မြစ်ကြီးနားက အန်တီကြီးပြောတာ မှန်ကြရဲ့လား အိမ်သူရှင်မအပေါင်းတို့

မြစ်ကြီးနားက အန်တီကြီးပြောတာ မှန်ကြရဲ့လား အိမ်သူရှင်မအပေါင်းတို့

ဈေးမတက်တာဆိုလို့ ရှူးရှဲလက်ဘက်ထုတ်ပဲရှိတယ်ဆိုပြီးကြောက်စရာကောင်းလှအောင်တက်နေတဲ့ ကုန်ဈေးနှုန်းတွေအကြောင်းပြောပြလာမြစ်ကြီးနားမြို့မှ ပြည်သူတစ်ဦး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် စားသုံးကုန် ကုန်ခြောက်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနေကြောင်းသိရသည်။စက်တင်ဘာလဒုတိယအပတ်မှစပြီးမြစ်ကြီးနားမြို့ပေါ်တွင်

အခြေခံစားသုံးကုန်ကုန်ခြောက်ဈေးနှုန်းများတစ်နေ့ထက်တစ်နေ့ပိုမိုဈေးနှုန်းမြင့်တက်လာနေကြောင်း အသေးစားစားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင် နေသည့်အမျိုးသမီးတစ်ဦးကယခုကဲ့သို့ဆိုသည်။”

ကုန်ဈေးနှုန်းတွေကတော့ တစ်ရက်ပြီးတစ်ရက်တက်တက်နေတာပဲရှိလာတယ်။ဒီနေ့သုံးထောင်တန်တဲ့ကုန်ပစ္စည်းတစ်ခုကမနက်ဖြန်ဆိုရင်လေးထောင်လောက်တက်နေပြီ နောက်တစ်နေ့ဆိုရင်ငါးထောင်လောက်ဖြစ်နေပြီညတွင်းချင်းကိုဈေးတက်နေတာ။

အရင်က ဆာဖြယ်ဖတ်တစ်ပိဿာကိုနှစ်ထောင့်ရှစ်ရာသုံးထောင်လောက်ပဲဒီနေ့မနက်သွားဝယ်တော့ ၆၅၀၀တဲ့ညနေဆိုရင်၇၀၀၀ ဖြစ်တော့မှာ၊ခေါက်ဆွဲဖတ်ဆိုရင်လည်း ခြောက်ထောက်လောက်ထိတက်နေပြီ။

အဓိကကုန်ခြောက်တွေအရမ်းဈေးတက်နေတာ” ဟု ယင်းအမျိုးသမီးကပြောသည်။

အကုန်ခြောက်နည်းနှုန်းနှင့် အလားတူကုန်စိမ်းဈေးနှုန်းများပါအနည်းငယ်မြင့်တက်လာနေကြောင်းယင်းအမျိုးသမီးကဆက်လက်ပြောသည်။”ကုန်စိမ်းတွေလည်း မတက်ဘူးလားဆိုတော့ တက်တယ်။

ဒါပေမယ့် အရမ်းကြီးမတက်ဘူး ငါးရာ တစ်ထောက်လောက်တော့တက်တယ်။ကန်ဇွန်းရွက် အရင်ကငါးဆယ်တစ်ရာပေးဝယ်ရတဲ့ဟာကအခုနှစ်ရာနှစ်ရာ့ငါးဆယ်လောက်တော့တက်တယ်။ ကြက်သွန်နီကြက်သွန်ဖြူတို့ကတော့ငါးရာလောက်ပဲတက်တယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့ပေါ်တွင် လတ်တလော ကုန်စိမ်းကုန်ခြောက် ပြတ်လပ်မှုမရှိသေးသော်လည်း လမ်းလမ်း ဆက်သွယ်ရေးအခြေအနေများကြောင့်ဈေးတင်ရောင်းနေကြခြင်းဖြစ်သည်ဟု

မြစ်ကြီးနားမြို့ယုဇနဈေးတွင်ရောင်းချနေသည့် ဈေးသည်တစ်ဦးကဆိုသည်။“ကုန်တွေကတော့လောလောဆယ်ပြတ်လပ်တာတော့မရှိဘူး၊ကုန်တွေပြတ်လပ်နေလို့ ဈေးတင်ရောင်းတာလည်းမဟုတ်ဘူးပေါ့၊

အခုလောလောဆယ်ကနိုင်ငံရေးလည်းမကောင်းလမ်းပန်းဆက်သွယ်ရေးကလည်း ချောချောမွေ့မွေ့မရှိတော့ဒိုင်တွေဆီကနေယူရတဲ့ဈေးမြင့်သွားတာပေါ့၊အဲ့ဒါကြောင့် ကျွန်မတို့ကလည်းပြန်ပြီး တဆင့်ဈေးတင်နေရတာ။

ဈေးမတင်လည်းယူရတဲ့ဈေးနှင့်ကမကိုက်ပြန်ဘူးလေ” ဟုဒေါ်နီနီဝင်း(အမည်လွှဲ)ကပြောသည်။ယင်းအပြင်စားဆီအပါအဝင်၊အချိုမုန့်၊ဟင်းခတ်ပစ္စည်း၊လက်ဘက်ရည်ထုတ်၊ကော်ဖီထုတ်၊ခေါက်ဆွဲ ခြောက်ထုတ်များလည်းဈေးတက်လာသည့်အတွက်အိမ်ရှင်မအချို့ကညီးတွားနေကြသည်။

”ဈေးကတော့ အကုန်လုံးနီးပါးကိုတက်နေတာဈေးမတက်တာဆိုလို့ ရှူးရှဲလက်ဘက်ထုတ်ပဲရှိတယ်၊တစ်နေ့တစ်နေ့ဝယ်ရခြမ်းရတာဈေးဝယ်ဖို့ကြောက်ကြောက်လာတယ်ရှင့်”ဟုဆိုသည်။

မြစ်ကြီးနားမြို့တွင်ရောင်းချပေးနေသည့် စားသောက်ကုန် ကုန်ခြောက်များကို အဓိကအားဖြင့် ကချင်ပြည်နယ် ပြင်ပ မန္တလေး၊ မုံရွာဘက်တို့မှ အဓိကတင်သွင်းနေရကြောင်း သိရသည်။

Crd-Original Post