ဧရာဝတီတိုင်းက အလုပ်ထုတ်ခံ CDM ဝန်ထမ်းများကို စစ်ကောင်စီ လျော်ကြေးတောင်း

“ဧရာဝတီတိုင်းအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီက ခွင့်မဲ့ပျက်ကွက်တယ်ဆိုကာ သက်ဆိုင်ရာဌာနအသီးသီးက ဝန်ထမ်းတွေကို ထုတ်ပယ်ခဲ့ပြီး လျော်ကြေးပြန်တောင်းတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ CDM ဝန်ထမ်းတွေထဲမှာ လုပ်သက် မပြည့်သေးတဲ့ ဝန်ထမ်းတွေ ပါဝင်တာကြောင့် အလုပ်စဝင်တုန်းက စာချုပ်အတိုင်း သတ်မှတ်လျော်ကြေးငွေကို စက်တင်ဘာ ဒုတိယပတ်က စတင်ကာ ပြန်တောင်းတာလို့ CDM ဝန်ထမ်းတဦးကပြောပါတယ်။

လျော်ကြေးအတောင်းခံနေရတဲ့ ဝန်ထမ်းတဦးက “စာချုပ်ထဲမှာတော့ ပါတာက လုပ်သက်မပြည့်ခင် အလုပ်ထွက်ရင် ဘယ်လောက်ပေးရမယ်ဆိုတာ ပါတယ်၊ ခုက ထွက်တာ မဟုတ်ဘူး ထုတ်ပယ်ခံရတာဆိုတာ အဲ့အချက်ကို ပြန်ပြောရမယ်၊ အတောင်းခံရတဲ့ လူများတယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းများရဲ့ သုံးပုံတစ်ပုံလောက်မှာ လုပ်သက်မပြည့်သေးတဲ့သူတွေဖြစ်လို့ လုပ်သက်ပြည့်အောင်မလုပ်ပေးတဲ့ လျော်ကြေးပေးဆောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

လုပ်သက်လျော်ကြေးပေးသွင်းဖို့အတွက် သက်ဆိုင်ရာမြို့နယ်တွေမှာ ပေးသွင်းရမှာဖြစ်ပြီး စာရင်းကို သက်ဆိုင်ရာဌာနအလိုက်ပြန်လည်တင်ပြဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။”

Crd-Original Post

(ZAWGYI)

ဧရာဝတီတိုင္းက အလုပ္ထုတ္ခံ CDM ဝန္ထမ္းမ်ားကို စစ္ေကာင္စီ ေလ်ာ္ေၾကးေတာင္း

“ဧရာဝတီတိုင္းအတြင္း စစ္တပ္အာဏာသိမ္းၿပီးေနာက္ပိုင္း CDM မွာ ပါဝင္ခဲ့တဲ့ ဝန္ထမ္းေတြကို စစ္ေကာင္စီက ခြင့္မဲ့ပ်က္ကြက္တယ္ဆိုကာ သက္ဆိုင္ရာဌာနအသီးသီးက ဝန္ထမ္းေတြကို ထုတ္ပယ္ခဲ့ၿပီး ေလ်ာ္ေၾကးျပန္ေတာင္းတာေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

အလုပ္ထုတ္ပယ္ခံလိုက္ရတဲ့ CDM ဝန္ထမ္းေတြထဲမွာ လုပ္သက္ မျပည့္ေသးတဲ့ ဝန္ထမ္းေတြ ပါဝင္တာေၾကာင့္ အလုပ္စဝင္တုန္းက စာခ်ဳပ္အတိုင္း သတ္မွတ္ေလ်ာ္ေၾကးေငြကို စက္တင္ဘာ ဒုတိယပတ္က စတင္ကာ ျပန္ေတာင္းတာလို႔ CDM ဝန္ထမ္းတဦးကေျပာပါတယ္။

ေလ်ာ္ေၾကးအေတာင္းခံေနရတဲ့ ဝန္ထမ္းတဦးက “စာခ်ဳပ္ထဲမွာေတာ့ ပါတာက လုပ္သက္မျပည့္ခင္ အလုပ္ထြက္ရင္ ဘယ္ေလာက္ေပးရမယ္ဆိုတာ ပါတယ္၊ ခုက ထြက္တာ မဟုတ္ဘူး ထုတ္ပယ္ခံရတာဆိုတာ အဲ့အခ်က္ကို ျပန္ေျပာရမယ္၊ အေတာင္းခံရတဲ့ လူမ်ားတယ္” လို႔ ေျပာပါတယ္။

စစ္အာဏာရွင္ကိုဆန႔္က်င္ၿပီး CDM မွာပါဝင္ခဲ့တဲ့ ဝန္ထမ္းမ်ားရဲ႕ သုံးပုံတစ္ပုံေလာက္မွာ လုပ္သက္မျပည့္ေသးတဲ့သူေတြျဖစ္လို႔ လုပ္သက္ျပည့္ေအာင္မလုပ္ေပးတဲ့ ေလ်ာ္ေၾကးေပးေဆာင္ရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနတယ္လို႔ ဆိုပါတယ္။

လုပ္သက္ေလ်ာ္ေၾကးေပးသြင္းဖို႔အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ေတြမွာ ေပးသြင္းရမွာျဖစ္ၿပီး စာရင္းကို သက္ဆိုင္ရာဌာနအလိုက္ျပန္လည္တင္ျပဖို႔ စစ္ေကာင္စီက ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။”

Crd-Original Post