ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင် သီပေါမင်း ဘာကြောင့်ထွက်မပြေးခဲ့တာလဲ

ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင် သီပေါမင်း ဘာကြောင့်ထွက်မပြေးခဲ့တာလဲ

သီပေါမင်း ဘာကြောင့်ထွက်မပြေးခဲ့တာလဲ

သီပေါမင်း ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံးဘုရင်၊ ဗြိတိသျှတွေအလွယ်တကူသိမ်းပိုက်သွား ခဲ့တဲ့ မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်း၊ တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲ ဒီကိစ္စဟာအားလုံးသိပြီးသား ဖြစ်သလို ဘုံဘေဘားမားကုမ္ပဏီသစ်ခိုးထုတ်တဲ့ကိစ္စကနေစတင်ရမယ်လို့ဆိုရမှာပါ

ဘုံဘေဘားမားကို မြန်မာအစိုးရက ဒဏ်ငွေရိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မကျေနပ်တာကြောင့် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုရပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒိအချိန်က မြန်မာနိုင်ငံဟာ အင်္ဂလိပ်နဲ့ပြင်သစ်နိုင်ငံနှစ်ခုရဲ့အရိပ်အာဝါသအောက်ကိုရောက်နေပြီလို့ဆိုရမှာပါ

ဘာလို့လဲဆို တော့ နန်းတော်မှာအာဏာကြီးတဲ့ လက်နက်ဝန်ကြီး ကင်းဝန်မင်းကြီးဟာ အနောက်နိုင်ငံတွေကို သံတမန်ခရီးရောက်ဖူးတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဗြိတိသျှတို့ရဲ့တိုးတက်ပုံအင်အားကြီးပုံကို အားကျရတဲ့သူဖြစ်ပြီး သူနဲ့အပြိုင် စစ်ဘက်ဆိုင်ရာအရာရှိတွေရဲ့လေးစားမှု့ကိုခံရတဲ့

တိုင်းတား မင်းကြီးကတော့ ပြင်သစ်တွေနဲ့မဟာမိတ်ဖွဲ့ဖို့ကြိုးစားနေသူတစ်ဦးပါ။ ဒီနှစ်ဦးနဲ့အပြိုင် နောက်တစ်ဦးရှိပါသေးတယ် အဲ့ဒါကတော့ မြန်မာဘုရင့်ရေတပ်ရဲ့ ဦးစီးချုပ် လှေသင်းအတွင်းဝန် မင်းကြီးပါ။ မြန်မာ့နန်းတွင်းမှာ ကင်းဝန်ဂိုဏ်း၊ တိုင်းတားဂိုဏ်း၊ လှေသင်းအတွင်းဝန်ဂိုဏ်း ရယ်လို့

မညီမညွတ်ဖြစ်နေတဲ့အချိန်မှာ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ခဲ့သူတွေကတော့ ဗြိတိသျှတွေပါပဲ။


ဆင်ပေါင်ဝဲခံတပ်၊ ထူးပေါက်ခံတပ်၊ ကွေ့ချောင်းခံတပ်၊ မင်းလှခံတပ် ခံတပ်ကြီးတွေအဆင့်ဆင့် ကျဆုံးကုန်ပြီ မင်းလှခံတပ်မှာ အောက်မြစ်စဉ်စစ်ကြောင်းဗိုလ်ချုပ် လှေသင်းအတွင်းဝန် ကိုယ်တိုင်ကျဆုံးပြီး ဆင်ကျုံးခံတပ်၊ သပြေတန်းခံတပ်နဲ့ အစေခံ ခံတပ်တို့လက်နက်ချလိုက်ရပြီ မြန်မာ-အင်္ဂလိပ်စစ်မျက်နှာသုံးခုမှာ

တောင်ငူစစ်ကြောင်းက ဗိုလ်ချုပ်ရွှေလှံဗိုလ်ရဲ့တပ်တွေက လွဲရင်ကျန်တဲ့တပ်တွေအားလုံးရှုံးနိမ့်သွားပြီး ဗြိတိသျှတွေ ဂေါဝိန်ဆိပ်ကနေတဆင့် မန္တလေးမြို့ထဲအထိရောက်လာပြီ ဒါပေမဲ့နန်းတော်စောင့်တပ်ကလဲထွက်မတိုက်ဘူး ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့လဲထွက်မတိုက်ဘူး မဟာမိတ်ဖြစ်တဲ့ ရှမ်းစော်ဘွားတွေရဲ့ မြောက်ပိုင်းတပ်မဟာလဲစစ်ကူမလာဘူး

နန်းမြို့ရိုးတံခါးတွေဖွင့်ထားတယ် သီပေါဘုရင် ကိုယ်တိုင် ဗြိတိသျှခေါင်းဆောင် ကာနယ်စလေဒင်ကို ဧည့်ခံလိုက်သေးတယ် ဟောမကြာပါဘူး သီပေါဘုရင်တို့မိသားစု ဗြိတိသျှသင်္ဘောပေါ်ပါသွားတယ် ၁၈၈၆ ခု ဇန်နဝါရီလ ၁ ရက်နေ့ကစတင်ပြီး မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာထဲသွတ်သွင်းလိုက်ကြောင်း ကြေငြာတယ် ဘယ်လောက်လွယ်လိုက်သလဲ

ဒီနေရာမှာ သပြေတန်းခံတပ်တို့ဘာကြောင့်လက်နက်ချလိုက်သလဲဆိုတာတော့အားလုံးသိပြီး သားဖြစ်မှာပါ။ ဒါပေမဲ့မေးစရာရှိတာက စစ်ရှုံးနေတာတောင်သီပေါဘုရင်ဟာ ဘာကြောင့် တခြားနေရာကိုထွက်မပြေးဘဲ မခုခံဘဲအရှုံးပေးလိုက်ရတာလဲ။ ဘာလို့လဲဆိုတော့ ကိစ္စအားလုံးက ကင်းဝန်မင်းကြီးရဲ့နိုင်ငံချစ်စိတ်အပေါ်ကိုအသုံးချခဲ့တဲ့

အင်္ဂလိပ်တွေကြောင့်လို့ပဲဆိုရမှာပါ စစ်ပွဲကြီးစတင်တော့မယ်ဆိုကတည်းက ကင်းဝန်မင်းကြီးဟာ စစ်တိုက်ဖို့လိုလားတဲ့သူမဟုတ်ပါ ကင်းဝန်မင်းကြီးရဲ့အမြင်အရ မြန်မာတပ်တွေနဲ့ အင်္ဂလိပ်တပ်တွေရဲ့အင်အားအား မိုးနဲ့မြေလောက် ကွာခြားနေပြီး တိုက်လဲမြန်မာတွေဘက်က နိုင်မှာမဟုတ်ဘူးဆိုတာကို ရိပ်မိ တာကြောင့်

အင်္ဂလိပ်တွေတောင်းဆိုတဲ့အချက်ကိုသာ စာချုပ်ချုပ်ပြီး ပြဿနာကိုမြန်မြန် ပြီးဆုံးလိုက်ချင်သူပါ ဒါပေမဲ့ စိတ်ဓာတ်ပြင်းထန်တဲ့တိုင်းတာမင်းကြီးတို့ကြောင့် တတိယအင်္ဂလိပ်မြန်မာစစ်ပွဲစတင်ခဲ့တယ်လိုဆိုရမှာပါ။

ခံတပ်တွေအဆင့်ဆင့်ကျဆုံးပြီးတဲ့ နောက်မှာတော့ မြန်မာနန်းတွေကနေ ပို့လိုက်တဲ့ကြေးနန်းတစ်စောင် ရှေ့တမ်းတပ်တွေဆီ ရောက်ရှိလာပါတယ် အဲ့ဒါကတော့ ကင်းဝန်မင်းကြီးရေးတဲ့ “မခုခံရ၊ ခုခံလျှင်သူပုန်” ဆိုတဲ့ ကြေးနန်းစာပဲဖြစ်ပါတယ်။

ဟုတ်ပါတယ် လှေသင်းအတွင်းဝန်ကိုယ်တိုင်ကျဆုံးသွားခဲ့ပေမဲ့ ကင်းဝန်မင်းကြီးရဲ့အမြင်မှာ အင်္ဂလိပ်တွေလိုရာလိုလိုက်လျှောလိုက်ရင် အသက်သေဆုံးမှု့တွေလျော့ပါးပြီး အားလုံးအဆင်ပြေ သွားမယ်ထင်ခဲ့တာပါ။ ဒါကဗြိတိသျှတွေကင်းဝန်မင်းကြီးကိုကျွေးခဲ့တဲ့ ဂျင်းပါ၊ နောက်ဂျင်းတစ်ခု က အသက်ငယ်ရွယ်ပြီး

နန်းတော်မှာမိဖုရားအုပ်စိုးနေတာကိုမလိုလားတဲ့ မြန်မာပြည်သူတွေကို ဗြိတိသျှတွေကျွေးခဲ့တဲ့ဂျင်းပါ၊ အဲ့ဒါကတော့ သီပေါမင်းကိုနန်းချပြီး ညောင်းရမ်းမင်းသားကြီးကို နန်းတင်ပေးမယ်ဆိုတဲ့ကိစ္စပါ။ မန္တလေးကိုရောက်တဲ့အချိန်မှာ ဗြိတိသျှတွေရဲ့စစ်သင်္ဘောဦးမှာ မင်းသားတစ်ပါးကိုထိုင်လျှက်သားပါလာပါတယ်၊

ဒါပေမဲ့ မြန်မာတွေထင်သလို ညောင်ရမ်းမင်းသားကြီးတော့မဟုတ်ပါဘူး၊ ညောင်ရမ်းမင်းသားကြီးနဲ့ရုပ်ချင်းဆင်တူတဲ့ အင်္ဂလိပ်အမှုထမ်း ဦးဘသန်းဆိုတဲ့သူပဲဖြစ်ပြီး ညောင်ရမ်းမင်းသားကြီးက အိန္ဒိယမှာကွယ်လွန် သွားခဲ့ပါပြီ။ ဒီနှစ်ချက်ကြောင့် သီပေါဘုရင်ကိုစိတ်ကုန်နေတဲ့ ရှမ်းစော်ဘွားတွေနဲ့ အခြားလက်

အောက်ခံမြို့စား နယ်စားတွေက သီပေါမင်းကိုစစ်ကူပေးခဲ့ခြင်းမရှိတာကြောင့် သီပေါဘုရင်ဟာ ဗြိတိသျှတွေကို အင်အား ၃ သောင်းခန့်သာရှိတဲ့ ဘုရင့်အမြဲတမ်းတပ်ဖွဲ့တစ်ခုတည်းနဲ့ပဲရင်ဆိုင် ခဲ့ရပြီး ဒီအင်အားဟာ ကုန်းဘောင်မင်းဆက်အစအဆုံးမှာ အင်အားအနည်းဆုံးဖြစ်ပါတယ်။

ခံတပ်တွေကျဆုံးပြီတဲ့အချိန််မှာ သီပေါဘုရင်ဟာ ပစ္စည်းတွေသိမ်းဆည်း မိဖုရားတွေ ကိုယ်ရံတော်တပ်ဖွဲ့တွေနဲ့အတူ ရွှေဘိုကို တိတ်တဆိတ်ထွက်ခွာဖို့ပြင်ဆင်ခဲ့ပြီး အဲ့ဒိကနေတဆင့် မဟာမိတ်ရှမ်းစော်ဘွားတွေနဲ့ပူးပေါင်းဖို့ပြင်ဆင်ခဲ့ပါသေးတယ်။

ဒါပေမဲ့ ဗြိတိသျှတွေနဲ့ စာချုပ်ချုပ်ဆိုလိုက်ရင်အဆင်ပြေသွားလိမ့်မယ်လို ထင်နေသေးတဲ့ ကင်းဝန်မင်းကြီးဦးကောင်းနဲ့ ဆင်ဖြူမရှင်မိဖုရားခေါင်ကြီးတို့က တားမြစ်တဲ့အတွက်ကြောင့် သီပေါဘုရင်ရဲ့ ရွှေဘိုခရီးစဉ် ပျက်ခဲ့ရပြီး ဗြိတိသျှတွေနဲ့ စာချုပ်ဆိုပြီးရင်အဆင်ပြေသွားမှာပဲလို့ ယုံကြည်ခဲ့တဲ့အတွက်ကြောင့် ကာနယ်စလေဒင်ကိုတောင် ဧည့်သည်တော်တစ်ဦးလို

ဧည့်ခံခဲ့ပြီး ဗြိတိသျှတွေလိုချင်တာက မြန်မာနိုင်ငံတစ်ခုလုံးဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ မြန်မာနန်းတွင်းကို ဗြိတိသျှတပ်တွေ ကဝိုင်းထားပြီးဖြစ်နေပါပြီ၊ ဒီလိုနဲ့ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ သီပေါဘုရင်နဲ့ မိသားတစ်စုကို သူရိယစစ်သင်္ဘောပေါ်ကိုဖမ်းခေါ်သွားပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ မြန်မာတွေ တန်ပြန်တိုက်ခိုက်မှာစိုးတာကြောင့်

ဗြိတိသျှတွေဟာ မြန်မာနိုင်ငံအုပ်ချုပ်ရေးအဖွဲ့ကို ကင်းဝန်မင်းကြီးဦးဆောင်တဲ့ ရွှေမြို့တော်ဝန်(၄)ပါးကိုတာဝန်ပေးခဲ့ပါတယ်။ ဒီအထဲမှာ ရွှေမြို့တော်ဝန်တစ်ပါးဖြစ်တဲ့ ဗိုလ်ချုပ်ရွှေလှံဗိုလ်တစ်ဦးသာလက်နက်မချတာကြောင့် ရခိုင်ကို ဖမ်းဆီးပို့ဆောင်ခြင်းခံခဲ့ရပြီး အခြားရွှေမြို့တော်ဝန်တွေကတော့ ယာယီ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ယူပေးကြပါတယ်။

ဒီလိုနဲ့ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာမြန်မာနိုင်ငံကို သိမ်းပိုက်လိုက်ကြောင်းကြေငြာလိုက်ပြီး အရာအားလုံးချုပ်ငြိမ်းသွားပါတော့တယ်။

ဦးနတ်ရဲ