လိုအပ်နေသူတွေကို စားသောက်ကုန်များ သွားလှူရင်း ပိုလီယို မသန်စွမ်း ကလေးတစ်ယောက်နဲ့ ဆုံကာ စိတ်မကောင်းစရာ အဖြစ်လေးကို ပြောပြလာတဲ့ ဝေဠုကျော်

လိုအပ်နေသူတွေကို စားသောက်ကုန်များ သွားလှူရင်း ပိုလီယို မသန်စွမ်း ကလေးတစ်ယောက်နဲ့ ဆုံကာ စိတ်မကောင်းစရာ အဖြစ်လေးကို ပြောပြလာတဲ့ ဝေဠုကျော်

ဝေဠုကျော်ကတော့ အခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။

အခုလို ကာလတွေမှာ အဆင်မပြေကြတဲ့ ပြည်သူတွေ များပြားလွန်းလို့ လိုအပ်တဲ့နေရာတွေကို သေချာ စီစစ်ပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန်တွေ ပေးဝေလှူဒါန်းကာ အစွမ်းကုန် ဖေးမကူညီနေတာလည်း ဖြစ်ပါတယ်။

အခုလည်း လိုအပ်နေသူတွေကို စားသောက်ကုန်များ သွားလှူရင်း ပိုလီယို မသန်စွမ်း ကလေးတစ်ယောက်နဲ့ ဆုံကာ စိတ်မကောင်းစရာ အဖြစ်လေးကို ဝေမျှလာပါတယ် ။

”လှိုင်သာယာဖက် စားနပ်ရိက္ခာ လှူပေးဖို့ နေရာ သွားကြည့်ရင်း တွေ့ဆုံခဲ့ရတယ့် ပိုလီယို မသန်စွမ်း သမီးလေးပါ။ အဆင်မပြေသူ အချင်းချင်းကတောင် သူ့တို့ထက်ဆင်းရဲလို့ လှူပေးဖို့လမ်းညွှန်ပြပေးတယ့် နောက်ဖေး လမ်းကြားလေးထဲမှာ နေရတယ့် ထဲကပါ။

အမေက မုဆိုးမ၊ အလုပ်ထွက်လုပ်တော့ အသက် ၁၃နှစ် ပိုလီယို သမီးလေးက အိမ်မှာ ကျန်ခဲ့ရတယ်။

မျက်နှာလေးကချို အိုက်တင်လေးက ချစ်စရာပါ။ ပိုက်ဆံ ၅၀၀၀ နဲ့ ၁၀၀၀၀ ဘယ်ဟာ ယူမလဲမေးတော့ တစ်သောင်းတန်ကို လက်ညွှန်ပြတယ်။အနည်းနဲ့ အများတော့ သူသိတယ်။ သူတို့ရပ်ကွက် အလှူလေးသွားလုပ်ရင် သူ့အတွက် အဝတ်အထည်လေးတွေ ယူသွားပေးရမယ်။

ဘဝဝဋ်ကြွေးတွေ များခဲ့လို့ မသန်စွမ်းပေမယ့် သူကတော့ ပျော်နေရှာပုံပါ “ရေးသားထားရာ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ ။

ဝေဠုကျော် အနေနဲ့လည်း တတ်နိုင်သလောက် လူသားချင်း စာနာစွာ ကူညီမှုတွေ ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။ လှူဒါန်းခဲ့တဲ့ ပုံရိပ်တွေကို လည်း ဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည် ဖော်ပြပေးရင်း ဝေဠုကျော်လည်း ဒီထက်မက လှူနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Yuan – cele zone

Photo – Wai Lu Kyaw

(ZAWGYI)

လိုအပ္ေနသူေတြကို စားေသာက္ကုန္မ်ား သြားလႉရင္း ပိုလီယို မသန္စြမ္း ကေလးတစ္ေယာက္နဲ႔ ဆုံကာ စိတ္မေကာင္းစရာ အျဖစ္ေလးကို ေျပာျပလာတဲ့ ေဝဠဳေက်ာ္

ေဝဠဳေက်ာ္ကေတာ့ အေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္။ အခုလို ကာလေတြမွာ အဆင္မေျပၾကတဲ့ ျပည္သူေတြ မ်ားျပားလြန္းလို႔ လိုအပ္တဲ့ေနရာေတြကို ေသခ်ာ စီစစ္ၿပီး တတ္ႏိုင္သေလာက္ အေျခခံ စားေသာက္ကုန္ေတြ ေပးေဝလႉဒါန္းကာ အစြမ္းကုန္ ေဖးမကူညီေနတာလည္း ျဖစ္ပါတယ္။

အခုလည္း လိုအပ္ေနသူေတြကို စားေသာက္ကုန္မ်ား သြားလႉရင္း ပိုလီယို မသန္စြမ္း ကေလးတစ္ေယာက္နဲ႔ ဆုံကာ စိတ္မေကာင္းစရာ အျဖစ္ေလးကို ေဝမွ်လာပါတယ္ ။ ” လႈိင္သာယာဖက္ စားနပ္ရိကၡာ လႉေပးဖို႔ ေနရာ သြားၾကည့္ရင္း ေတြ႕ဆုံခဲ့ရတယ့္ ပိုလီယို မသန္စြမ္း သမီးေလးပါ။

အဆင္မေျပသူ အခ်င္းခ်င္းကေတာင္ သူ႔တို႔ထက္ဆင္းရဲလို႔ လႉေပးဖို႔လမ္းၫႊန္ျပေပးတယ့္ ေနာက္ေဖး လမ္းၾကားေလးထဲမွာ ေနရတယ့္ ထဲကပါ။

အေမက မုဆိုးမ၊ အလုပ္ထြက္လုပ္ေတာ့ အသက္ ၁၃ႏွစ္ ပိုလီယို သမီးေလးက အိမ္မွာ က်န္ခဲ့ရတယ္။ မ်က္ႏွာေလးကခ်ိဳ အိုက္တင္ေလးက ခ်စ္စရာပါ။ ပိုက္ဆံ ၅၀၀၀ နဲ႔ ၁၀၀၀၀ ဘယ္ဟာ ယူမလဲေမးေတာ့ တစ္ေသာင္းတန္ကို လက္ၫႊန္ျပတယ္။အနည္းနဲ႔ အမ်ားေတာ့ သူသိတယ္။ သူတို႔ရပ္ကြက္ အလႉေလးသြားလုပ္ရင္ သူ႔အတြက္

အဝတ္အထည္ေလးေတြ ယူသြားေပးရမယ္။ ဘဝဝဋ္ေႂကြးေတြ မ်ားခဲ့လို႔ မသန္စြမ္းေပမယ့္ သူကေတာ့ ေပ်ာ္ေနရွာပုံပါ “ေရးသားထားရာ စိတ္မေကာင္းျဖစ္မိတာ အမွန္ပါပဲ ။

ေဝဠဳေက်ာ္ အေနနဲ႔လည္း တတ္ႏိုင္သေလာက္ လူသားခ်င္း စာနာစြာ ကူညီမႈေတြ ျပဳလုပ္ေပးခဲ့တာကို ေတြ႕ရပါတယ္။ လႉဒါန္းခဲ့တဲ့ ပုံရိပ္ေတြကို လည္း ေဝမွ်ထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ ေဖာ္ျပေပးရင္း ေဝဠဳေက်ာ္လည္း ဒီထက္မက လႉႏိုင္ပါေစ ဆုေတာင္းေပးလိုက္ပါတယ္ ။

Yuan – cele zone

Photo – Wai Lu Kyaw