ကျေးလက်မှ ဝါးလုပ်ငန်း လုပ်ကိုင်သူများနှင့် ဝါးအိမ်ဆောက်သူများ အတွက်ဝါးကို မိူမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ

“ကျေးလက်မှ ဝါးလုပ်ငန်း လုပ်ကိုင်သူများအတွက်ဝါးကို မိူမတက် ပိုးမထိုးအောင် ဘယ်လိုလုပ်ရမလဲ လို့ မေးနေကြတဲ့ မိတ်ဆွေများအတွက် ဗဟုသုတ ရစေရန်အလိုငှာလက်လမ်းမှီသလောက် နည်းလမ်းများကိုဝေမျှ ပေးလိုက်ပါတယ်

(၁)Boric_Acid နှင့် Borax Powder ဖြင့် ဆေးစိမ်ခြင်းအများအခေါ်အဝေါ် (လက်ချားအမူန့်)Boric powder လက်ချားအမှုန့် နဲ့ Borax acid လက်ချားအက်ဆစ် ကို၁ ဆ နှင့် ၁ဆ ခွဲ ရောပြီး ၁ ပေါင်လျှင် ရေ၃ဂါလံ နှင့် ၅ ရက်ခန့်စိမ်ခြင်း ဖြင့် ဝါးမြားကို မိူမတက် ပိုးမထိုးအောင်ကာကွယ်နိုင်ပါတယ်

ဝါးအတွင်းရှိ သကြားရည်သည် ရေထက်ပြစ်သည် ဝါးကို ကန်အတွင်း စိမ်ထားပါက သကြားရည်များထွက်ကာ အချဉ်ပေါက်လာသည်နောက်ထပ်တဖန်စိမ်သောအခါ အလျဉ်ရလာသောကြောင့် လေးရက်ခန့်ကြာလျှင် အချဉ်ပေါက်လာသည်။

ပိုးများကြိုက်သော သကြားဓါတ်များကုန်၍ ပိုးမစားကြောင်းသိရသည်။ငွေကြေးသက်သော်လည်း ကြာကြာထားပါက အပုတ်နံ့ထွက်လာ၍ ရေအနည်းငယ်ချန်ကာ ရေလှဲလယ်သင့်သည်

(၂)ပင်လယ်ရေတွင် စိမ်ပြီး နေလှမ်းအခြောက်ခံခြင်း စီးဆင်းနေသော ရေတွင် သုံးပတ်မှ တလ အထိ စိမ်ထားပါက သကြားရည်နေရာတွင် ရေအစား ၀င်ရောကျယ်သွားသည် ထိုကြောင့် ရေစိမ်ဝါးသည် ပိုးမစားကြောင်း တွေ့ရသည်ဝါးကို ရေစိမ်ပါက အရောင်ပြောင်းလဲစေသည် ရူပ နှင့် အားအင်ဆိုင်ရာများဆုံးရှူံးစေသောကြောင့် ခံနိုင်ရည်ကျဆင်းစေသည်

(၃)ကြပ်တိုက်ခြင်းဝါးကို ကြပ်တိုက်ခြင်းဖြင့်လည်းကြာရှည်ခံအောင် ပြုလုပ်နိုင်သည်မိူင်းတိုက်ခြင်း ၊ မီးရှိူ့ရန် မီးသွေး ၊ ထင်း ၊ ဂတ်(စ်)တို့ကိုအသုံးပြုနိုင်သည်။ မီးလောင်စာကြောင့်ဝါးသည် သိပ်သည်းလာပြီးပိုးမွှားအန္တာရာယ်ကာကွယ်နိုင်သည်။

(၄)တန်ဆောင်မုန်းလ (သို့) ဒီရေကျချိန်တွင် ဝါးကို ရွေးချယ်ခုတ်ခြင်းဝါးသညျ သဘာ၀ နှင့် ဆက်စပ်မူအလွန်ရှိသည်။ဒီရေ တက်လျှင် ဝါးပင်တွင် ရေများတက်ပြီး ဒီရေ ကျချိန်တွင် ဝါးပင်အတွင်းတွင် ရေများကျသွားတတ်သည် ။

လ၏ဆွဲငင်အားဖြင့် မြေကြီးအတွင်းမှ အစာရည်က ဆွဲစုတ်ယူသည်။လပြည့်ရက်တွင် ဝါးအဆစ်အတွင်း သကြားရည် ပြည့်နေတတ်သည်ထို့ကြောင့် လကွယ်ရက်(သို့)တန်ဆောင်မုန်းလ တွင် ဝါးခုတျပါက ပိုးမွှားအန္တာရယ်သက်သာသည်

(၅)နေရောင်မရှိချိန်တွင် ဝါး ကို ရွေးချယ်ခုတ်ခြင်း သစ်ပင်တို့၏ သဘာ၀ သည် အစာချက်ရန် နေရောင် လိုအပျသည်ဝါးပင်သည်လည်း အစာမချက်သော နေရောင် မရှိသောအချိန်တွင် ခုတ်ယူပါက ပိုးစားသက်သာကြောင်းတွေ့ရသည်

(၆)အပင်တွင် အပြတ် မခုတ်ပဲ အနည်းငယ်ချန်ကာ အရွက်ကျမှ သိမ်းခြင်းကိုယ်ပိုင်စိုက်ခင်းဖြစ်ပါကသက်တမ်းမှန်သော ဝါးကိုရွေးချယ်ပါ အောက်ဆုံးအဆစ်မှ တစ်လက်မလောက်ချန်ထား၍ ပြတ်မသွားအောင် ခုတ်ပါ ။ ခုတ်စာထွက်သွေားသောနေရာကို သပ်ခု ထားပြီးတခြားအပင်ကို မှီထားပါ ။

၂ ပတ် ၃ ပတ်ကြာသောအခါ သကြားရည်ထွက်သွားမည် ။ကျန်ရှိသော သကြားဓါတ်ကိုလည်းအရွက်များက အစာချက်၍ သကြားဓါတ်နည်းသွားမည် ဝါးအတွင်း ကျန်ရှိသော သကြားရည်သည်လည်း အချဉ်ပေါက်ပြီး အယ်(လ်)ကိုဟော သို့ပြောင်းကာ ပိုးမွှားများမကြိုက်တော့ပါ ယခုနည်းသည် အကောင်းဆုံး ဝါးခုတ်နည်း ဖြစ်ပါသည်။

အားလုံးအဆင်ပြေကြပါစေ

Source: ဆရာ၀င်းကျော်ဦးလေးစားရမည့် ဝါးပင်တို့၏ သဘာ၀ စာအုပ်မှဗဟုသုတကျေးရွာ

(ZAWGYI)

ေက်းလက္မွ ဝါးလုပ္ငန္း လုပ္ကိုင္သူမ်ားႏွင့္ ဝါးအိမ္ေဆာက္သူမ်ား အတြက္ဝါးကို မိူမတက္ ပိုးမထိုးေအာင္ ဘယ္လိုလုပ္ရမလဲ

“ေက်းလက္မွ ဝါးလုပ္ငန္း လုပ္ကိုင္သူမ်ားအတြက္ဝါးကို မိူမတက္ ပိုးမထိုးေအာင္ ဘယ္လိုလုပ္ရမလဲ လို႔ ေမးေနၾကတဲ့ မိတ္ေဆြမ်ားအတြက္ ဗဟုသုတ ရေစရန္အလိုငွာလက္လမ္းမွီသေလာက္ နည္းလမ္းမ်ားကိုေဝမွ် ေပးလိုက္ပါတယ္

(၁)Boric_Acid ႏွင့္ Borax Powder ျဖင့္ ေဆးစိမ္ျခင္းအမ်ားအေခၚအေဝၚ (လက္ခ်ားအမူန္႔)Boric powder လက္ခ်ားအမႈန္႔ နဲ႔ Borax acid လက္ခ်ားအက္ဆစ္ ကို၁ ဆ ႏွင့္ ၁ဆ ခြဲ ေရာၿပီး ၁ ေပါင္လွ်င္ ေရ၃ဂါလံ ႏွင့္ ၅ ရက္ခန္႔စိမ္ျခင္း ျဖင့္ ဝါးျမားကို မိူမတက္ ပိုးမထိုးေအာင္ကာကြယ္ႏိုင္ပါတယ္

ဝါးအတြင္းရွိ သၾကားရည္သည္ ေရထက္ျပစ္သည္ ဝါးကို ကန္အတြင္း စိမ္ထားပါက သၾကားရည္မ်ားထြက္ကာ အခ်ဥ္ေပါက္လာသည္ေနာက္ထပ္တဖန္စိမ္ေသာအခါ အလ်ဥ္ရလာေသာေၾကာင့္ ေလးရက္ခန္႔ၾကာလွ်င္ အခ်ဥ္ေပါက္လာသည္။

ပိုးမ်ားႀကိဳက္ေသာ သၾကားဓါတ္မ်ားကုန္၍ ပိုးမစားေၾကာင္းသိရသည္။ေငြေၾကးသက္ေသာ္လည္း ၾကာၾကာထားပါက အပုတ္နံ႔ထြက္လာ၍ ေရအနည္းငယ္ခ်န္ကာ ေရလွဲလယ္သင့္သည္

(၂)ပင္လယ္ေရတြင္ စိမ္ၿပီး ေနလွမ္းအေျခာက္ခံျခင္း စီးဆင္းေနေသာ ေရတြင္ သုံးပတ္မွ တလ အထိ စိမ္ထားပါက သၾကားရည္ေနရာတြင္ ေရအစား ၀င္ေရာက်ယ္သြားသည္ ထိုေၾကာင့္ ေရစိမ္ဝါးသည္ ပိုးမစားေၾကာင္း ေတြ႕ရသည္ဝါးကို ေရစိမ္ပါက အေရာင္ေျပာင္းလဲေစသည္ ႐ူပ ႏွင့္ အားအင္ဆိုင္ရာမ်ားဆုံးရႉံးေစေသာေၾကာင့္ ခံႏိုင္ရည္က်ဆင္းေစသည္

(၃)ၾကပ္တိုက္ျခင္းဝါးကို ၾကပ္တိုက္ျခင္းျဖင့္လည္းၾကာရွည္ခံေအာင္ ျပဳလုပ္ႏိုင္သည္မိူင္းတိုက္ျခင္း ၊ မီးရွိူ႔ရန္ မီးေသြး ၊ ထင္း ၊ ဂတ္(စ္)တို႔ကိုအသုံးျပဳႏိုင္သည္။ မီးေလာင္စာေၾကာင့္ဝါးသည္ သိပ္သည္းလာၿပီးပိုးမႊားအႏၲာရာယ္ကာကြယ္ႏိုင္သည္။

(၄)တန္ေဆာင္မုန္းလ (သို႔) ဒီေရက်ခ်ိန္တြင္ ဝါးကို ေ႐ြးခ်ယ္ခုတ္ျခင္းဝါးသည် သဘာ၀ ႏွင့္ ဆက္စပ္မူအလြန္ရွိသည္။ဒီေရ တက္လွ်င္ ဝါးပင္တြင္ ေရမ်ားတက္ၿပီး ဒီေရ က်ခ်ိန္တြင္ ဝါးပင္အတြင္းတြင္ ေရမ်ားက်သြားတတ္သည္ ။

လ၏ဆြဲငင္အားျဖင့္ ေျမႀကီးအတြင္းမွ အစာရည္က ဆြဲစုတ္ယူသည္။လျပည့္ရက္တြင္ ဝါးအဆစ္အတြင္း သၾကားရည္ ျပည့္ေနတတ္သည္ထို႔ေၾကာင့္ လကြယ္ရက္(သို႔)တန္ေဆာင္မုန္းလ တြင္ ဝါးခုတ်ပါက ပိုးမႊားအႏၲာရယ္သက္သာသည္

(၅)ေနေရာင္မရွိခ်ိန္တြင္ ဝါး ကို ေ႐ြးခ်ယ္ခုတ္ျခင္း သစ္ပင္တို႔၏ သဘာ၀ သည္ အစာခ်က္ရန္ ေနေရာင္ လိုအပ်သည္ဝါးပင္သည္လည္း အစာမခ်က္ေသာ ေနေရာင္ မရွိေသာအခ်ိန္တြင္ ခုတ္ယူပါက ပိုးစားသက္သာေၾကာင္းေတြ႕ရသည္

(၆)အပင္တြင္ အျပတ္ မခုတ္ပဲ အနည္းငယ္ခ်န္ကာ အ႐ြက္က်မွ သိမ္းျခင္းကိုယ္ပိုင္စိုက္ခင္းျဖစ္ပါကသက္တမ္းမွန္ေသာ ဝါးကိုေ႐ြးခ်ယ္ပါ ေအာက္ဆုံးအဆစ္မွ တစ္လက္မေလာက္ခ်န္ထား၍ ျပတ္မသြားေအာင္ ခုတ္ပါ ။ ခုတ္စာထြက္ေသြားေသာေနရာကို သပ္ခု ထားၿပီးတျခားအပင္ကို မွီထားပါ ။

၂ ပတ္ ၃ ပတ္ၾကာေသာအခါ သၾကားရည္ထြက္သြားမည္ ။က်န္ရွိေသာ သၾကားဓါတ္ကိုလည္းအ႐ြက္မ်ားက အစာခ်က္၍ သၾကားဓါတ္နည္းသြားမည္ ဝါးအတြင္း က်န္ရွိေသာ သၾကားရည္သည္လည္း အခ်ဥ္ေပါက္ၿပီး အယ္(လ္)ကိုေဟာ သို႔ေျပာင္းကာ ပိုးမႊားမ်ားမႀကိဳက္ေတာ့ပါ ယခုနည္းသည္ အေကာင္းဆုံး ဝါးခုတ္နည္း ျဖစ္ပါသည္။

အားလုံးအဆင္ေျပၾကပါေစ

Source: ဆရာ၀င္းေက်ာ္ဦးေလးစားရမည့္ ဝါးပင္တို႔၏ သဘာ၀ စာအုပ္မွဗဟုသုတေက်း႐ြာ