သိဒ္ဓိဝင်ကျွန်းနက်အကြောင်း (ပဋ္ဌာန်းဆက်ရှိသူများပိုင်ဆိုင်နိုင်ကြပါစေ)

ကျွန်းနက်ဟာရေအောက်ထဲမှာပေါက်ရောက်တဲ့ကျွန်းပင်တစ်မျိုးပါ အလွန်ရှားပြီး သိဒ္ဓိရှိပါတယ်

ကျွန်းနက် ၂၇ငွေနဝင်း အသားဖြစ်တဲ့အတွက်ပုတီးစီရင်ပြီးထိုပုတီးဖြင့် ဂုဏ်တော်၉ပါးနေ့တိုင်းစိပ်ပါက လာဘ်ရွှင်စေပါတယ်
ကျွန်းနက်အသားကိုဆောင်ထားရုံဖြင့်ပယောဂအတိုက်ကင်းစေတယ်သရဲမခြောက်စေ မကပ်စေပါဖူး (သရဲတစ်ဆေကြောက်တတ်သူများအထူးဆောင်သင့်ပါတယ်) အိမ်မက်ဆိုးတွေမမက်စေပါဖူး

ကျွန်းနက်စစ်မစစ် စမ်းနည်းကတော့မီးရှို့ပြာချရင် ပြာဟာရွှေရောင်ဖြစ်ပြီး သံလိုက်နှင့်ကပ်ပါကပြာများကပ်ပါလာပြီး
သံလိုက်နေခြင်းပဲဖြစ်ပါတယ်
အလွန်ရှားပါးပြီးသိဒ္ဓိဝင်အသားတစ်မျိုး ဖြစ်တာကြောင့်လောကီသားများအကြိုက်လည်းဖြစ်ပါတယ်
အိမ်တွင်ဘုရားထုလုပ်ပူဇော်လိုရာဆုတောင်းပြည့်စေသည့်အတွက် တချို့ဆို ၅လက်မပတ်လည်၁တုံးကို
၄သိန်းခွဲလောက်နဲ့ဝယ်ပြီးဘုရားထုကြတာလည်း
မြင်တွေ့ဖူးပါတယ် (သစ်ကနက်သားထက်၁၀ဆရှားပါတယ်)

ဘုရားထုမည်ဆို အိမ်စီးပွားတိုးဖို့ ဇဗ္ဗူ မုနိ မဟာမုနိ ကုမဏ္ဍီရုံးခန်း စျေးဆိုင်များတွင်ပူဇော်ကိုးကွယ်မည်ဆိုပါက လာဘမုနိ
ရှင်သီဝလိ ရှင်ဥပဂုတ် တို့ထုလုပ်ပူဇော်ကြပါတယ်

မိတ်ဆွေတယောက် မှာယူပူဇော်ထုလုပ်တဲ့ရှင်ဥပဂုတ်ဟာဆိုရင်
ဆိုင်ရှေ့အရောင်တင်နေတုန်းတွင်ပင်ထိုဆိုင်တွင်စျေးဝယ်သူများတဖွဲဖွဲကျလာထူးထူးခြားခြားမြင်တွေ့ရပါတယ် နောက်ပြီး
ဝိဇ္ဇာဓာတ်နှင့် နဂါးသိုက်တို့နဲ့ဆက်စပ်ပြီးပြဌာန်းဆက်ရှိသူများသာပိုင်ဆိုင်ခွင့်ရှိပါတယ်

အတက်ရောဂါ ရှိသူများကတော့ မီးရှို့ပြီးအငွေ့ကိုရှုစေခြင်းဖြင့်
အတက်ရောဂါသက်သာစေပါတယ်
ဆေးအဖြစ်ကတော့ ကျွန်းနက်ပြာကိုပျားရည်နှင့်ရောကာတစ်နေ့တစ်ဇွန်းစားပေးပါက နှလုံးလေငန်းသွေးတိုးရောဂါတို့ပါသက်သာစေတဲ့အပြင်နေတိုင်းပုံမှန်စားပါကအသက်ရှည်စေပါတယ်

ဝိဇ္ဇာလမ်း ထွက်ရပ်လမ်းကိုလိုက်သူများ အဂ္ဂိရတ်ထိုးရာတွင် သံဓာတ်လုံးထိုးရန် သံအနှစ်သားကျွန်းနက်မှထုတ်ယူကြပါတယ်။


စာချိုးအရပြောရမယ်ဆိုရင်တော့
လက်ခတ်သံကျွန်းဖိုသားသောင်းတိုင်က ကြားသလေလေဆိုသောသီချင်းမှာ ကျွန်းနက်ကိုဆိုလိုကြောင်း မှတ်သားဖူးပါတယ်
အထက်ကောင်းကင်အထိပင်လက်ခမောင်းခတ်လောက်အောင် သိဒ္ဓိ၀င်စေသောသံမှာ ကျွန်းနက်သံဖြစ်သည်ဟုလည်းဆိုကြပါတယ်

.
Credit : ဆြာမင်းသိဒ္ဓိ

………………………………………….

#ကျွန်းနက်
=======

အချို့ ကျွန်းနက်ကို စိတ်၀င်စားကြသည်။ မေးကြသည်။ကျွန်တော်လည်းစိတ်၀င်စားမိ၍ တတ်သိသမျှလေ့လာခဲ့ဖူးပါသည်။

#ဆေးအသုံး
========

အတက်ရောဂါရှင်များဆောင်ထားတတ်ကြပြီ။တက်သည်နှင့်
ကျွန်းနက်ကို မီးရှို့ပြီးအနံ့ရှုရသည်။ထိုပြင်ကိုယ်လက်ကိုက်ခဲ
ထုံကျင်သူများ ကြောင်ပန်းငယ်နှင့်ရောသွေးပြီး ကိုယ်ခန္ဓာ
အားလိမ်းကျံနှိပ်နယ်က သက်သာပျောက်ကင်းကြသည်။

#ကျွန်းနက်ဇာတိ
==========

ရေနံမြေများနှင့်ပတ်သက်ဆက်နွယ်သောဒေသ များတွင် ပေါက်ရောက်ပါသည်။ ကျွန်းနက်နှင်ပတ် သက်ပြီး ဒေသခံတစ်ဦးအဆိုအရ ကျွန်းနက် မူရင်း သည် ကျွန်းဖိုပင်ဖြစ်သည်ဆိုသည်။

#ကျွန်းနက်ကိုမီးရှို့ပါလျှင်
================

မီးရှို့ပါက ဦးစွာဂတ်ငွေ့(ရေနံနှင့်ကျွန်းသား) မီးလောင်သည်နံ့ရပါသည်။ ရသောပြာမှာအုတ်နီခဲ မှုန့်နီညိုရောင်ဖြစ်ပါသည်။ထူးခြားသည်က ထျိုအုတျနီခဲရောငျ ကျွန်းနက်ပြာမှုန့်များ သံလိုက်နေခြင်းဖြစ်ပါသည်။

#အဂ္ဂိရတ်နှင့်ဗဟုသုတ
==============

၀ိဇ္ဇာဓရ လမ်းစဉ်လိုက်သူများ အဂ္ဂိရတ်ထိုးရာတွင် သံဓာတ်လုံးထိုးရန် သံအနှစ်သားထုတ်ယူကြပါ သည်။ စာဆိုအရ လက်ခတ်သံကျွန်းဖိုသားသောင်တိုင်က ကြားသလေလေဆိုသောသီချင်းမှာ ကျွန်းနက်ကိုဆိုလိုကြောင်း ဆိုကြသည်။

#သိဒ္ဓိင်တဲ့ကျွန်းနက်သံဓာတ်လုံး
====================

အထက်ကောင်းကင်အထိပင် လက်ခမောင်းခတ်လောက်အောင် သိဒ္ဓိ၀င်သော သံမှာ ကျွန်းနက်သံဖြစ် သည်ဟုဆိုကြခြင်းပင်။

#တွေ့ရှိတတ်သောဒေသ
=================
သိပ္ပံဆန်သော အသိအရကျွန်းနက်ကို ကမ်းလွန်ပင်လယ်နေရာများ၊ရေနံထွက်ရာ မကွေး ၊ရေနံချောင်း၊ချောက်၊ကလေးစသည့် နေရာများတွင်တွေ့ရတတ်ပါသည်။

#ကျွန်းနက်ရေပေါ်ပေါ်မပေါ်
==================
ရေပေါ်ပေါ်ခြင်းလည်းရှိသည်။မပေါ်ခြင်းလည်းရှိပါ သည်။ အနှစ်သားပါ၀င်မှုပေါ်လည်းမူ တည်သည်ထင်ပါသည်။

#ရေဆန်တယ်ဆိုခြင်း
=============
အချို့ကျွန်းနက်ကို ရေဆန်ကြောင်းဆိုကြသော်လည်း ကျွန်တော်တွေ့ဖူးသော ကျွန်းနက်များမှာ ရေဆန်ခြင်းမရှိပါ။

#ကျွန်းနက်စျေးကွက်
=============
အချို့ ပိဿာဖြင့် အရောင်းအ၀ယ်ရှိကြောင်း၊ တရုတ်က၀ယ်ကြောင်း ပြောဆိုသံများ ကြားဖူးပါသည်။ သို့သော်အချို့ ပန်းပုထု သူများ၀ယ်ယူကြသည်ကိုတွေ့ရပြီး၊ တရုတ်ပြည်မှ အနည်းငယ်မျှ၀င် ယူခြင်းသာ ရှိပါသည်။ တိတိ ကျကျစျေးရခြင်းမရှိကြောင်း။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးမှ ပန်းပုဆိုင်များကဆိုပါ သည်။ထိုဆိုင်များတွင်လည်း ကျွန်းနက် ဆင်တုတော်တို့ထုလုပ်နေခြင်းရှိပါသည်။
ကျွန်းနက်ဆင်းတုတော်အိမ်မှာထားလျှင်ခိုက် သည်ဆိုသည်မှာလည်း မဟုတ်ပါကြောင်း တင်ပြလို ပါသည်။

#ကျွန်းနက်အသုံး
===========
ဘုရားဆင်တုတော်၊ရဟန္တာရုပ်များ၊အခြား သောပန်းပုနှင့် လူ့အသုံးအဆောင်ပစ္စည်းများ အတွက်အသုံးပြုခြင်းရှိပါသည်။ကျန်သူများမှာ အဂ္ဂိရတ်အတွက် သံနုဓာတ်ထုတ်ယူသူများသာ သုံးသည်သာတွေ့မြင်ရပါသည်။မည်သို့ဆိုဆို ကျွန်းနက်မှာ မီးရှို့ပါက အုတ်နီရောင်းပြာများဖြစ်ပြီး သံလိုက်နေသည်ကပင် ထူးခြားနေသလိုဖြစ်နေ တော့သည်။

ကျွန်းနက်နှင့်ပတ်သက်ပြီး #သိဒ္ဓိ၀င်ကျွန်းနက်စာမူကို #နက္ခတ္တရောင်ခြည်မဂ္ဂဇင်းအမှတ်(၃၆၂)တွင်ရေးဖူးပါသည်။ မိမိသိသောကျွန်းနက် အကြောင်းသာဖြစ်ပါ သည်။
သိမီသမျှသာ ပိုမိုကျယ်ပြန့်စွာသိသူတို့လည်းရှိနေပေလိမ့်မည်။

credit
#ရဲမျိုးသူ(ဗောဓိမြိုင်)
#Gcom