိုင်ငံခေါင်းဆောင်များကိုဖမ်းဆီးထားလျက်ရှိနေပြီး ပုဒ်မအမျိုးမျိုးဖြင့်အမှုဖွင့်တရားစွဲဆိုလျက်ရှိနေသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ၂၅ဖြင့်နိုင်ငံတော်သမ္မတကိုတစ်မှုတရားစွဲဆိုထားပြီးနိုင်ငံတော်အတိုင်ပင်ခံကိုလည်းသဘာဝဘေးအန္တရာယ်ဆိုင်ရာပုဒ်မ၂၅ဖြင့်ပင် နှစ်မှုစွဲဆိုထားသည်ကိုတွေ့ရသည်။

MPA

(ZAWGYI)

ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္အေပၚတြင္စြဲဆိုထားေသာ သဘာေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅ျဖင့္တရားစြဲဆိုထားမႈကိုလာမည့္ ေအာက္တိုဘာလ ၄ ရက္ေန႔တြင္ စြဲခ်က္တင္မတင္ အမိန႔္ခ်သြားမည္ျဖစ္ေၾကာင္းေရွ႕ေနအဖြဲ႕ထံမွသိသည္။

“လာမည့္႐ုံးခ်ိန္းျဖစ္တဲ့၄ရက္ေန႔႐ုံးခ်ိန္းမွာသမၼတဦးဝင္းျမင့္ကိုပုဒ္မ၂၅ႏွင့္ပတ္သက္ၿပီးစြဲခ်က္တင္မတင္အမိန႔္ခ်သြံားမွာျဖစ္ပါတယ္” ဟု ေရွ႕ေနအဖြဲ႕မွ တရားလႊတ္ေတာ္ေရွ႕ေနေဒၚမင္းမင္းစိုးကေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ပါတီဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ဒုဥကၠဌ(၁)ျဖစ္သည့္ ဦးဝင္းျမင့္တို႔ကို၂၀၂၀ ေ႐ြးေကာက္ပြဲမတိုင္မီ ကိုဗစ္ကာလစည္းကမ္းမ်ားကို ေဖာက္ဖ်က္၍ မဲဆြယ္ယာဥ္တန္းကို ႀကိဳဆိုခဲ့သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ အဆိုပါ သဘာဝေဘးအႏၲရာယ္စီမံမႈဥပေဒပုဒ္မအရအမႈဖြင့္တရားစြဲဆိုခဲ့ျခင္းျဖစ္သည္။ႏိုင္ငံေခါင္းေဆာင္ႏွစ္ဦးစလုံးကို ရဲမႉးျမင့္ႏိုင္မွတရားလိုျပဳလုပ္ကာ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

“အေၾကာင္းအရာေကာ၊ ေနရာေကာ အတူတူပါပဲ။ ဒါေပမဲ့သမၼတကိုသီးသန႔္စြဲတဲ့အမႈအတြက္စြဲခ်က္တင္မတင္အမိန႔္ခ်မွာျဖစ္သလိုအေမ့ကိုစြဲတဲ့အမႈအတြက္ကေတာ့အမိန႔္မခ်ေသးဘူး။ ကြၽန္မတို႔ကစြဲခ်က္တင္သင့္မတင္သင့္ကိုေလွ်ာက္လႊဲခ်က္ႏွစ္ဖက္ၾကားနာရပါဦးမွာပါ” ဟုေရွ႕ေနကဆိုသည္။

အၾကမ္းဖက္စစ္တပ္သည္အာဏာသိမ္းသည့္ေဖေဖာ္ဝါရီလ၁ရက္ေန႔မွစတင္ၿပီးယေန႔အခ်ိန္ထိႏိုင္ငံေခါင္းေဆာင္မ်ားကိုဖမ္းဆီးထားလ်က္ရွိေနၿပီး ပုဒ္မအမ်ိဳးမ်ိဳးျဖင့္အမႈဖြင့္တရားစြဲဆိုလ်က္ရွိေနသည္။

သဘာဝေဘးအႏၲရာယ္ဆိုင္ရာပုဒ္မ၂၅ျဖင့္ႏိုင္ငံေတာ္သမၼတကိုတစ္မႈတရားစြဲဆိုထားၿပီးႏိုင္ငံေတာ္အတိုင္ပင္ခံကိုလည္းသဘာဝေဘးအႏၲရာယ္ဆိုင္ရာပုဒ္မ၂၅ျဖင့္ပင္ ႏွစ္မႈစြဲဆိုထားသည္ကိုေတြ႕ရသည္။

MPA