ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်းရာမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ကိုယ်ထူကိုယ်ထကွန်ကရစ်လမ်းခင်းရာမှာ တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့မှာ ကိုယ်ထူကိုယ်ထ လမ်းခင်းနေတဲ့ဆီမှာ သူတတ်နိုင်သလောက်ပါဝင်လှူဒါန်းပေးခဲ့ပါတယ်။

ခန့်စည်သူကတော့ လတ်တလောမှာနေ့တိုင်းလိုလို အလှူအတန်းတွေကို ပြုလုပ်နေခဲ့ပါတယ်။ဒီနေ့မှာလည်း ခန့်စည်သူက စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်၊တံဆိတ်ရွာမှ တန့်ဆည်မြို့သို့သွားသော

ကွန်ကရစ်လမ်းခင်းနေတဲ့ဆီမှာ သူတတ်နိုင်သလောက် ပါဝင်လှူဒါန်းတဲ့အနေနဲ့ အလှူငွေ(၁၀၀၀၀၀)ကျပ်ကို လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ခန့်စည်သူကတော့ သူ့ရဲ့အလှူလေးကို ပရိသတ်တွေသာဓုခေါ်ဆိုနိုင်စေဖို့ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်စေဖို့ ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

ပရိသတ်ကြီးတွေလည်း ခန့်စည်သူရဲ့အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Kyaw Soe Win

(ZAWGYI)








Source – Kyaw Soe Win