မြန်မာ့အရေးဖြေရှင်းဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘုံလုပ်ငန်းစဉ်ဖြစ်ရမယ်လို့ တိုက်တွန်းလိုက်တဲ့ အင်ဒိုနီးရှားသမ္မတ

မြန်မာ့အရေးဖြေရှင်းဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘုံလုပ်ငန်းစဉ်ဖြစ်ရမယ်လို့ တိုက်တွန်းလိုက်တဲ့ အင်ဒိုနီးရှားသမ္မတ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာတက်ရောက်မိန့်ခွန်းပြောကြားခဲ့တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက မြန်မာ့ပြည်တွင်းရေးအခြေအနေကို အလေးထား ပြောဆိုခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအက.ျပ်အတ.ည်း၊ ပါလက်စတိုင်းတွေရဲ့ မအောင်မြင်တဲ့ လွတ်လပ်ရေးနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွင်း အကြ.မ်းဖ.က်မှုတွေနဲ့အမျိုးသမီးတွေကို အေ.လးမ.ထားတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့ စ.ိုးရ.ိမ်မှုတွေဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ဘုံလုပ်ငန်းစဉ် တရပ်ဖြစ်ရမယ်လို့လည်း စက်တင်ဘာ ၂၃ရက်က

သူပြောတဲ့မိန့်ခွန်းထဲထည့်သွင်းပြောကြားခဲ့ပါတယ်။စ.စ်အာဏာသ.ိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းရေး အက.ျပ်အတ.ည်းကိုအဖြေရှာဖို့အတွက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဧပြီလအတွင်းက အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး မြန်မာစ.စ်တပ်အနေနဲ့ အပြည့်အဝလိုက်နာပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရမယ့်

ဘုံသဘောတူညီမှု ၅ချက်ကိုလည်းချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီမှုရှိအောင် တိကျခိုင်လုံတဲ့ ခြေလှမ်းတွေ၊ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေရှိဖို့ လိုအပ်တယ်လို့လည်း သမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုသွားခဲ့ပါတယ်။

Crd-Original Post

(ZAWGYI)








Crd-Original Post