ခက်ခဲနေတဲ့အနုပညာသမားတွေအတွက် ဆန်၊ဆီ၊ကြက်ဥနဲ့ ဆေးဝါးတွေ လှူဒါန်းပေးခဲ့တဲ့ မေကဗျာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေကဗျာကတော့ ဒီနေ့မှာ ခက်ခဲနေတဲ့ အနုပညာရှင်တွေအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါတယ်

မေကဗျာကတော့ လတ်တလောကပ်ဘေးကာလမှာ အနုပညာလောကသားတွေအတွက် တတ်နိုင်သလောက်လှူဒါန်းပေးနေခဲ့တာပါ

ဒီနေ့စက်တင်ဘာလ (၂၈)ရက်နေ့မှာလည်း မေကဗျာက သူကိုယ်တိုင်လိုက်ပါပြီး အနုပညာသမားတွေအတွက် စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ကြက်ဥတို့နဲ့ ဆေးဝါးတွေကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်

အလှူလေးကိုတော့ အမြဲတမ်းလိုလို အလှူအကျိုးဆောင်ပေးနေတဲ့ သရုပ်ဆောင် အေးသီတာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်

မေကဗျာကတော့ အခုတစ်ခေါက်စားသောက်ကုန်လှူဒါန်းတဲ့အလှူလေးက ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ အလှူလေးပဲဖြစ်ပါတယ်

ပရိသတ်ကြီးရေ မေကဗျာရဲ့ မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်

Source – Aye Thida

(ZAWGYI)








Source – Aye Thida