အချိန်ပိုင်းအလုပ်လုပ်ရင်း တစ်နေ့ကို ၂နာရီသာ အိပ်စက်ခဲ့ပြီး ဘွဲ့ရသည်ထိ ကြိုးစားခဲ့သော အတုယူဖွယ် မိန်းကလေး

အချိန်ပိုင်းအလုပ်လုပ်ရင်း တစ်နေ့ကို ၂နာရီသာ အိပ်စက်ခဲ့ပြီး ဘွဲ့ရသည်ထိ ကြိုးစားခဲ့သော အတုယူဖွယ် မိန်းကလေး

ဗီယက်နမ်နိုင်ငံမှ အသက် ၂၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မောင်နှမနှစ်ယောက်ရှိကာ မိခင်ဖြစ်သူမှာ ကင်ဆာရောဂါခံစားနေရပြီး ဖခင်တစ်ယောက် လုပ်စာသာရှိခဲ့၍ စားဝတ်နေရေးမှာ အဆင်မပြေခဲ့ပေ။

ထို့ကြောင့် အိမ်မှာအကြီးဆုံးဖြစ်တဲ့ မိန်းကလေးမှာ မိခင်ဖြစ်သူကို ကျွေးမွေးပြုစုပြီး အိမ်မှာကိစ္စ အစစအရာရာကိုလည်း သူမပဲလုပ်ကိုင်ရကာ မောင်လေးဖြစ်သူကိုလည်း ဂရုတစိုက်နှင့် စာသင်ပြပေးရသေးသည်။

ဖခင်ဖြစ်သူရဲ့ လုပ်အားခမှာ မိခင်အတွက် ဆေးဖိုးဝါးခ စားစရိတ်ထဲ သုံးကုန်သွား၍ မိန်းကလေးသည် ကျောင်းတက်ဖို့ရာ ဒေသရှိ စားသောက်ဆိုင်တွေမှာ အချိန်ပိုင်းအလုပ်ကို ဝင်လုပ်ပြီး ရလာသည့် ပိုက်ဆံလေးနှင့် ကျောင်းတက်ခဲ့သည်။

မိန်းကလေးသည် ကျောင်းစာတစ်ဖက် အိမ်ကိစ္စကလည်း ရှိသေးတာကြောင့် တစ်နေ့ကို ၂နာရီသာ အိပ်စက်ခဲ့ရ၍ ထွက်ပြေးချင်လောက်အောင် ပင်ပန်းခက်ခဲခဲ့သည့်ကြားက ဘွဲ့ရအောင် ကြိုးစားယူခဲ့ခြင်းဖြင့် အများဧ။် ချီးမွမ်းခြင်းများစွာကို ခံနေရသည်။

Crd-Original Post

(ZAWGYI)

အခ်ိန္ပိုင္းအလုပ္လုပ္ရင္း တစ္ေန႔ကို ၂နာရီသာ အိပ္စက္ခဲ့ၿပီး ဘြဲ႕ရသည္ထိ ႀကိဳးစားခဲ့ေသာ အတုယူဖြယ္ မိန္းကေလး

ဗီယက္နမ္ႏိုင္ငံမွ အသက္ ၂၀ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ေမာင္ႏွမႏွစ္ေယာက္ရွိကာ မိခင္ျဖစ္သူမွာ ကင္ဆာေရာဂါခံစားေနရၿပီး ဖခင္တစ္ေယာက္ လုပ္စာသာရွိခဲ့၍ စားဝတ္ေနေရးမွာ အဆင္မေျပခဲ့ေပ။

ထို႔ေၾကာင့္ အိမ္မွာအႀကီးဆုံးျဖစ္တဲ့ မိန္းကေလးမွာ မိခင္ျဖစ္သူကို ေကြၽးေမြးျပဳစုၿပီး အိမ္မွာကိစၥ အစစအရာရာကိုလည္း သူမပဲလုပ္ကိုင္ရကာ ေမာင္ေလးျဖစ္သူကိုလည္း ဂ႐ုတစိုက္ႏွင့္ စာသင္ျပေပးရေသးသည္။

ဖခင္ျဖစ္သူရဲ႕ လုပ္အားခမွာ မိခင္အတြက္ ေဆးဖိုးဝါးခ စားစရိတ္ထဲ သုံးကုန္သြား၍ မိန္းကေလးသည္ ေက်ာင္းတက္ဖို႔ရာ ေဒသရွိ စားေသာက္ဆိုင္ေတြမွာ အခ်ိန္ပိုင္းအလုပ္ကို ဝင္လုပ္ၿပီး ရလာသည့္ ပိုက္ဆံေလးႏွင့္ ေက်ာင္းတက္ခဲ့သည္။

မိန္းကေလးသည္ ေက်ာင္းစာတစ္ဖက္ အိမ္ကိစၥကလည္း ရွိေသးတာေၾကာင့္ တစ္ေန႔ကို ၂နာရီသာ အိပ္စက္ခဲ့ရ၍ ထြက္ေျပးခ်င္ေလာက္ေအာင္ ပင္ပန္းခက္ခဲခဲ့သည့္ၾကားက ဘြဲ႕ရေအာင္ ႀကိဳးစားယူခဲ့ျခင္းျဖင့္ အမ်ားဧ။္ ခ်ီးမြမ္းျခင္းမ်ားစြာကို ခံေနရသည္။

Crd-Original Post