အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ရက်နေ့အထိ ဆက်လက်ပြီး ယာယီပိတ်ထားမည်

အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ရက်နေ့အထိ ဆက်လက်ပြီး ယာယီပိတ်ထားမည်

စက်တင်ဘာ၊ ၂၄

အခြေခံပညာကျောင်းများကို အောက်တိုဘာလ ၂၄ရက်နေ့အထိ ဆက်လက်ပြီး ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီက ယနေ့ (စက်တင်ဘာ ၂၄)ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

လက်ရှိအချိန်မှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့ကြလာတဲ့အလျောက် ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ရန် လိုအပ်တာကြောင့်် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အပါဝင်ကို သီတင်းကျွတ် ကျောင်းပိတ်ရက်များ

အပါအဝင်ဖြစ်တဲ့ စက်တင်ဘာလ ၂၇ရက်နေ့မှ အောက်တိုဘာလ ၂၄ရက်နေ့အထိ ဆက်လက်ပြီး ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိတ်ထားတဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီက ဇွန်လ ၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ယင်းနောက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း များလာတာကြောင့် ဇွန်လအတွင်းမှာပဲ စာသင်ကျောင်းတွေကို ယာယီ ပြန်လည်ပိတ်ထားခဲ့ရပါတယ်။

လက်ရှိမှာ စာသင်ကျောင်းတွေကို စက်တင်ဘာ ၂၄ရက်နေ့အထိ ယာယီပိတ်ထားရာမှ အောက်တိုဘာ ၂၄ရက်နေ့အထိ တစ်လထပ်မံ တိုးမြှင့်ပိတ်လိုက်တာ ဖြစ်ပါတယ်။

Myanmaplatform


စက်တင်ဘာ၊ ၂၄


လက်ရှိအချိန်မှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း လျော့ကြလာတဲ့အလျောက် ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ရန် လိုအပ်တာကြောင့် အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ




Myanmaplatform