ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာမောင်နှမတွေရဲ့ ပုံတူကို ရေးဆွဲကာ အမှတ်တရ ကဗျာလေးနဲ့တကွ ဖော်ပြလာတဲ့ ကိုပေါက်

ကိုပေါက်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းများစွာရပ်တည်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတာပါ ။

ဒါ့အပြင် လတ်တလော အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့တာကြောင့် (၅၀၅ -က) နဲ့ တရားစွဲဆို ခံထားရကာ လွတ်မြောက်နယ်မြေ တစ်နေရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ် ။

ဒီလို အချိန်မှာ အနုပညာမောင်နှမတွေ အထဲက ဖမ်းဆီး ထိန်းသိန်း ခံထားရတဲ့ လူမင်း ၊ ပြေတီဦး၊ အူဝဲနဲ့ ပိုင်တံခွန်ရဲ့ ပုံလေးတွေကို ဒီနေ့မှာ အမှတ်တရ အနေနဲ့ ပုံတူရေးဆွဲကာ အမှတ်တရဖော်ပြလာပါတယ် ။

ပုံလေးနဲ့ အတူ အမှတ်တရ သတိလွမ်းဆွတ်ကြောင်းတွေကို ရေးသားထားပါသေးတယ် ။” တစ်ယောက်က အစ်ကိုလို…တစ်ယောက်ကသူငယ်ချင်း….တစ်ယောက်က ညီမလို….တစ်ယောက်က ညီလို…. တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြရင်း ခရီးတစ်ထောက်မှာ သူတို့တွေ ဒါဏ်ရာဗရပွနဲ့ ကျန်ရစ်ခဲ့ကြတယ်….

ဒီနေ့ သူတို့တွေကို လွမ်းလို့ ရေးဖြစ်တဲ့ ကောက်ကြောင်းများ…..” တိုတဲ့ ကဗျာလေးဖြစ်ရာ ပရိသတ်ကြီးအတွက်

ပြန်လည်ဝေမျှပေးရင်း အားလုံး ပြန်လည်လွတ်မြောက်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Aung Min Naing

(ZAWGYI)








Yuan – Cele Zone

Photo – Aung Min Naing