ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရေသာ မိခင်ဖြစ်သူ၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည့် သားလိမ်မာလေး

ကင်ဆာရောဂါနောက်ဆုံးအဆင့်ကို ခံစားနေရေသာ မိခင်ဖြစ်သူ၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည့် သားလိမ်မာလေး

လူသားတိုင်းက သေခြင်းတရားကို လွန်ဆန်၍မရသော်လည်း နောက်ဆုံးလက်ကျန်အချိန်လေးတွင် သူတို့ချစ်သော မိသားစု သူငယ်ချင်း စသဖြင့် မြင်ချင်တွေ့ကြပြီး သားသမီးတွေရှိလျှင်လည်း သူတို့ကောင်းစားနေတာလေးကို မြင်တွေ့ချင်ကြသည်။

ယခုအခါတွင်လည်း စင်္ကာပူနိုင်ငံမှ အသက် ၇၁နှစ်အရွယ် မိခင်တစ်ဦးသည် ကံဆိုးစွာဖြင့် ပန်းကရိယက်ကင်ဆာရောဂါဝေဒနာကို နောက်ဆုံးအဆင့်ဖြင့် ခံစားနေရသည်။

ထို့ကြောင့် ဆရာဝန်မှ မိခင်ဖြစ်သူကို အသက်ရှင်ဖို့ရာ လပိုင်းအနည်းငယ်သာလိုတော့သည်ဟု အသိပေးလိုက်သောအခါ သူမရဲ့စိတ်ထဲမှာ သူ့သားအကြောင်းပဲ စဥ်းစားနေခဲ့သည်။

အကြောင်းမှာ မိခင်ဖြစ်သူသည် မသေခင်အချိန်လေးတွင် အသက် ၃၅နှစ်အရွယ် သားဖြစ်သူဧ။် မင်္ဂလာဆောင်ကို မြင်သွားချင်ခဲ့ခြင်းဖြစ်သည်။

ထိုစဥ် သားဖြစ်သူသည် မိခင်မရှိချိန်မှ နောင်တမရချင်၍ သူချစ်သောမိန်းကလေးမှာလည်း အဆင်သင့်ရှိနေ၍ မြန်မြန်ဆန်ဆန်လက်ထပ်ရန် စီစဥ်ခဲ့ကြသည်။

ထို့နောက် မိခင်ဖြစ်သူကို လူနာကုတင်နှင့်အတူ လှပသော အဝတ်အစားလေးဝတ်ဆင်ပေးကာ မင်္ဂလာပွဲအား ပျော်ပျော်ရွှင်ရွှင်ကျင်းပရင်း မိခင်ဧ။်နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။

Crd-Original Post

(ZAWGYI)

ကင္ဆာေရာဂါေနာက္ဆုံးအဆင့္ကို ခံစားေနေရသာ မိခင္ျဖစ္သူ၏ဆႏၵကို ျဖည့္ဆည္းေပးခဲ့သည့္ သားလိမ္မာေလး

လူသားတိုင္းက ေသျခင္းတရားကို လြန္ဆန္၍မရေသာ္လည္း ေနာက္ဆုံးလက္က်န္အခ်ိန္ေလးတြင္ သူတို႔ခ်စ္ေသာ မိသားစု သူငယ္ခ်င္း စသျဖင့္ ျမင္ခ်င္ေတြ႕ၾကၿပီး သားသမီးေတြရွိလွ်င္လည္း သူတို႔ေကာင္းစားေနတာေလးကို ျမင္ေတြ႕ခ်င္ၾကသည္။

ယခုအခါတြင္လည္း စကၤာပူႏိုင္ငံမွ အသက္ ၇၁ႏွစ္အ႐ြယ္ မိခင္တစ္ဦးသည္ ကံဆိုးစြာျဖင့္ ပန္းကရိယက္ကင္ဆာေရာဂါေဝဒနာကို ေနာက္ဆုံးအဆင့္ျဖင့္ ခံစားေနရသည္။

ထို႔ေၾကာင့္ ဆရာဝန္မွ မိခင္ျဖစ္သူကို အသက္ရွင္ဖို႔ရာ လပိုင္းအနည္းငယ္သာလိုေတာ့သည္ဟု အသိေပးလိုက္ေသာအခါ သူမရဲ႕စိတ္ထဲမွာ သူ႔သားအေၾကာင္းပဲ စဥ္းစားေနခဲ့သည္။

အေၾကာင္းမွာ မိခင္ျဖစ္သူသည္ မေသခင္အခ်ိန္ေလးတြင္ အသက္ ၃၅ႏွစ္အ႐ြယ္ သားျဖစ္သူဧ။္ မဂၤလာေဆာင္ကို ျမင္သြားခ်င္ခဲ့ျခင္းျဖစ္သည္။

ထိုစဥ္ သားျဖစ္သူသည္ မိခင္မရွိခ်ိန္မွ ေနာင္တမရခ်င္၍ သူခ်စ္ေသာမိန္းကေလးမွာလည္း အဆင္သင့္ရွိေန၍ ျမန္ျမန္ဆန္ဆန္လက္ထပ္ရန္ စီစဥ္ခဲ့ၾကသည္။

ထို႔ေနာက္ မိခင္ျဖစ္သူကို လူနာကုတင္ႏွင့္အတူ လွပေသာ အဝတ္အစားေလးဝတ္ဆင္ေပးကာ မဂၤလာပြဲအား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္က်င္းပရင္း မိခင္ဧ။္ေနာက္ဆုံး ဆႏၵကို ျဖည့္ဆည္းေပးခဲ့သည္။

Crd-Original Post