(၇) ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းကာ ခက်ခဲနေသူတွေရဲ့ စားဝတ်နေရေးအတွက် စားသောက်ကုန်များ အလျှံပယ် လှူဒါန်းပေးခဲ့တဲ့ ခိုင်နှင်းဝေ

လူတိုင်းကတော့ အဆင်မပြေမှုတွေဆိုတာ ရှိစမြဲပါပဲ ။ အခုလို ကာလတွေမှာဆိုရင် ပိုလို့တောင် အခက်အခဲတွေ အကျပ်အတည်းတွေကို တစ်ခုမဟုတ်တစ်ခု ရှိနေကြလို့ အားတင်းကာ ရင်ဆိုင်ဖြေရှင်းနေကြရပါတယ် ။

ဒီလို အချိန်မှာ လက်လုပ်လက်စားနဲ့ လမ်းမှာ ရှာဖွေစားသောက်နေရတဲ့ အိုးမဲ့အိမ်မဲ့ ပြည်သူ အချို့ရဲ့ ဘဝတွေက ထင်ထားတာထက်တောင် ခက်ခဲနေကြမယ်ဆိုတာ အမှန်ပါပဲ ။

ဒါကြောင့်လည်း စေတနာအလှူရှင်တွေ စုပေါင်းပြီး အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ကူညီမှုတွေ ပြုလုပ်ပေးလျက်ရှိပါတယ် ။ အခုလည်း ခိုင်နှင်းဝေက ခုနှစ်ရက်သားသမီး အလှူရှင်တွေနဲ့ စုပေါင်းပြီး

အမြန်လမ်း ဘက်မှာရှိတဲ့ ရွာတွေက ပြည်သူတွေကို စားသောက်ကုန်များ ရက်ရက်ရောရော လှူဒါန်းခဲ့ပါတယ် ။

အလှူနဲ့ ပတ်သက်ပြီးလည်း ” အမြန်လမ်း ဘက်ရှိ ရွာများသို့ ဆန်(၆)ပြည်၊ ဆီ၊ငါးခြောက် ၊ငါးပိ၊ ငံပြာရည်၊ ကြာဇံထုပ်များ ကို အိမ်ခြေ (၂၀၀) စာ လှူဒါန်းပေးခဲ့ပါတယ်ရှင်..

ခုနှစ်ရက် သားသမီး အလှူရှင်များ အားလုံး နှင့် အလှူခံ ပုဂ္ဂိုလ်များ အားလုံး စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာကြပါစေရှင် ” ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Khine Hnin Wai

(ZAWGYI)

(၇) ရက္သားသမီး အလႉရွင္ေတြနဲ႔ စုေပါင္းကာ ခက္ခဲေနသူေတြရဲ႕ စားဝတ္ေနေရးအတြက္ စားေသာက္ကုန္မ်ား အလွ်ံပယ္ လႉဒါန္းေပးခဲ့တဲ့ ခိုင္ႏွင္းေဝ

လူတိုင္းကေတာ့ အဆင္မေျပမႈေတြဆိုတာ ရွိစၿမဲပါပဲ ။ အခုလို ကာလေတြမွာဆိုရင္ ပိုလို႔ေတာင္ အခက္အခဲေတြ အက်ပ္အတည္းေတြကို တစ္ခုမဟုတ္တစ္ခု ရွိေနၾကလို႔ အားတင္းကာ ရင္ဆိုင္ေျဖရွင္းေနၾကရပါတယ္ ။

ဒီလို အခ်ိန္မွာ လက္လုပ္လက္စားနဲ႔ လမ္းမွာ ရွာေဖြစားေသာက္ေနရတဲ့ အိုးမဲ့အိမ္မဲ့ ျပည္သူ အခ်ိဳ႕ရဲ႕ ဘဝေတြက ထင္ထားတာထက္ေတာင္ ခက္ခဲေနၾကမယ္ဆိုတာ အမွန္ပါပဲ ။

ဒါေၾကာင့္လည္း ေစတနာအလႉရွင္ေတြ စုေပါင္းၿပီး အမွန္တကယ္ လိုအပ္ေနတဲ့ ေနရာေတြကို ကူညီမႈေတြ ျပဳလုပ္ေပးလ်က္ရွိပါတယ္ ။

အခုလည္း ခိုင္ႏွင္းေဝက ခုႏွစ္ရက္သားသမီး အလႉရွင္ေတြနဲ႔ စုေပါင္းၿပီး အျမန္လမ္း ဘက္မွာရွိတဲ့ ႐ြာေတြက ျပည္သူေတြကို စားေသာက္ကုန္မ်ား ရက္ရက္ေရာေရာ လႉဒါန္းခဲ့ပါတယ္ ။

အလႉနဲ႔ ပတ္သက္ၿပီးလည္း ” အျမန္လမ္း ဘက္ရွိ ႐ြာမ်ားသို႔ ဆန္(၆)ျပည္၊ ဆီ၊ငါးေျခာက္ ၊ငါးပိ၊ ငံျပာရည္၊ ၾကာဇံထုပ္မ်ား ကို အိမ္ေျခ (၂၀၀) စာ လႉဒါန္းေပးခဲ့ပါတယ္ရွင္..

ခုႏွစ္ရက္ သားသမီး အလႉရွင္မ်ား အားလုံး ႏွင့္ အလႉခံ ပုဂၢိဳလ္မ်ား အားလုံး စိတ္ေရာ ကိုယ္ပါ က်န္းမာ ခ်မ္းသာၾကပါေစရွင္ ” ေရးသားထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ ။

Yuan – Cele Zone

Photo – Khine Hnin Wai