ဘုရားကုန်းကျေးရွာက သံဃာတော်တွေအတွက် ဆန်၊ဝတ္ထုငွေနဲ့ လိုအပ်တာတွေလှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချော ခိုင်နှင်းဝေကတော့ ဒီနေ့မှာ သံဃာတော်အပါး(၃၀)အတွက် လိုအပ်တာတွေလှူဒါန်းတဲ့ အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

ခိုင်နှင်းဝေက နေ့တိုင်းလိုလို အလှူအတန်းတွေကိုပြုလုပ်နေခဲ့ပြီး လတ်တလောခရီးသွားနေချိန်မှာတောင် အပြတ်တမ်းအလှူတွေပြုလုပ်နေစဲပါ။

ဒီနေ့မှာ အလှူလေးပြုလုပ်ခဲ့တဲ့ အကြောင်းကိုလည်း ခိုင်နှင်းဝေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ဘုရားကုန်း ကျေးရွာလေးမှာ သံဃာတော် အပါး (၃၀) တို့ အား ဝတ္တုငွေ (၅)ထောင်၊ ဆန်(၃) ပြည်၊ကော်ဖီထုပ်များ လှူဒါန်းခဲ့ပါတယ်ရှင်..

ချစ်စရာကောင်းတဲ့ ရွာလေးမှာ အေးချမ်းပြီး ပျော်စရာများလဲ ကောင်းပါတယ်” ဆိုပြီး အလှူလေးကို မျှဝေဖော်ပြထားခဲ့ပါသေးတယ်။

ခိုင်နှင်းဝေက သူရဲ့ကုသိုလ်လေးကို မြင်သူ၊တွေ့သူ၊ကြားသုတွေအားလုံး သာဓုခေါ်ဆိုနိုင်စေဖို့လည်း မျှဝေပါတယ်ဆိုပြီး ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေကလည်း ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai

(ZAWGYI)








Source – Khine Hnin Wai