သူမအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဟာ သူငယ်တွေအမ်းဖို့ဆိုပြီး ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ရွှေရည်သိန်းတန်

သူမအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာဟာ သူငယ်တွေအမ်းဖို့ဆိုပြီး ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ရွှေရည်သိန်းတန်

အဆိုတော် ရွှေရည်သိန်းတန်ဟာ မကြာသေးခင် လပိုင်းလောက်က ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားတဲ့ ခင်ပွန်းဖြစ်သူ အတွက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲနေတာ ဖြစ်ပါတယ်။ဘဝထဲကနေ အခုလို ရုတ်တရက် ခွဲခွာသွားတဲ့အတွက် ဘယ်လိုမှ မယုံနိုင်သေးတဲ့ အခြေအနေ ဖြစ်နေဆဲ ဖြစ်ပါတယ်။

ခင်ပွန်းနဲ့ပတ်သက်ပြီး ဝမ်းနည်းခံစားနေရတာတွေကိုလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ရေးသားဝေမျှ ထားတာကိုလည်း ဝမ်းနည်းစွာဖြင့် မြင်တွေ့နေရပါတယ်။အလုပ်တွေကိုကြိုးစားလုပ်ဆောင်နေတဲ့ ရွှေရည်သိန်းတန်ဟာ အိပ်ချိန်ကလွဲလို့ စားနေတဲ့အချိန်မှာတောင် အလုပ်လုပ်နေတာတွေက သူငယ်အမ်းဖို့မဟုတ်ကြောင်း ဝေဖန်တိုက်ခိုက်နေသူတွေကို

ပြောလာပါတယ်။ မနက်အိပ်ယာနိုးလို့လမျက်လုံးပွင့်ကတည်းက မျက်နှာမသစ်ရသေးခင် အလုပ်လုပ်ကာ ထမင်းစား ကားမောင်းနေတဲ့အချိန်တွေနဲ့ လှုပ်ရှားမှုတွေတိုင်းမှာ အလုပ်လုပ်နေတာဟာ တစ်ခုတည်းသော စိတ်ထွက်ပေါက် ဖြစ်တယ်ဆိုပြီး ပြောပြထားတာပါ။

သူမအလုပ်တွေကြိုးစားလုပ်ဆောင်နေတာဟာ သူငယ်အမ်းဖို့မဟုတ်သလို စေတနာနဲ့မတန်တဲ့သူတွေနဲ့ ဘာအလုပ်မှပင်ပန်းခံမလုပ်ဘဲ အကူအညီထိုင်တောင်းနေသူတွေအတွက် မဟုတ်ဘူးဆိုပြီးတော့လည်း ပြတ်သားစွာ ပြောထားပါသေးတယ်။အလုပ်လုပ်နေတာတွေဟာ ဆင်းရဲဖူးလို့ ပြန်မဆင်းရဲချင်တဲ့အပြင် လှူတန်းချင်လို့၊ မိဘနှစ်ပါးနဲ့ ခင်ပွန်းကို

အကောင်းဆုံးကုသိုလ်တွေနဲ့ သံသရာအထောက်အပံ့ပြု ကျေးဇူးဆပ်ချင်သလို ဒုက္ခရောက်ချိန်မှာ ကျေးဇူးပြုဖူးသူတွေကို ပြန်ကူညီချင်တာတွေကြောင့် အလုပ်တွေ လောဘတကြီးလုပ်နေတာဖြစ်ကြောင်း ပြောပြထားတာဖြစ်ပါတယ်။

ဝေဖန်တိုက်ခိုက်မှုတွေကြောင့် စိတ်ညစ်နေရတဲ့ ရွှေရည်သိန်းတန်ကို ပရိသတ်တွေကလည်း အားပေးစကားတွေလည်း‌ ပြောပေးကြပါအုံးနော်..

Credit ; Cele World

(ZAWGYI)

သူမအလုပ္ေတြကိုႀကိဳးစားလုပ္ကိုင္ေနတာဟာ သူငယ္ေတြအမ္းဖို႔ဆိုၿပီး ေဝဖန္တိုက္ခိုက္ေနတာေတြကို ျပန္လည္တုန႔္ျပန္လိုက္တဲ့ ေ႐ႊရည္သိန္းတန္

အဆိုေတာ္ ေ႐ႊရည္သိန္းတန္ဟာ မၾကာေသးခင္ လပိုင္းေလာက္က ကိုဗစ္ေရာဂါျဖင့္ ကြယ္လြန္သြားတဲ့ ခင္ပြန္းျဖစ္သူ အတြက္ ေျဖမဆည္ႏိုင္ေအာင္ ဝမ္းနည္းေၾကကြဲေနတာ ျဖစ္ပါတယ္။ဘဝထဲကေန အခုလို ႐ုတ္တရက္ ခြဲခြာသြားတဲ့အတြက္ ဘယ္လိုမွ မယုံႏိုင္ေသးတဲ့ အေျခအေန ျဖစ္ေနဆဲ ျဖစ္ပါတယ္။

ခင္ပြန္းနဲ႔ပတ္သက္ၿပီး ဝမ္းနည္းခံစားေနရတာေတြကိုလည္း သူမရဲ႕ လူမႈကြန္ယက္မွတစ္ဆင့္ ေရးသားေဝမွ် ထားတာကိုလည္း ဝမ္းနည္းစြာျဖင့္ ျမင္ေတြ႕ေနရပါတယ္။အလုပ္ေတြကိုႀကိဳးစားလုပ္ေဆာင္ေနတဲ့ ေ႐ႊရည္သိန္းတန္ဟာ အိပ္ခ်ိန္ကလြဲလို႔ စားေနတဲ့အခ်ိန္မွာေတာင္ အလုပ္လုပ္ေနတာေတြက သူငယ္အမ္းဖို႔

မဟုတ္ေၾကာင္း ေဝဖန္တိုက္ခိုက္ေနသူေတြကို ေျပာလာပါတယ္။ မနက္အိပ္ယာႏိုးလို႔လမ်က္လုံးပြင့္ကတည္းက မ်က္ႏွာမသစ္ရေသးခင္ အလုပ္လုပ္ကာ ထမင္းစား ကားေမာင္းေနတဲ့အခ်ိန္ေတြနဲ႔ လႈပ္ရွားမႈေတြတိုင္းမွာ အလုပ္လုပ္ေနတာဟာ တစ္ခုတည္းေသာ စိတ္ထြက္ေပါက္ ျဖစ္တယ္ဆိုၿပီး ေျပာျပထားတာပါ။

သူမအလုပ္ေတြႀကိဳးစားလုပ္ေဆာင္ေနတာဟာ သူငယ္အမ္းဖို႔မဟုတ္သလို ေစတနာနဲ႔မတန္တဲ့သူေတြနဲ႔ ဘာအလုပ္မွပင္ပန္းခံမလုပ္ဘဲ အကူအညီထိုင္ေတာင္းေနသူေတြအတြက္ မဟုတ္ဘူးဆိုၿပီးေတာ့လည္း ျပတ္သားစြာ ေျပာထားပါေသးတယ္။အလုပ္လုပ္ေနတာေတြဟာ ဆင္းရဲဖူးလို႔ ျပန္မဆင္းရဲခ်င္တဲ့အျပင္ လႉတန္းခ်င္လို႔၊

မိဘႏွစ္ပါးနဲ႔ ခင္ပြန္းကို အေကာင္းဆုံးကုသိုလ္ေတြနဲ႔ သံသရာအေထာက္အပံ့ျပဳ ေက်းဇူးဆပ္ခ်င္သလို ဒုကၡေရာက္ခ်ိန္မွာ ေက်းဇူးျပဳဖူးသူေတြကို ျပန္ကူညီခ်င္တာေတြေၾကာင့္ အလုပ္ေတြ ေလာဘတႀကီးလုပ္ေနတာျဖစ္ေၾကာင္း ေျပာျပထားတာျဖစ္ပါတယ္။

ေဝဖန္တိုက္ခိုက္မႈေတြေၾကာင့္ စိတ္ညစ္ေနရတဲ့ ေ႐ႊရည္သိန္းတန္ကို ပရိသတ္ေတြကလည္း အားေပးစကားေတြလည္း‌ ေျပာေပးၾကပါအုံးေနာ္..

Credit ; Cele World