မြန်မာက အာဆီယံမှာ ငွေကြေးဖောင်းပွမှု အများဆုံးနိုင်ငံ ဖြစ်လာ

မြန်မာက အာဆီယံမှာ ငွေကြေးဖောင်းပွမှု အများဆုံးနိုင်ငံ ဖြစ်လာ

စက်တင်ဘာ ၂၇

အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ အမြင့်ဆုံးဖြစ်လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ၏ စက်တင်ဘာလ အစီရင်ခံစာအရ သိရပါတယ်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၆ ဒဿမ ၂ ရာခိုင်နှုန်းဖြစ်ပါတယ်။

အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ထိုင်းနိုင်ငံအနေဖြင့် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ဘရူနိုင်း ၁ ဒဿမ ၃ ရာခိုင်နှုန်း၊ စင်ကာပူ ၁ ဒဿမ ၆ ရာခိုင်နှုန်း၊ အင်ဒိုနီးရှား ၁ ဒဿမ ၇ ရာခိုင်နှုန်း၊ အရှေ့တီမော ၂ ဒဿမ ၃ ရာခိုင်နှုန်း၊ မလေးရှား ၂ ဒဿမ ၅ ရာခိုင်နှုန်း၊

ဗီယက်နမ် ၂ ဒဿမ ၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီယား ၂ ဒသမ ၉ ရာခိုင်နှုန်း၊ လာအို ၃ ဒဿမ ၇ ရာခိုင်နှုန်း၊ ဖိလစ်ပိုင် ၄ ဒဿမ ၁ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံ၌ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ပြင်ပငွေကြေးလဲလှယ်သည့် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ကျော်အထိ စံချိန်တင် မြင့်တက်နေကြောင်း သိရပါတယ်။

ဒေါ်လာစျေးစံချိန်တင်မြင့်တက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးနှုန်းမှာလည်း အကယ်ဒမီရွှေတစ်ကျပ်သားကို ကျပ်သိန်း ၂၀ နီးပါးရောက်လုအထိ စံချိန်ချိုး မြင့်တက်လာနေပြီး စက်သုံးဆီစျေးနှုန်းမှာလည်း ယခင်ကစျေးထက် ၉၀ ရာခိုင်နှုန်းမြင့်တက်နေခြင်းဖြစ်ပါတယ်။

ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ GDP သည် ၁၈ ဒဿမ ၄ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းလည်း အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။

Myanmaplatform

(ZAWGYI)

ျမန္မာက အာဆီယံမွာ ေငြေၾကးေဖာင္းပြမႈ အမ်ားဆုံးႏိုင္ငံ ျဖစ္လာ

စက္တင္ဘာ ၂၇

အာဆီယံႏိုင္ငံမ်ားတြင္ ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈမွာ အျမင့္ဆုံးျဖစ္လာေၾကာင္း အာရွဖြံ႕ၿဖိဳးေရးဘဏ္ ADB ၏ စက္တင္ဘာလ အစီရင္ခံစာအရ သိရပါတယ္။

အဆိုပါအစီရင္ခံစာအရ ျမန္မာႏိုင္ငံ၏ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ၆ ဒႆမ ၂ ရာခိုင္ႏႈန္းျဖစ္ပါတယ္။

အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ေငြေၾကးေဖာင္းပြမႈႏႈန္းမွာ ထိုင္းႏိုင္ငံအေနျဖင့္ ၁ ဒသမ ၁ ရာခိုင္ႏႈန္း၊ ဘ႐ူႏိုင္း ၁ ဒႆမ ၃ ရာခိုင္ႏႈန္း၊ စင္ကာပူ ၁ ဒႆမ ၆ ရာခိုင္ႏႈန္း၊ အင္ဒိုနီးရွား ၁ ဒႆမ ၇ ရာခိုင္ႏႈန္း၊ အေရွ႕တီေမာ ၂ ဒႆမ ၃ ရာခိုင္ႏႈန္း၊ မေလးရွား ၂ ဒႆမ ၅ ရာခိုင္ႏႈန္း၊

ဗီယက္နမ္ ၂ ဒႆမ ၈ ရာခိုင္ႏႈန္း၊ ကေမာၻဒီယား ၂ ဒသမ ၉ ရာခိုင္ႏႈန္း၊ လာအို ၃ ဒႆမ ၇ ရာခိုင္ႏႈန္း၊ ဖိလစ္ပိုင္ ၄ ဒႆမ ၁ ရာခိုင္ႏႈန္းရွိေၾကာင္း သိရပါတယ္။

လက္ရွိျမန္မာႏိုင္ငံ၌ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းမွာ ျပင္ပေငြေၾကးလဲလွယ္သည့္ ေစ်းကြက္တြင္ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၁၀၀ ေက်ာ္အထိ စံခ်ိန္တင္ ျမင့္တက္ေနေၾကာင္း သိရပါတယ္။

ေဒၚလာေစ်းစံခ်ိန္တင္ျမင့္တက္လာမႈႏွင့္အတူ ျပည္တြင္းေ႐ႊေစ်းႏႈန္းမွာလည္း အကယ္ဒမီေ႐ႊတစ္က်ပ္သားကို က်ပ္သိန္း ၂၀ နီးပါးေရာက္လုအထိ စံခ်ိန္ခ်ိဳး ျမင့္တက္လာေနၿပီး စက္သုံးဆီေစ်းႏႈန္းမွာလည္း ယခင္ကေစ်းထက္ ၉၀ ရာခိုင္ႏႈန္းျမင့္တက္ေနျခင္းျဖစ္ပါတယ္။

ထို႔ျပင္ ၂၀၂၁ ခုႏွစ္အတြက္ ျမန္မာႏိုင္ငံ၏ GDP သည္ ၁၈ ဒႆမ ၄ ရာခိုင္ႏႈန္း က်ဆင္းႏိုင္ေၾကာင္းလည္း အာရွဖြံ႕ၿဖိဳးေရးဘဏ္က ခန႔္မွန္းထားပါတယ္။

Myanmaplatform