သန်လျင်သဘာဝတရားရိပ်သာမှာ ဆွမ်း၊ဆွမ်းဟင်းနဲ့ လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

သန်လျင်သဘာဝတရားရိပ်သာမှာ ဆွမ်း၊ဆွမ်းဟင်းနဲ့ လိုအပ်တာတွေ လှူဒါန်းပေးခဲ့တဲ့ ခန့်စည်သူ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ သန်လျင်သဘာဝတရားရိပ်သာကြီးမှာ အလှူသွားရောက်ပြုလုပ်ခဲ့ပါတယ်။ ခန်ကစည်သူကတော့ အပတ်စဉ်သောကြာနေ့တိုင်း အခုလို ဆွမ်းကပ်အလှူလေးကို ပြုလုပ်နေခဲ့ပဲဖြစ်ပါတယ်။

ဒီတစ်ပတ်မှာလည်း ခန့်စည်သူက သန်လျင်သဘာဝတရားရိပ်သာကြီးမှာ အမြဲလိုလို လှူဒါန်းပေးနေကြအတိုင်း “ဆွမ်း၊ဆွမ်းဟင်း၊ဆန်၊ဆီ၊ဆေး၊ဆား၊ပဲ၊ကြက်သွန်၊ဟင်းခတ်မှုန့်၊ဟင်းသီးဟင်းရွက်၊ကြာဆံ၊ငံပြာရည်၊ငါးပိ၊ငါးခြောက်၊မြေပဲ၊ဆပ်ပြာမှုန့်၊ငါးပိကြော်၊ကော်ဖီမှုန့်နှင့် နဝကမ္မ အလှူငွေများ” ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ခန့်စည်သူက သူနဲ့အတူတူ (၇)ရက်သားသမီးတွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်တွေလည်း သာဓုခေါ်ဆိုကြဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Kyaw Soe Win

Crd-Original Post

(ZAWGYI)





 

Source – Kyaw Soe Win

Crd-Original Post