မိခင်ကြီးအတွက် ရည်စူးပြီး အောင်သုခမိဘမဲ့ကျောင်းမှာ ကုသိုလ်ကောင်းမှုတွေသွားရောက်ပြုလုပ်ခဲ့တဲ့ သီရတီ

မိခင်ကြီးအတွက် ရည်စူးပြီး အောင်သုခမိဘမဲ့ကျောင်းမှာ ကုသိုလ်ကောင်းမှုတွေသွားရောက်ပြုလုပ်ခဲ့တဲ့ သီရတီ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး သီရတီကတော့ ဒီနေ့စက်တင်ဘာလ (၂၆)ရက်နေ့မှာ မိခင်ကြီးအတွက်ရည်စူးပြီး အလှူဒါနလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

သီရတီကတော့ မိခင်ကြီးဆုံးပါးသွားပြီးကတည်းကနေ အခါအခွင့်သင့်တိုင်း မိခင်ကြီးအတွက် ကောင်းမှုတွေပြုလုပ်ပေးနေခဲ့တာပါ။

အခုတစ်ခေါက်မှာလည်း သူ့ရဲ့သူငယ်ချင်းဖြစ်သူက အောင်သုခမိဘမဲ့ကျောင်းကကလေးတွေအတွက် ခေါက်ဆွဲဗူးတွေလှူဒါန်းပေးတဲ့အတွက် သီရတီက ကိုယ်စားသွားရောက်လှူဒါန်းပေးခဲ့ရတာဖြစ်ပါတယ်

။ ကိုယ်စားသွားရောက်လှူဒါန်းရချိန်နဲ့ ကြုံကြိုက်တုန်း သီရတီကလည်း သူ့ရဲ့မိခင်ကြီးအတွက် ရည်စူးပြီး အအေးဘူးတွေနဲ့ ဆပ်ပြာ(၂)ဖာကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ကလေးတွေအတွက် လိုအပ်တာတွေရှိနေတဲ့အတွက်လည်း မိဘမဲ့ကျောင်းတွေကို လှူဒါန်းချင်တဲ့သူတွေရှိရင် စိတ်ချယုံကြည်စွာနဲ့ လှူဒါန်းနိုင်ပါကြောင်းနဲ့ သူ့ရဲ့အလှူပုံရိပ်လေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးတွေလည်း သီရတီရဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Thi Ra Tee

Crd to Celezone

(ZAWGYI)








Source – Thi Ra Tee

Crd to Celezone