အရေးကြီးပါတယ် ဒီအချိန်လက်ထဲရှိတဲ့ငွေကို တန်ဖိုးထားပါ

အရေးကြီးပါတယ် ဒီအချိန်လက်ထဲရှိတဲ့ငွေကို တန်ဖိုးထားပါ

“မြန်မာနိုင်ငံ ရဲ့ စီးပွားရေးထိခိုက်မှုပမာဏက တဖြေးဖြေးနဲ့အလွန်သိသာလာပါလိမ့်မယ်ခင်ဗျာ။

လုပ်ငန်းလည်ပတ်ဖို့ငွေကို အသဲအသန်လိုလာကြပါလိမ့်မယ်။ ဘဏ်ချေးငွေမလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ‌‌ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ်

လုပ်ငန်းတွေကိုပိတ်သိမ်းမလား ရှိတဲ့ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကိုဆက်လက်လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ်။

(ရွှေ)အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ သို့သော်သာမာန်လုပ်ငန်းရှင်အများစုမှာ လက်ဝတ်ရတနာကလွဲပြီး ရွှေပမာဏအများကြီး မရှိကြပါဘူး။

(ကား) လုပ်ငန်းရှင်တိုင်းမှာရှိပါတယ်။ ဒုတိယအမြန်ဆုံး ငွေဖော်လို့ရတဲ့ပိုင်ဆိုင်မှုပါ။ လုပ်ငန်းရပ်တန့်သွားတဲ့ သူတွေရဲ့ ၈၀% ခန့်သူတို့ကားတွေ ပြန်ရောင်းကြပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲမြန်မာပြည်ကလူတွေဟာ ‌ငွေသားပိုင်ဆိုင်မှုပမာဏရဲ့ ၅၀% ကျော်ကို ကားဝယ်ဖို့လွဲမှားစွာ အသုံးပြုထားကြတဲ့အတွက်ပါ ဥပမာ ငွေသားသိန်း ၅၀၀ ချမ်းသာသူက သိန်း ၃၀၀ တန်ကားလောက် ဝယ်စီးထားကြပါတယ်။

နောက်တစ်ချက်နှစ်ရှည် အရစ်ကျစနစ်နဲ့ဝယ်ထားတဲ့ကားတွေ လစဉ်ပုံမှန်ငွေဆက်သွင်းဖို့ ခက်လာကြပါလိမ့်မယ်။ တချို့သိန်းထောင်ဂဏန်းကားတွေဆို ၅ နှစ်အရစ်ကျဝယ်ရင် တစ်လကို ၁၈ သိန်းနဲ့ သိန်း ၂၀ ခန့်ဘဏ်ကို လစဉ်သွင်းကြရပါတယ်။

ဒီကားတွေ ငွေဆက်မသွင်းနိုင်တော့ရင် ရောင်းချပြီးငွေဖော်ကြပါလိမ့်မယ်အိမ် ။ လက်ရှိအချိန်မှာ ငွေဖော်ရအခက်ဆုံး ပိုင်ဆိုင်မှုပါ။ နေရာကောင်းလေးတွေသာ ဗိုက်နာဈေးနဲ့ ငွေဖော်လို့ရမှာဖြစ်ပြီး ကျန်တဲ့နေရာတွေကတော့ ရောင်းမစွံနိုင်ပါဘူး။ဒီအချိန်ဝယ်မည့်အစား ငှားနေတာပိုကိုက်ပါတယ်။

အဲ့ဒီတော့အိမ်ခြံမြေဈေးကျနိုင်ပါတယ်။ ဘဏ်ရာဖြတ်တွေရဲ့ ကာလပေါက်ဈေးထက် တန်ဘိုးပိုဖြတ်ကာ ဘဏ်မှာပေါင်ထားကြတဲ့အိမ်ခြံမြေတွေ ဘယ်လိုဆက်လုပ်ကြမလဲဆိုတာလဲ စဉ်းစားစရာပါ။

ငွေသားကိုင်ထားတဲ့သူကတော့ အကောင်းဆုံးပါ။ မိမိကြိုက်ရာ နေရာမှာ ချက်ခြင်းရင်းနှီးမြုပ်နှံလို့ရပါတယ်။ liquitidy ဖြစ်တယ်လို့ခေါ်ပါတယ်။

ရေဟာလေးဒေါင့်ခွက်ထဲထည့်ရင် လေးဒေါင့်ဖြစ်ပြီး အဝိုင်းခွက်ထဲထည့်ရင် အဝိုင်းဖြစ်တဲ့သဘောကိုဥပမာပြတာပါ။ ဒီအချိန်အထူးသတိထားသင့်တာက မကျွမ်းကျင်တဲ့လှိုင်းကို စီးဖို့မကြိုးစားပါနဲ့။ ‌မည်သူ့ကိုမှငွေမချေးပါနဲ့။ ချေးမိရင် သေချာပေါက်ဆုံးမယ့်ကာလပါ။

အစားအစာမှလွဲပြီး ကျန်တဲ့ပစ္စည်းတွေဝယ်မယ်ဆို လိုအပ်လားဆိုတာ ၃ ခါလောက် ပြန်စဉ်းစားပါ။ လုပ်ငန်းတွေအသက်ဆက်ဖို့ မလိုအပ်ပဲခန့်ထားတဲ့ ဝန်ထမ်းတွေကိုလျှော့ချရပါမယ်။ မလိုအပ်ပဲငှားထားတဲ့ နေရာငှားခတွေကို လျှော့ချရပါမယ်။

အောင်မြင်မှုရာခိုင်နှုန်းအနဲဆုံးဖြစ်နေတဲ့ ထုတ်ကုန်ကိုရပ်ဆိုင်း ရပါမယ်။ ဝန်ထမ်းရောအလုပ်ရှင်ပါ ပိတ်ရက်မရှိအတူတကွ ရုန်းကန်ကြရပါမယ်။ စိတ်ကိုပျော်အောင်ကြိုးစားပြီးနေပါ။

ကျွန်တော်ဆိုဝင်ငွေရှိတာမရှိတာထက် အလုပ်မလုပ်ပဲနေရရင် လုံးဝစိတ်မပျော်ပါဘူး။ တော်တော်အားတင်းပြီးနေရပါတယ်။မိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေ

Credit-Original Post

(ZAWGYI)

အေရးႀကီးပါတယ္ ဒီအခ်ိန္လက္ထဲရွိတဲ့ေငြကို တန္ဖိုးထားပါ

“ျမန္မာႏိုင္ငံ ရဲ႕ စီးပြားေရးထိခိုက္မႈပမာဏက တေျဖးေျဖးနဲ႔အလြန္သိသာလာပါလိမ့္မယ္ခင္ဗ်ာ။

လုပ္ငန္းလည္ပတ္ဖို႔ေငြကို အသဲအသန္လိုလာၾကပါလိမ့္မယ္။ ဘဏ္ေခ်းေငြမလြယ္ကူတဲ့ ဒီႏိုင္ငံအတြက္ေတာ့ ဒီျပသနာကို ‌‌ေျဖရွင္းဖို႔ လုပ္ရမယ့္နည္းလမ္း ၂ ခုပဲရွိပါတယ္

လုပ္ငန္းေတြကိုပိတ္သိမ္းမလား ရွိတဲ့ပစၥည္းေတြ ထုခြဲေရာင္းခ်ၿပီး လုပ္ငန္းကိုဆက္လက္လည္ပတ္မလား လုပ္ငန္းေတြ လည္ပတ္ဖို႔ႀကိဳးစားမယ္ဆိုရင္ေတာ့ ရွိထားတဲ့ ေ႐ႊ၊ ကား၊ အိမ္ စတဲ့ ၃ မ်ိဳးကို ထုခြဲေရာင္းခ်ရပါမယ္။

(ေ႐ႊ)အလြယ္ကူဆုံးနဲ႔အျမန္ဆုံး နာရီပိုင္းအတြင္း ေငြျဖစ္တဲ့ ပိုင္ဆိုင္မႈပါ။ သို႔ေသာ္သာမာန္လုပ္ငန္းရွင္အမ်ားစုမွာ လက္ဝတ္ရတနာကလြဲၿပီး ေ႐ႊပမာဏအမ်ားႀကီး မရွိၾကပါဘူး။

(ကား) လုပ္ငန္းရွင္တိုင္းမွာရွိပါတယ္။ ဒုတိယအျမန္ဆုံး ေငြေဖာ္လို႔ရတဲ့ပိုင္ဆိုင္မႈပါ။ လုပ္ငန္းရပ္တန႔္သြားတဲ့ သူေတြရဲ႕ ၈၀% ခန႔္သူတို႔ကားေတြ ျပန္ေရာင္းၾကပါလိမ့္မယ္။

ဘာလို႔လဲဆိုေတာ့ အရင္တုန္းက ကြၽန္ေတာ္ေျပာခဲ့ဖူးသလိုပါပဲျမန္မာျပည္ကလူေတြဟာ ‌ေငြသားပိုင္ဆိုင္မႈပမာဏရဲ႕ ၅၀% ေက်ာ္ကို ကားဝယ္ဖို႔လြဲမွားစြာ အသုံးျပဳထားၾကတဲ့အတြက္ပါ ဥပမာ ေငြသားသိန္း ၅၀၀ ခ်မ္းသာသူက သိန္း ၃၀၀ တန္ကားေလာက္ ဝယ္စီးထားၾကပါတယ္။

ေနာက္တစ္ခ်က္ႏွစ္ရွည္ အရစ္က်စနစ္နဲ႔ဝယ္ထားတဲ့ကားေတြ လစဥ္ပုံမွန္ေငြဆက္သြင္းဖို႔ ခက္လာၾကပါလိမ့္မယ္။ တခ်ိဳ႕သိန္းေထာင္ဂဏန္းကားေတြဆို ၅ ႏွစ္အရစ္က်ဝယ္ရင္ တစ္လကို ၁၈ သိန္းနဲ႔ သိန္း ၂၀ ခန႔္ဘဏ္ကို လစဥ္သြင္းၾကရပါတယ္။

ဒီကားေတြ ေငြဆက္မသြင္းႏိုင္ေတာ့ရင္ ေရာင္းခ်ၿပီးေငြေဖာ္ၾကပါလိမ့္မယ္အိမ္ ။ လက္ရွိအခ်ိန္မွာ ေငြေဖာ္ရအခက္ဆုံး ပိုင္ဆိုင္မႈပါ။ ေနရာေကာင္းေလးေတြသာ ဗိုက္နာေဈးနဲ႔ ေငြေဖာ္လို႔ရမွာျဖစ္ၿပီး က်န္တဲ့ေနရာေတြကေတာ့ ေရာင္းမစြံႏိုင္ပါဘူး။ဒီအခ်ိန္ဝယ္မည့္အစား ငွားေနတာပိုကိုက္ပါတယ္။

အဲ့ဒီေတာ့အိမ္ၿခံေျမေဈးက်ႏိုင္ပါတယ္။ ဘဏ္ရာျဖတ္ေတြရဲ႕ ကာလေပါက္ေဈးထက္ တန္ဘိုးပိုျဖတ္ကာ ဘဏ္မွာေပါင္ထားၾကတဲ့အိမ္ၿခံေျမေတြ ဘယ္လိုဆက္လုပ္ၾကမလဲဆိုတာလဲ စဥ္းစားစရာပါ။

ေငြသားကိုင္ထားတဲ့သူကေတာ့ အေကာင္းဆုံးပါ။ မိမိႀကိဳက္ရာ ေနရာမွာ ခ်က္ျခင္းရင္းႏွီးျမဳပ္ႏွံလို႔ရပါတယ္။ liquitidy ျဖစ္တယ္လို႔ေခၚပါတယ္။

ေရဟာေလးေဒါင့္ခြက္ထဲထည့္ရင္ ေလးေဒါင့္ျဖစ္ၿပီး အဝိုင္းခြက္ထဲထည့္ရင္ အဝိုင္းျဖစ္တဲ့သေဘာကိုဥပမာျပတာပါ။ ဒီအခ်ိန္အထူးသတိထားသင့္တာက မကြၽမ္းက်င္တဲ့လႈိင္းကို စီးဖို႔မႀကိဳးစားပါနဲ႔။ ‌မည္သူ႔ကိုမွေငြမေခ်းပါနဲ႔။ ေခ်းမိရင္ ေသခ်ာေပါက္ဆုံးမယ့္ကာလပါ။

အစားအစာမွလြဲၿပီး က်န္တဲ့ပစၥည္းေတြဝယ္မယ္ဆို လိုအပ္လားဆိုတာ ၃ ခါေလာက္ ျပန္စဥ္းစားပါ။ လုပ္ငန္းေတြအသက္ဆက္ဖို႔ မလိုအပ္ပဲခန႔္ထားတဲ့ ဝန္ထမ္းေတြကိုေလွ်ာ့ခ်ရပါမယ္။ မလိုအပ္ပဲငွားထားတဲ့ ေနရာငွားခေတြကို ေလွ်ာ့ခ်ရပါမယ္။

ေအာင္ျမင္မႈရာခိုင္ႏႈန္းအနဲဆုံးျဖစ္ေနတဲ့ ထုတ္ကုန္ကိုရပ္ဆိုင္း ရပါမယ္။ ဝန္ထမ္းေရာအလုပ္ရွင္ပါ ပိတ္ရက္မရွိအတူတကြ ႐ုန္းကန္ၾကရပါမယ္။ စိတ္ကိုေပ်ာ္ေအာင္ႀကိဳးစားၿပီးေနပါ။

ကြၽန္ေတာ္ဆိုဝင္ေငြရွိတာမရွိတာထက္ အလုပ္မလုပ္ပဲေနရရင္ လုံးဝစိတ္မေပ်ာ္ပါဘူး။ ေတာ္ေတာ္အားတင္းၿပီးေနရပါတယ္။မိတ္ေဆြမ်ား က်န္းမာခ်မ္းသာၾကပါေစ

Credit-Original Post