ဆယ်စုနှစ်ကျော်ကြာဖြတ်သန်းလာခဲ့တဲ့ အနုပညာသက်တမ်းတစ်လျှောက် ခံယူလာတဲ့သူ့ရဲ့ခံယူချက်ကိုပြောပြလာတဲ့ မင်းသားချောနိုင်နိုင်း

ကျွန်တော့်အလုပ်ဟာကျွန်တော့်ဘဝရဲ့ အကောင်းဆုံးပုံရိပ်ပါပဲ၊ကျွန်တော်အရွယ်ရောက်လာတဲ့အချိန်မှာအနုပညာအလုပ်တွေကိုလုပ်ရတာကိုစိတ်ဝင်စားခဲ့တယ်၊ကျွန်တော်မှတ်မိပါသေးတယ်၊

ကျွန်တော်ကမော်ဒယ်လုပ်ရင်းသရုပ်ဆောင်ဘဝကိုစခဲ့ရတာပါ၊ကျွန်တော်ကသရုပ်ဆောင်နေရတာကိုပျော်နေပြီး ကာရိုက်တာတွေပိုမိုပီပြင်ဖို့အမြဲကြိုးစားဖြစ်တယ်။ပထမဆုံးသရုပ်ဆောင်အနေနဲ့ပါဝင်ခဲ့ရတဲ့ဇာတ်ကားလေးကိုတော့အခုထိတွေးကြည့်ရင် ရင်ခုန်နေတုန်းပဲ၊ကျွန်တော်အမြဲယုံကြည်တာက အောင်မြင်မှုမှာဖြတ်လမ်းမရှိဘူး၊

ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်ဖို့အကောင်းဆုံးကြိုးစားမယ်ဆိုတာကျွန်တော့်ခံယူချက်ပါပဲ။မြန်မာပရိသတ်တွေကြိုက်တဲ့အချစ်၊ဘဝ သရုပ်ဖော်စတဲ့ဇာတ်ကားတွေကိုအံဝင်ခွင်ကျသရုပ်ဆောင်နိုင်အောင်ဇာတ်ကောင်တစ်ခုချင်းဆီရဲလူမှုဘဝတွေကို အကောင်းဆုံးနားလည်ဖို့အမြဲကြိုးစားနေပါတယ်၊ ပရိသတ်တွေလက်ခံအားပေးခဲ့တဲ့

လိပ်ပြာစံအိမ် ဇာတ်ကားကတော့ကျွန်တော့်ရဲ့ဘဝမှတ်တိုင်တစ်ခုပါပဲ။

Asian Academy Creative Award2019မှာBest Featured Filmဆုကိုရရှိခဲ့လို့လဲပိုပြီးဂုဏ်ယူရပါတယ်၊ရုပ်ရှင်လောကမှာဆယ်စုနှစ်နှစ်ခုစာ ဖြတ်သန်းလာတဲ့အထိပရိသတ်တွေယုံကြည်အားပေးခဲ့လို့ကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော့်ရဲ့အားလပ်ချိန်တွေကိုFineDining Restaurantတွေမှာ

ကျွန်တော်ချစ်တဲ့သူငယ်ချင်းတွေ နဲ့စကားစမြည်ပြောရင်းဖြတ်သန်းဖြစ်ပါတယ်၊အဲ့လိုအချိန်တိုင်းလဲအလွှာတိုင်းမှာဟန်ချက်ညီတဲ့ အရသာပါဝင်နေတဲ့GrandRoyalSpecialReserve ဝီskyလေးဟာမပါမဖြစ်ပဲပေါ့၊

ဒီလိုအချိန်တွေဟာ ကျွန်တော့်ဘဝရဲ့တန်ဖိုးအရှိဆုံးအချိန်တွေပါပဲ။ဒါကြောင့်ကျွန်တော့်လိုပဲအောင်မြင်မှုအဆင့်တိုင်းကိုချစ်ခင်မြတ်နိုးရသူတွေနဲ့အောင်ပွဲခံဆင်နွှဲဖို့တိုက်တွန်းချင်ပါတယ်၊ ဆိုပြီးသူ့ရဲ့လူမှုကွန်ရက်စာမျက်နှ ာမှာရေးသားထားပါတယ်။

Crd-Original Post

(ZAWGYI)









Crd-Original Post